အဖမ်းအဆီးတွေ ရှိနေသေးတဲ့ အပေါ် စိုးရိမ်ကြောင်း ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ပြော
30.7.2013
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ ဇူလိုင်လ (၂၃ ) ရက်နေ့က နိုင်ငံရေး အကျဉ်းသား (၇၃) ယောက် ပြန်လွတ် လာခဲ့တဲ့ အပေါ် ကြိုဆိုကြောင်း၊ ဒါပေမဲ့ တချိန်တည်း မှာလည်း တက်ကြွ လှုပ် ရှား သူတွေကို ဆက်လက် ဖမ်းဆီး နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ် မိကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား က ပြော ပါ တယ်။
ယုံကြည် ချက်ကြောင့် အကျဉ်းကျ ခဲ့ရသူ တွေကို လွှတ်ပေး နေတာဟာ မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲ မှုတွေရဲ့ အမြင်သာဆုံး ရလဒ် တွေထဲက ရလဒ် တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဖမ်းဆီး ထောင်ချ နေတာတွေ ဆက်ရှိ နေသေးတဲ့ အတွက် အထူးပဲ စိုးရိမ်မိ ပါတယ်။ မြေတွေ ယာတွေ အသိမ်း ခံခဲ့ရလို့ ဆန္ဒပြ သူတွေ၊ ရခိုင် ပြည်နယ်မှာ လူ့အခွင့် အရေး ချိုးဖောက် ခံရသူတွေ အတွက် ကာကွယ် ပေးခဲ့သူတွေ အပါ အ၀င် တက်ကြွ လှုပ်ရှား သူတွေကို ဖမ်းဆီးပြီး ရုံးတင် တရားစွဲ နေတာတွေ ရှိနေပါ သေးတယ်။ လာ မယ့်လ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း ဒီကိစ္စ တွေကို စုံစမ်းဖို့ ရည်ရွယ် ထားပါတယ်လို့ မစ္စတာ ကင်တားနား က ပြောဆိုကြောင်း ကုလ သမဂ္ဂ သတင်း ဌာနက ဖေါ်ပြ ပါတယ်။
အကျဉ်းသား စီစစ်ရေး ကော်မတီ သစ်အနေနဲ့ နိုင်ငံရေး အကျဉ်းသား သတ်မှတ်ချက် နှုန်းစံ တွေအပါ အ၀င် အရေး ကြီးတဲ့ လုပ်ငန်းတွေ ဆောင်ရွက် ရာမှာ ပွင့်လင်း မြင်သာမှု ပိုရှိလာ မယ် လို့ မျှော် လင့်ကြောင်း၊ အမှုသစ် တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ ဖမ်းဆီး တရားစွဲ ခဲ့တာ ဟုတ် မဟုတ် စီစစ်ဖို့လည်း ကော်မတီကို တာဝန် ပေးသင့်ကြောင်း၊ ကော်မတီ အနေနဲ့ အဖွဲ့ အစည်း ဆိုင်ရာ၊ တရား ဥပဒေ ဆိုင်ရာ လိုအပ်တဲ့ ပြုပြင် ပြောင်းလဲ မှုတွေ ပေါ်ပေါက် လာအောင် တိုက်တွန်း သင့်ကြောင်း လည်း ပြောပါတယ်။
ဒါ့ပြင် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့် ဥပဒေ၊ တရား မဝင် အသင်း အဖွဲ့ ဥပဒေ စ တဲ့ ပြု ပင်ပြောင်းလဲရေး ဆိုင်ရာ ဥပဒေတွေနဲ့ မြန်မာ နိုင်ငံ လွတ်လပ်တဲ့ တရား စီရင်မှု အခြေ အနေ တွေကို လည်း လေ့လာ သုံးသပ် မယ်လို့ အထူးပြု ပြောဆို ပါတယ်။