March 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ်မှာ နှစ်ဘက် ပြန်လည် သင့်မြတ်ရေး UNDP လုပ်ဆောင်မည်



ရခိုင် ပြည်နယ်မှာ ရခိုင် တိုင်းရင်း သားတွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေ အကြား နှစ်ဘက် ပြန်လည် သင့်မြတ်ရေးတွေ အတွက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ UNDP က ဦးဆောင်ပြီး အကောင် အထည်ဖော် ဆောင်ရွက် သွားတော့ မယ်လို့ သိရပါတယ်။

ဒီကနေ့ စစ်တွေ မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ရန်ကုန် အခြေစိုက် ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီ အစဉ် UNDP ရဲ့ Programme Manager ဦးသင်းခိုင်က သတင်း ထောက်တွေကို အခုလို ပြောခဲ့တာပါ။

"ချစ်ကြည် ရင်းနှီးမှု လုပ်ငန်း တွေကို မောင်တော မြို့နယ်မှာ ကျေးရွာ အုပ်စု တစ်စု ရွာပေါင်း ၅ဝဝ ခန့် ပါဝင်တဲ့ အဖွဲ့နဲ့ ဇူလိုင်လ ကနေ စတင် တော့မှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ် ဇွန်လ မတိုင်မီက ဒီနှစ်ဘက်ရဲ့ ဆက်ဆံရေး အနေ အထား မျိုးရောက်အောင် ပြန်လုပ် ချင်တာ ကျနော် တို့ရဲ့ မျှော်မှန်း ချက်ပါ"

ဒါ့အပြင် ပထမ ဦးဆုံး အနေနဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်း စဉ်တွေကို ရခိုင် ပြည်နယ် မောင်တော ခရိုင် အပါ အဝင် အရှေ့ပိုင်း မြို့နယ် တွေက နေရာ ၃ ခုမှာ ပြုလုပ် သွားမှာ ဖြစ်ပြီး အဲဒီ မြို့နယ် တွေမှာ အောင်မြင် သွားခဲ့ရင် တခြား မြို့နယ် တွေမှာလည်း လူမှု အဖွဲ့ အစည်း တွေနဲ့ ပူးပေါင်းပြီး တိုးချဲ့ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အနေ အထား အရ တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှု ကင်းမဲ့ နေသေးတဲ့ အတွက် ပထမ ဦးစွာ ယုံကြည်မှု အပိုင်းကို စတင် လုပ်ဆောင် သွားရမှာ ဖြစ်သလို နှစ်ဦး နှစ်ဘက် ချစ်ခင် ရင်းနှီး မှုတွေ ရရှိလာတဲ့ အနေ အထား အထိ အချိန် ယူကာ ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့လည်း ဦးသင်းခိုင်က ပြောပါတယ်။

UNDP အနေနဲ့ မောင်တော မြို့နယ် အတွင်း ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ် တွေအတွက် နှစ်ပေါင်း ၁ဝ ကျော်ကြာအောင် ဆောင်ရွက် ခဲ့ပေမဲ့ ပြီးခဲ့နှစ် ဇွန်လ ကဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ တွေကြောင့် မောင်တော မြို့နယ်က လုပ်ငန်း အောင်မြင် မှုတွေဟာ သုည အဆင့်ထိ ပြန်ရောက် ခဲ့ရပြီး အဲဒီ ဖွံ့ဖြိုးမှု ဆိုင်ရာ အစီအစဉ် တွေကိုလည်း ပြန်လည် လုပ်ဆောင် သွားဖို့ ရှိတယ်လို့ သိရ ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus