နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှာ မကဖ ကို ဖွဲ့စည်းထားရှိဖို့ စီစဉ်

22.7.2013

ရခိုင်ပြည်နယ် မောင်တော နယ်စပ်မှာ နိုင်ငံခြား သားများ မတရား ဝင်ရောက်မှု တားဆီး ကာကွယ်ရေး အဖွဲ့ (မကဖ) ကို ဖွဲ့စည်း ထားရှိဖို့ စီစဉ် နေတယ်လို့ RFA က စုံစမ်း သိရ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ဖျက်သိမ်း ခဲ့တဲ့ နယ်စပ် ဒေသ လူဝင်မှု ကွပ်ကဲရေး ဌာနချုပ် (နစက) နေ ရာမှာ အစားထိုး တာဝန် ပေးအပ်ဖို့ အဲဒီ မကဖ အဖွဲ့ကို အမြန် ဖွဲ့စည်းမှာ ဖြစ်ကြောင်း။ အရင်က နစကမှာ တပ်မတော်၊ ရဲ၊ လဝကနဲ့ အကောက်ခွန် စုပေါင်း ဖွဲ့စည်း ခဲ့တာ ဖြစ်ပေမယ့် မကဖ ကိုတော့ လဝက အဖွဲ့ တစ်ခုတည်း ကသာ တာဝန် ယူမှာ ဖြစ်ကြောင်း သိရ ပါတယ်။

မကဖ ကွပ်ကဲရေး မှူးရုံးကို လဝက ဝန်ထမ်း ၁၁ ယောက်နဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး မောင်တော မြို့ပေါ်က ပီအို အီးဂိတ်၊ သုံးမိုင် စစ်ဆေးရေးဂိတ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ ထိစပ်နေ တဲ့ မောင်တော မြောက် ပိုင်း ဒေသ က အောင်ဇူ၊ ကြိမ်ချောင်း၊ ငါးခူရ၊ ပျဉ်ဖြူနဲ့ တောင်ပြို လက်ဝဲ ဒေသတွေ အပြင် မောင်တော တောင် ပိုင်း ဒေသက ပင်လယ်နဲ့ ထိစပ် နေတဲ့ အလယ် သံကျော်နဲ့ အင်းဒင် နေရာတွေမှာ နေရာချ ထားဖို့ကို ဝန်ကြီး ဌာနက စီစဉ် နေတယ်လို့ လဝက အရာရှိ တစ်ဦးက အတည်ပြု ပြောကြား ပါတယ်။

နိုင်ငံခြား သားများ မတရား ဝင်ရောက်မှု တားဆီး ကာကွယ်ရေးအဖွဲ့ (မကဖ) အဖွဲ့တွေကို အရင် ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ ဖွဲ့စည်း ဖူးကြောင်း သိရပါတယ်။


Comment ရေးရန်

Rohingya Exodus