နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာကို အမည်မသိ ဟက်ကာများမှ သိမ်းပိုက်လိုက်


RB News
2.8.2013

မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာ ဖြစ်သည့် (www.president-office.gov.mm) ကို OpMyanmar အမည်ဖြင့် လှုပ်ရှားနေသော အမည်မသိ ဟက်ကာများမှ သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း Softpedia သတင်းတွင် ယနေ့ ရေးသား ဖော်ပြထား ပါသည်။ 

အဆိုပါ ဟက်ကာ များမှ ကြာသပတေးနေ့ ကမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ၏ အင်တာနက် စာမျက်နှာကို ပစ်မှတ် ထား နေကြောင်း ကြေညာ ခဲ့သည်။ ထိုအင်တာနက် စာမျက်နှာကို DDOS ဖြင့် လွန်ခဲ့သည့် ၁၄ နာရီမှ စ၍ တိုက်ခိုက် ခဲ့ကြောင်း အဆိုပါ သတင်းတွင် ရေးသား ထားပါသည်။ 

ဟက်တာ တစ်ဦး၏ Twitter အကောင့်တွင် “Our demand is clear, namely removing sites archive Indonesia, if wants peace. #OpMyanmar” ဟုရေးသား ထားသည်။ 

အကယ်၍ ၎င်းတို့ ၏တောင်းဆို ချက်များကိုဖြည့်ဆည်း မပေးလျှင်မြန်မာ သမ္မတ၏ အင်တာနက် စာ မျက်နှာကို ဆက်လက် တိုက်ခိုက် နေဦးမည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ၏ အင်တာနက် စာမျက်နှာမှာ ရပ်တန့်နေပြီး၊ ဟက်ကာ များမှလည်း DDOS ဖြင့် ဆက်လက် တိုက်ခိုက် နေကြောင်း ရေးသား ထားသည်။ 

ယခုအကြိမ်မှာ ပထမ အကြိမ် မဟုတ်ဘဲ၊ လွန်ခဲ့သည့် မေလ တွင်လည်း နိုင်ငံတော် သမ္မတ၏ အင် တာ နက် စာမျက်နှာ အပြင် အခြားသော အစိုးရ ၀န်ကြီးဌာန များ၏ အင်တာနက် စာမျက်နှာ များကို ပစ် မှတ် ထားပြီး တိုက်ခိုက်ခဲ့ သေးသည်။ ဆက်သွယ်ရေးနှင့် နည်းပညာ ၀န်ကြီးဌာန၊ လေကြောင်း ဦးစီးဌာန များ၏ အင်တာနက် စာမျက်နှာ များကို မွတ်စလင် များကို အကြမ်းဖက် နေသည်ကို ဆန္ဒပြသည့် အနေဖြင့် တိုက်ခိုက် သိမ်းပိုက် ခဲ့သေးသည်။

Comment ရေးရန်

Rohingya Exodus