ခြံထဲကကြက်တွေ မဖြစ်စေနဲ့
ဌေးလွင်ဦး
RB News
11.8.2013
လူ-လူချင်းကြား တန်းတူ ညီမျှ အခွင့် အရေးပေး ရမှာကိုကြောက် ရွံ့ နေ တဲ့ ဗြောင်းငင်း မျက်ကန်း အမျိုး သားရေး ၀ါဒီ ရာဇ၀တ် ကောင်တွေ ဟာ- မြန် မာ နိုင်ငံ ထဲက လူနည်းစု လူမျိုးနွယ် အားလုံးကို ခြံထဲက ကြက်တွေ လို မဖြစ် ဖြစ်အောင် သွပ်သွင်း နေပါတယ်။ ကြိုက်တဲ့ အချိန် သတ်စားလို့ ရအောင် အ ကြံအစည် ပေါင်းများစွာနဲ့ ပေါ်လစီချ ဆောင်ရွက် ခဲ့တာ လွတ် လပ်ရေး ရ က တည်းပါ။
ကချင်၊ ကရင်၊ မွန်၊ ရှမ်း စတဲ့ လူမျိုးနွယ် တွေမှာ အကယ်၍ နောက်ခံ တော် လှန်ရေး အင် အားစုသာ မရှိခဲ့ရင် ပြည်မ ထဲမှာ ရောနေတဲ့ အဲ့ဒီ လူမျိုးနွယ် တွေကို သူတို့ရဲ့ သက်ဆိုင်ရာ ဘာသာ စကား ကိုတောင် မပြော ရဘူး လို့ အမိန့် ထုတ်ပြန် လိုက်တာ ကြာခဲ့ လောက်ပါပြီ။ လူနည်း စု ဖြစ် ပြီး နောက်ခံ အား နည်း ခဲ့ လို့တော်လှန်ရေး အင်အားစုတွေ မအောင်မြင် နိုင်ပေမယ့်-၊ သူတို့ ရဲ့ ကျေး ဇူးကြောင့် ဒီနေ့ ပြည်မထဲမှာ ရှိနေတဲ့ လူမျိုးနွယ် တွေမှာ သက်ဆိုင်ရာ ဘာသာ စကားကိုလွတ် လပ် စွာ ပြောဆို ခွင့်ရနေ သေးတာပါ။ ဒါတောင် သက်ဆိုင်ရာ ဘာသာ စာပေသင် ပေးမယ့် စာ သင် ကျောင်းတွေ ကို အမိန့်နဲ့ ပိတ်ထား ခဲ့တာ ကြာပါပြီ။ သူတို့ရဲ့ စာပေ တွေလည်း ပြည်ထဲ မှာ ပျောက် ဆုံး လုနီးဖြစ်နေ ပါပြီ။ ဗမာစာ ကိုချည်း အတင်း အဓမ္မ သွပ်သွင်း နေခဲ့လို့ ဗမာစာကို တတ်တဲ့ မွန်လူဦး ရေနဲ့ မွန်စာကို တတ်တဲ့ မွန်လူဦးရေကို ယှဉ်လိုက်ရင် ဗမာစာ ကိုသာ တတ်တဲ့ မွန်လူဦးရေက အဆပေါင်း မြောက်များစွာ ပိုနေပါတယ်။ အလားတူပဲ- လူမျိုးနွယ် ကိုယ်စီမှာ စာပေတွေ ရှိနေ ခဲ့ပေမယ့်- သူတို့ရဲ့ စာပေတွေ ပျောက် ဆုံး ကုန်ရပြီး ဗမာစာ ကိုသာ တတ်တဲ့ လူဦးရေက များနေပါတယ်။ (စာတတ်တဲ့ လူတွေထဲက နှိုင်းယှဉ် တာပါ။- ဘာစာကိုမှမတတ်တဲ့လူဦးရေကတော့ ပိုများ ပါတယ်။) တော်လှန်ရေး အင်အားစု ရှိနေတော့ ပြည် ထဲမှာ ရောနေတဲ့ လူနည်းစု လူမျိုးနွယ် တွေကို သက်ဆိုင်ရာ လူမျိုးတွေရဲ့ ဘာသာ စကားကို မပြောရဘူး လို့ လူသိရှင်ကြား အမိန့် မထုတ် ရဲခဲ့ဘူး-၊ ကမ္ဘာက တော်လှန်ရေး အင်အားစုကို အပြီးအပြတ် ထောက်ခံ လိုက်မှာ ကို ကြောက်လို့ပါ။
