နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုင်ကယ်ကို ပွတ်မိ၍ ဆိုက်ကားသမား အဖမ်းခံရ

RB News
30.7.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ လမ်းမကြီး၊ မြို့မ ကျောင်းတိုက်နှင့် ဗလီကြီး အရှေ့တွင် ရခိုင်လူမျိုး တစ်ဦးစီး လာသော ဆိုင်ကယ်ကို ရိုဟင်ဂျာ ဆိုက်ကား သမား တစ်ဦးမှ အနည်းငယ် ပွတ်မိ သဖြင့် ဆိုက်ကား သမားအား ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။ 

ယမန်နေ့ နေ့လည် ၃ နာရီခွဲ အချိန်တွင် မောင်တော မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ လမ်းမကြီးရှိ မြို့ မ ကျောင်းတိုက်နှင့် ဗလီကြီး အရှေ့တွင် ဆိုက်ကား မောင်းနင်း လာသော ဦးအဒူရှကုရ်မှ တစ်ဖက်မှ လာသော ရခိုင် လူမျိုး တစ်ဦး စီးနင်း လာသော ဆိုင်ကယ်ကို ၎င်း၏ ဆိုက်ကားဖြင့် မတော်မဆ အ နည်း ငယ် ပွတ်မိ ခဲ့သည်။ ထိုအချိန်တွင် မြို့မ ကျောင်းတိုက် ဘုန်းကြီး ကျောင်းတွင် ဘုန်းကြီး များနှင့် ရဲများ အ စည်း အဝေး ကျင်းပလျက် ရှိကြောင်း သိရှိ ရပါသည်။ 

အခင်း ဖြစ်ပွား ချိန်တွင် ဘုန်းကြီး ကျောင်းမှ ဘုန်းကြီးများ ထွက်လာပြီး ဆိုက်ကား သမား ဦးအဒူရှ ကုရ် အား ဘုန်းကြီးကျောင်း ထဲသို့ ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးမှ RB News သို့ ပြော ပါသည်။ 

“ဆိုက်ကားက ဆိုင်ကယ်ကို ပွတ်မိတာ။ မတော်မဆ ဖြစ်တာပါ။ ဆိုင်ကယ်လည်း ဘာမှ ဖြစ်မသွား ပါဘူး။ ဒါပေမယ့် ဒါလေးကို ပြဿနာ ကြီးကြီး လုပ်ချင်တော့ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေက ဆိုက်ကား သမားကို ဘုန်းကြီးကျောင်း ထဲခေါ်သွားတယ်။ အဲဒီ ကျောင်းတိုက် ထဲမှာ ရဲတွေလည်း ရှိနေတယ်။ နောက် တစ်နာရီခွဲ လောက်ကြာတော့ ရဲတွေက ဆိုက်ကား သမားကို ရဲစခန်း ခေါ်သွားပြီး ချုပ်ထားတယ်” ဟု ဒေ သခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ဆိုက်ကား သမားမှ မတော်မဆ ဆိုင်ကယ်ကို ပွတ်မိပြီး အပျက် အစီး မရှိသော်လည်း ဆိုက်ကား သမားမှာ ရိုဟင်ဂျာ လူမျိုး ဖြစ်သောကြောင့် ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ဖြစ်သည်။ ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့၏ ထုံးထမ်း စဉ်လာ အရ ငွေညှစ်၍ ပြန်လည် လွှတ်ပေး လိမ့်မည်ဟု မျှော်လင့် ရကြောင်း ဒေသ ခံများ မှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus