နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောတွင် ဒေါက်တာရမ်းကု များကို အာဏာပိုင်များက လစဉ်ကြေးကောက်၍ ဆေးခန်း ဖွင့်ခွင့်ပြုထား

RB News
17.8.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ယခင် နစက နယ်မြေ (၆) တွင် နစက များက လ စဉ်ကြေး ယူ၍ ဒေါက်တာ ရမ်းကု နှစ်ဦးကို ဆေးခန်း ဖွင့်ခွင့် ပေးခဲ့ရာ၊ ယခုလည်း လုံထိန်း များက ဆက်လက် ခွင့်ပြု ထားကြောင်း သတင်း ရရှိပါသည်။ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ခွင့်ပြု မထားသော် လည်း လုံခြုံရေး တပ်ဖွဲ့ဝင် များက ခွင့်ပြု ထားခြင်းသာ ဖြစ်ကြောင်း ဒေသခံ များ၏ ပြောကြားချက် များအရ သိရှိ ရပါသည်။ 

မောင်တော မြို့နယ်၊ ကျောက်လှေကား ကျေးရွာ အုပ်စု၊ သဲချောင်း ပြုစုရွာ (ဒါရ်ဂါ ဖာရာ) တွင် ရခိုင် လူမျိုး တစ်ဦး ဖြစ်သူ ကျော်ဇင်ထွန်းအား လုံခြုံရေး တာဝန်ယူ ထားသူ များမှ ဆေးခန်း ဖွင့်ခွင့် ပေးခဲ့သည်။ လုံ ခြုံရေး တာဝန်ခံ များက ၎င်းအား ဆေးဗိုလ်ကြီးဟု ခေါ်ပြီး၊ ဒေသခံ များအား စစ်ဆရာဝန်ဟု မိတ် ဆက် ပေးခဲ့သည်။ ထိုသို့ စစ်ဆရာဝန်ဟု မိတ်ဆက် ပေးခဲ့သောကြောင့် ဒေသခံ များက ယုံကြည် ၍ ဆေး ကုသမှု ခံယူ နေကြသည်။ 

“လူနာတွေက ဆေးကုတာမှာ မသက်သာဘဲ ပိုဆိုးလာတယ်။ အထူးသဖြင့် Hepatitis C ကူးစက် လာ တာတွေ များလာတယ်။ အဲဒီလို ရောဂါတွေ ကူးစက်လာတော့ ငွေကုန် ကြေးကျ များလာ တယ်။ နောက် ဆုံးတော့ အသက်ပါ ဆုံးရှုံး ရတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

၂၀၁၃ မေလ (၁၇) ရက်နေ့တွင် လှဖိုးခေါင် ကျေးရွာ (ဆော်ဖော်ရ် ဒိဘိလ်) မှ ဦးနဇီရ်သည် ဗိုက်နာ ၍ ကျော်ဇင်ထွန်း ဆေးခန်းသို့ ဆေးကုသရန် သွားခဲ့သည်။ ဗိုက်နာ နေသော လူနာ ဦးနဇီရ်အား Diclofenac 75 mg ဆေးထိုးပေး လိုက်ပြီး နာရီဝက် အကြာတွင် လူနာ သေဆုံး သွားခဲ့သည်။ ထို့အပြင် မှု ခင်း ဆိုင်ရာ လူနာ များကိုလည်း ဆေးကုသသည် ဟုသိရသည်။ ဒဏ်ရာများသူ များမှာ ၎င်း ၏ ဆေး ကု သမှု ခံယူပြီးနောက် သေဆုံးသည်က များသည်ဟု ဒေသခံများက ဆိုသည်။

ကျော်ဇင်ထွန်းသည် ၎င်း၏ ဆေးခန်းကို သဲချောင်း ပြုစု ကျေးရွာရှိ ဦးအဒူ ရာဇတ် (ခ) ဦးကျော်ဝင်း ၏ နေ အိမ်တွင် နစက၏ အာဏာကို သုံး၍ ဖွင့်လှစ် ထားခြင်း ဖြစ်သည်။ လှဖိုးခေါင် ကျေးရွာ မောင်တော ကြိမ်ချောင်း လမ်းမကြီး၊ အ.မ.က ကျောင်းအနီးရှိ ဆိုင်ခန်း တွင်လည်း ဒိုင်းနက် လူမျိုး ဘသောင်းကို ဖွင့် လှစ် ခွင့်ပြု ထားသည်။ 

မြန်မာနိုင် ငံဆေး တက္ကသိုလ် မှဆေး ပညာ ဘွဲ့ရ ထားလျှင်လည်း ဆမ လက်မှတ်မရှိ လျှင် ဆေး ခန်း ဖွင့် ၍ ဆေးကုသ ခွင့်မရှိပါ။ ကျန်းမာရေး ၀န်ကြီးဌာန၏ဆောင်ပုဒ်ဖြစ်သော“လူတိုင်းသက်တမ်းစေ့ နေနိုင်ရေး” သည် ရိုဟင်ဂျာ လူမျိုး များ၏ အခြေအနေနှင့် ဆန့်ကျင် နေပါသည်။ 

ဆေးပညာ မတတ်မြောက်သော ရမ်းကု များကို ယခုကဲ့သို့ ဆေးကုခွင့် ပေးပြီး၊ ဆေးခန်း ဖွင့်ခွင့် ပေး ထား ခြင်းမှာ ရိုဟင်ဂျာ လူမျိုး များအား အနူနည်းဖြင့် သတ်ဖြတ် နေခြင်းသာ ဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။


Comment ရေးရန်

Rohingya Exodus