မွတ်စလင်နှင့် ဗုဒ္ဓဘာသာ များအကြား အပြန်အလှန် ဆွေးနွေးရန် မြန်မာ အစိုးရ သဘောတူ
RB News
8.7.2013
တဟီရန် ။ ။ တောင်အာရှ နိုင်ငံများရှိ ဂိုဏ်းဂနကွဲ များအကြား အကူအညီ ဖြစ်ပေါ် စေရန် အ တွက် မြန် မာ နိုင်ငံရှိ ဗုဒ္ဓဘာသာနှင့် မွတ်စလင် ဘာသာရေး ပညာရှင် များအကြား အပြန်အ လှန် ဆွေးနွေး ရန် အီ ရန် နိုင်ငံမှ အဆို ပြုချက်ကို မြန်မာ အစိုးရက ကြိုဆို လိုက်သည်။
လွန်ခဲ့သည့် သောကြာနေ့က မြန်မာ နိုင်ငံသို့ အလည် အပတ် ရောက်ရှိ ခဲ့သည့် အီရန် နိုင်ငံခြားရေး ၀န် ကြီး Mr Abbas Araqchi မှ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် တွေ့ဆုံစဉ် အဆိုပြု ခဲ့ ခြင်း ဖြစ် သည်။
အီရန် ၀န်ကြီးမှ ရိုဟင်ဂျာ မွတ်စလင် များနှင့် ဗုဒ္ဓဘာသာ ၀င်များ အကြား ဖြစ်ပွား နေသည့် ပြဿနာ များ အတွက် အလွန် စိုးရိမ်ကြောင်း၊ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသော မွတ်စလင် ဒုက္ခသည် များအတွက် တုန် လှုပ် ချောက်ချား မိကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် ယခု ပဋိပက္ခကို အမြန်ဆုံး ထိရောက်စွာ ကူညီ ဖြေ ရှင်း ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
အီရန် နိုင်ငံ၏ အကြီးတန်း သံတမန် များမှလည်း အီရန် နိုင်ငံ အနေဖြင့် ဖြစ်ပွား နေသည့် အကျပ် အတည်း များကို မြန်မာ အစိုးရနှင့် အတူ ကူညီ ဖြေရှင်း ပေးရန် အသင့် ရှိကြောင်း၊ အကြမ်းဖက် မှုများကြောင့် ဒုက္ခ သည် ဘ၀ ရောက်ခဲ့ ရသူ များအားလုံး အတွက် လူသားချင်း စာနာသည့် အထောက် အပံ့ များ ပေးအပ်ရန် အသင့် ရှိနေကြောင်း ပြောသည်။
ကိုးကား ။ ။ Tehran Times သတင်းစာ (ဇူလိုင် ၇ ရက်)