တော်လှန်ရေး အင်အားစု တွေဟာ လူများစုဖြစ်တဲ့ ဗမာတွေကို ရုပ်ပိုင်း ဆိုင်ရာ တော်လှန်ရေး မနိုင်နိုင် ပေ မယ့် သူတို့ဟာ သူတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းနဲ့ ဘာသာ စကား- စသည် တို့ကို ထိန်းသိမ်း ထားနိုင်ခဲ့ ပါတယ်။ ဗြောင်းငြင်း မျက်ကန်း အမျိုးသားရေး ၀ါဒီ အစိုးရ အဆက် ဆက်ဟာ တိုင်းပြည် တစ်ခုလုံးကို မောင်ပိုင် စီးပြီး- ရှမ်းပြည် ကိုလည်း သူတို့ ပိုင်တယ်၊ ကရင်ပြည် ကိုလည်း သူတို့ ပိုင်တယ်၊ မွန်ပြည် ကိုလည်း သူတို့ ပိုင်တယ်၊ ရခိုင်ပြည် ကိုလည်း သူတို့ ပိုင်တယ်- ဆိုတဲ့ စိတ်ဓါတ်ကို မျိုးရိုး စဉ်ဆက် ရိုက်သွင်း ခဲ့ပါတယ်။ သူတို့ရဲ့ အဲ့လို စိတ်ဓါတ်ကို ပြန်လည် သုံးသပ်ရင် ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ ချင်း စတဲ့ လူမျိုး တွေက သူတို့ (ဗမာ)တွေ ပိုင်တဲ့ မြေ ထဲမှာ ဂရံ မရှိ- ကျူးကျော် နေထိုင် သလိုလို၊ ပါ့စ်ပို့ မရှိဘဲ တရားမ၀င် ၀င်ရောက် အခြေချခဲ့ ရသလိုလို-တွေ ဖြစ်နေ ပါတယ်။ အလျှော့ဆုံး တွက်ကြည့်ရင် က ရင်၊ ကချင်၊ မွန်၊ ရှမ်း စတဲ့ လူမျိုးနွယ် တွေကို တိုင်းရင်းသား ဆိုတဲ့ စကားလုံးနဲ့ အမွေရ ကျေးကျွန်လို ဗမာတွေက သဘောထား နေခဲ့တယ်။ စာသင်ကျောင်း တွေမှာက အစ ဥပဒေမဲ့ တစ်ဘက် သတ် နှိမ် လွန်းလို့- မိမိတို့ရဲ့ အမျိုးသား ရိုးရာ နာမည်တွေ ကိုတောင် ကင်ပွန်း မတတ် နိုင်ခဲ့ဘဲ ဗမာ နာမည် တွေနဲ့ ကြီးပြင်း လာရတဲ့ လူနည်းစု ဇာတိ လူမျိုးနွယ်တွေ ရာနှုန်း အများကြီး ရှိနေခဲ့တယ်။
မွတ်ဆလင် တို့နဲ့ ပတ်သက် လာရင်လည်း- လူမျိုးကြီး ၀ါဒီတွေဟာ ဒီအတိုင်းပဲ သဘောထား ခဲ့ တယ်။ ပြည်မထဲမှာ ရှိနေတဲ့ မွတ်ဆလင် တွေကို ခြံထဲက ကြက်လို သဘောထား ခဲ့တယ်။ မွတ်ဆလင် လူဦးရေ များပြားပြီး ရခိုင်မြောက်ပိုင်း နယ်စပ်မှာ တည်နေတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေကို မွတ်ဆလင် တို့ရဲ့ နောက်တန်း အခိုင်အမာ ခံတပ်လို သတ်မှတ် ထားတယ်။ အကယ်၍ နောက်တန်း အခိုင်အမာ ခံတပ် ပြိုလဲ သွားရင် ရှေ့တန်းမှာ ကျွံနေပြီး ဖြစ်တဲ့ ပြည်မထဲမှာ No Muslim Policy ကို