နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့အား ဒုတိယ မိတ္တီလာ ဖြစ်လာစေရန် ကြံစည်လျက်ရှိနေ

အပုချေ (မာန်အောင်ကျွန်း)
RB News
17.8.2013

သံတွဲ ။ ။ ရခိုင် ပြည်နယ်၊ သံတွဲမြို့ရှိ မြို့ပြင် ရပ်ကွက် များတွင် မီးရှို့ ဖျက်ဆီးမှုများ ရှိခဲ့သော် လည်း ပြဿနာ ကြီးကြီးမားမား မဖြစ်သေးသည့် မြို့မှာ သံတွဲမြို့ တစ်မြို့တည်းသာ ဖြစ်ပါသည်။ သံတွဲမြို့ တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လွန်ခဲ့သော ရက်ပိုင်းက မြို့တောင် ကျေးရွာတွင် လူနေ အိမ် များ၊ ငါးဖမ်း လှေများ၊ ငါးဖမ်းပိုက် များကို အကြမ်းဖက် သမား များက မီးရှို့ဖျက်ဆီး ခဲ့သည်။ 

ထိုကဲ့သို့ မီးရှို့ဖျက်ဆီး ခဲ့သည်ကို အာဏာပိုင် များက ဟန့်တားခြင်း၊ အရေးယူခြင်း မပြုလုပ် ခဲ့ပေ။ သံတွဲ မြို့ရှိ အစ္စလာမ် ဘာသာဝင် များမှာ အဖြစ်ဆိုးများ ကြုံတွေ့ရမည်ကို သိမြင်နေ ပါလျက် အားကိုး ရာမဲ့ ဖြစ်နေသည်။ သြဂုတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ များတွင် သံတွဲမြို့ သိမ်ကုန်း ဘုန်းတော် ကြီး ကျောင်း၌ ဗုဒ္ဓဘာသာ ၉၆၉ အဖွဲ့ဝင် များနှင့် RNDP ပါတီဝင်များ အစည်းအဝေး ပြုလုပ် ခဲ့သည်။ 

အစည်းအဝေး ဆုံးဖြတ်ချက်အရ သြဂုတ်လ (၂၆) ရက်နေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာ သာ ပြ ဌာန်းခြင်း ၅၂ နှစ်မြောက်နေ့ အထိမ်းအမှတ် အဖြစ် သံဃာတော်များ ဆွမ်းခံ ထွက်ရန် ဖြစ် သည်။ အ စည်း အဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ သံတွဲမြို့ အမျိုးဘာသာ သာသနာ ကာ ကွယ် စောင့်ရှောက်ရေး အဖွဲ့ အမည်ခံ ၉၆၉ ခေါင်းဆောင် ရဲအောင်လံ ကျော်ကျော်နှင့် RNDP ပါတီတို့မှ သြဂုတ်လ ၂၆ ရက်နေ့ ၁၃း၀၀ နာရီ အချိန်တွင် သံတွဲမြို့ လေးမျက်နှာကုန်း ဓမ္မာရုံ၌ လူစုလူဝေး အဆင်သင့် ရှိနေစေ ရန် ဖြစ်သည်။ ထိုနေ့တွင် ရပ်နီး ရပ်ဝေးမှ လာရောက် ကြမည့် လူအင်အားစု များအတွက် သယ်ယူ ပို့ဆောင်ရေး အဆင်ပြေ စေရန် မော်တော်ယာဉ်များ စီစဉ် ထားရှိပြီး ဖြစ်သည်။ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ အမည်ခံ ဦးသိန်းဇံ (ဒု-ဥက္ကဌ)၊ ဦးသန်းအောင် (ဒု-ဥက္ကဌ) နှင့် ရဲအောင်လံ ကျော်ကျော် (အထွေထွေ အတွင်းရေးမှူး) တို့မှ လျှို့ဝှက်စွာ စီစဉ် ခဲ့ခြင်း ဖြစ်သည်။ 

သံတွဲမြို့၌ ဗုဒ္ဓဘာသာ အိမ်နှင့် မွတ်စလင် အိမ်များ ကွဲပြားစေရန် သြဂုတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ သာသာနာ့ အလံ အလျား ၂ ပေ၊ အနံ ၁ ပေခွဲ စိုက်ထူထားရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ သြ ဂုတ်လ ၂၀ ရက်နေ့မှ စ၍ သာသနာ့ အလံများကို သံတွဲမြို့ အမှတ် (၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဦးညီညီနိုင် (ထူးကဲ လဖက်ရည်ဆိုင်) တွင် ရောင်းချ ပေးမည် ဖြစ်သည်။

သြဂုတ်လ (၂၆) ရက်နေ့သည် တောင်ကုတ်မြို့ ပေါ်တွင် ရက်ရက် စက်စက် သတ်ဖြတ် ခံရသော မွတ်စလင် ၁၀ ဦး တို့အား သတ်သည့် တရားခံ ၆ ဦးအား နောက်ဆုံး ရုံးထုတ်မည့် နေ့ဖြစ်ကြောင်း သတင်း ရရှိပါသည်။ ထိုနေ့အား တမင် ရည်ရွယ်ပြီး ရွေးချယ်ခြင်းသည် သံတွဲမြို့အား ဒုတိယ မိတ္တီလာ ဖြစ် လာ စေရန် ကြံစည် နေခြင်း ဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။ 

သြဂုတ်လ (၂၆) ရက်နေ့ ၁၃း၀၀ နာရီ အချိန်တွင် သံတွဲမြို့ လေးမျက်နှာကုန်း ဓမ္မာရုံ၌ အခမ်း အနား တစ်ရပ် ပြုလုပ်မည် ဖြစ်ပြီး၊ ၁၄း၀၀ အချိန်တွင် သံတွဲ တစ်မြို့လုံးမှ ပင့်ဖိတ် ထားသော သံဃာ အပါး ၃၀၀ ကျော်အား ဆွမ်းခံ ကြွစေမည် ဖြစ်သည်။ သံဃာတော်များ ဆွမ်းခံ ကြွနေစဉ် ပြဿနာ ဖြစ်အောင် ဖန်တီးပြီး မိတ္တီလာ ကဲ့သို့ ဖန်တီးမည် ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက် ရှိပါသည်။ ထို့အပြင် ပြဿနာ မလိုလားသော ငွေကြေး တတ်နိုင်သည့် ဗုဒ္ဓဘာသာဝင် အချို့ ရန်ကုန်မြို့သို့ ကြိုတင် တိမ်းရှောင် သွားပြီး ဖြစ်ကြောင်း သိရှိ ရပါသည်။




Comment ရေးရန်

Rohingya Exodus