အပြီးသတ် အကောင် အထည် ဖေါ်လိုက်မှာ ဖြစ်တယ်။ ဒါဟာ ဗမာ ဗုဒ္ဓ၀ါဒီ တွေရဲ့ မဟာ ဗျူဟာ စီမံချက်ပါ။ ဒါကို အကောင် အ ထည် ဖေါ်ဘို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ နိုင်ငံသား ကဒ်တွေ မှာလည်း မွတ်ဆလင် စင်စစ်ကို ဗုဒ္ဓဘာ သာ ဖြစ်တယ်လို့ မှတ်တမ်းတွေ ပြုခဲ့တယ်။ ဆေးရုံ မှာ ကလေး မွေးလို့ မွေးစာရင်းမှာ မိဘ ကိုယ်တိုင် မသိဘဲ ဗုဒ္ဓဘာသာလို့ ရေးသား ခံရသူ တွေလည်း ရှိနေ ခဲ့တယ်။ မွန်လူမျိုး စင်စစ်- ဗမာလို့ မှတ်တမ်းတင် ခံရသူ ပေါင်းလည်း ထုနဲ့ထေးပါ။
ဗမာလူမျိုး ကြီးဝါဒကို မျိုးစဉ် မျိုးဆက် ရိုက်သွင်း ခံရလို့ ပြည်မနေ မွတ်ဆလင်များ ကိုယ်တိုင်က မိမိကိုယ် မိမိ ဗမာ စိတ်ပေါက်ကာ ရိုဟင်ဂျာများ အပေါ်ကိုပင် သူစိမ်း ထင်နေခဲ့သူ များလည်း များစွာ ပေါ်ပေါက် ခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်ပင် ရိုဟင်ဂျာ ဆိုတာ လူမျိုးခြားလို့ သတ်မှတ် ခဲ့သူ တစ်ဦး ဖြစ်ခဲ့ ပါတယ်။ တစ်ကယ်တော့ ဒါတွေဟာ လူယုတ်မာ အစိုးရ အဆက်ဆက်ရဲ့ သွေးခွဲ အုပ်ချုပ်တဲ့ နည်းစနစ် ကြောင့်ပါ။ လူယုတ်မာ အမျိုးသားရေး ၀ါဒီများ ဟာ လူမျိုးနွယ်ချင်း အကြား သွေးခွဲ ထားတယ်။ လူမျိုးနွယ် တစ်ခု အတွင်း မှာလည်း မွေးဘွား ကြီးပြင်းရာ ဇာတိ အရပ် ဒေသ မတူညီမှု အပေါ် သွေးခွဲ ထားတယ်။ ကိုး ကွယ် ရာ ဘာသာ မတူညီမှု အပေါ် သွေးခွဲ ထားတယ်။ ဒီစနစ် အောက်မှာ မွေးဘွား ကြီးပြင်းခဲ့ ရသူ တွေရဲ့ အ များစုဟာ အသွေးထဲ အသားထဲ မှာကို အစဉ် အလာ အရ သွေးကွဲ ပြီးသား မွေးဘွား ကြီးပြင်း လာခဲ့ ရတော့တယ်။
မြန်မာ မွတ်ဆလင် အွမ္မတ် အနေနဲ့ ဒါတွေကို သတိထား မိဘို့ လိုပါတယ်။ ရိုဟင်ဂျာက ရိုဟင်ဂျာကြောင့် ဗမာမွတ်ဆလင်က ဗမာမွတ်ဆလင် ကြောင့်ဆိုတဲ့ သွေးခွဲခံ စိတ်ဓါတ်တွေကိုအပြီးသတ် အမြစ် ဖြတ်ပစ်ဘို့ လိုပါ တယ်။ အွမ္မတ်ဟာ တစ်ခု တည်းပဲ ဖြစ်စေ ရမယ်၊ ဖြစ်စေ သင့်တယ်၊ ဖြစ်ကို ဖြစ်ရ ပါမယ်။ ရိုဟင်ဂျာ သည် ဖြစ်စေ၊ ပသီသည် ဖြစ်စေ၊ ပသျှူးသည် ဖြစ်စေ၊ ကမန်သည် ဖြစ်စေ၊ အစ္စလာမ့် တံခွန် အောက်က မည်သည့် မျိုးနွယ် သည် ဖြစ်စေ လက်သည်းထိ လက်ထိပ် ဖြစ်နေ ရပါမယ်။ အမှန် အတိုင်း ဆင်ခြင် ကြည့်ရင် ဒီနေ့ ရိုဟင်ဂျာ လူမျိုး နွယ်ဟာ ကျွန်တော်တို့ မြန်မာ မွတ်ဆလင် အွမ္မတ် အတွက် နောက်တန်း ခံတပ် အဖြစ် ကြံ့ကြံ့ခံ ရပ်တည် နေတဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်။ သူတို့ကသာ အနာမခံဘဲ ပေးချင် ရာပေး ယူမယ်ကွာ ငါတို့ သက်သာရင် ပြီးရော ဆုံးဖြတ် လိုက်ရင် မနက်ဖြန်မှာ အစ္စလာမ် သာသနာဝင် မှန်ရင် မြန်မာ နိုင်ငံမှာ ဒုတိယ တန်းစား နိုင်ငံသား သို့မဟုတ် ကျူးကျော် ၀င်ရောက် လာသူ ဧည့် သည် များ ဖြစ်သွား ပါလိမ့်မယ်။ ဒီက တစ်ဆင့် အမျိုးသားရေး ၀ါဒီတွေရဲ့ စိတ်ကူးယဉ်မှု No Muslim Policy ကို မရ ရအောင် အကောင် အထည် ဖေါ်ပါ တော့မယ်။ ကျွန်တော် တို့က ဗမာ လူမျိုး ဆိုတဲ့ ဗမာ ချစ် စိတ် နဲ့ ပေးဆပ် ခဲ့သမျှ နောက်ဆုံးမှာ ကျူးကျော်သူ ကုလားဆိုး အဖြစ်သာ သတ်မှတ် ခံလိုက် ရတယ် ဆို တာ ကို အမြဲ သတိရ နေဘို့ လိုပါမယ်။ ဗမာလို့ ခံယူမယ့် အစား-၊ သက်ဆိုင်ရာ လူမျိုး နွယ် ကရင် မွတ် ဆလင် ဖြစ်စေ၊ ကချင် မွတ်ဆလင် ဖြစ်စေ၊ ပသီ မွတ်ဆလင် ဖြစ်စေ၊ ရိုဟင်ဂျာ မွတ်ဆလင် ဖြစ်စေ၊ ပသျှူး မွတ်ဆလင် ဖြစ်စေ ခံယူသင့်ပြီ လို့လည်း ကျွန်တော် ဆင်ခြင်မိ ပါတယ်။ ကိုယ်ပိုင်တဲ့ မြေမှာ ကိုယ့် နာမည်ကိုယ် ခံယူတာ ဘယ်သူ့ မျက်နှာကိုမှ ထောက်ထား နေဘို့လည်း မလိုပါ။ အခြား လူတွေလည်း သူတို့ လိုချင်တဲ့ အမည် နာမကို သူတို့ဟာ သူတို့ လွတ်လွတ် လပ်လပ် ခံယူတာကို ကျွန်တော်တို့ ကန့်ကွက် ခဲ့ခြင်း မရှိပါ။ မရိုးသားတဲ့ လူသား တွေကြား နေထိုင် ရစဉ် ကိုယ်တွေမှာ ကိုယ်ပိုင် မူမရှိ၊ ကိုယ်ပိုင် ဟန်မရှိ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက် မရှိ အုတ်ရောရော ကျောက်ရောရော အလိုက်သင့် နေလိုက်ရင် ခဏတာ ဘို့ပဲ ချောမွေ့ နိုင်ပြီး အနာဂတ် မျိုးဆက် အတွက် တာဝန် မကျေရာ ရောက်ပါ လိမ့်မယ်။ ကိုယ့် ဆုံးဖြတ် ချက်နဲ့ကိုယ် ဆုံးဖြတ်ရဲရင် ခဏ တာ အဘို့ပဲ အခက် အခဲ ရှိမှာ ဖြစ်ပြီး- အနာဂါတ် မျိုးဆက် အ တွက် သေချာတဲ့ အဖြေ တစ်ရပ် ရှိလာမှာ ဖြစ်ပါ တယ်။- ကျွန်တော့ အနေနဲ့- ခြံထဲက ကြက်မ ဖြစ်စေနဲ့ လို့ ပဲ အကြံပေး လိုပါတယ်။
ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့