နောက်ဆုံးသတင်း/ဆောင်းပါးများ

ရက္ခ၊ ပျူ၊ ရိုဟင်ဂျာ

ဌေးလွင်ဦး
RB News
2.8.2013

ယခု လက်ရှိ မြန်မာ နိုင်ငံ ဧရိယာ အတွင်းမှာ သမိုင်း မတွင်ဘဲ ဖြစ်စေ၊ သမိုင်း ၀င်ပြီး ဖြစ်စေ ပျောက်ကွယ် သွားရတဲ့ လူမျိုး နွယ်များ ရှိခဲ့ ပါတယ်။ ဒီအထဲမှာ ဗမာတို့ ကြီးစိုး လာလို့ ပျူများ ပျောက်ဆုံး ရပြီး၊ မွန်တို့ ကြီးစိုး လာလို့ ရက္ခ လူ မျိုးများ ပျောက်ဆုံး သွားရ ပါတယ်။ အလားတူ သံကွဲ ဗမာ လူမျိုး တို့ ကြောင့် အရက္ခ ဒေသရှိ ရိုဟင်ဂျာ များလည်း တိမ်ကော လာခဲ့ ရပါတယ်။ 

ဒီလူမျိုးစု သုံးစု ဖြစ်တဲ့ ပျူ၊ ရက္ခနဲ့ ရိုဟင်ဂျာ လူမျိုး နွယ်တို့ဟာ အိန္ဒိယ အင်ပါ ယာနဲ့ ဆက်စပ်ခဲ့တဲ့ လူမျိုးများဖြစ်ပြီး အဲ့ဒီအထဲက မှရှေးအကျဆုံး တိမ်ကောခဲ့ ရတဲ့ လူမျိုးကရက္ခ လူမျိုးများ ဖြစ်ပါတယ်။ ရက္ခတို့ဟာမြန်မာ နိုင်ငံရဲ့ တောင်ဖက်ပိုင်း ဒေသမှာထီးနန်း စိုက် တိုင်းပြည် တည်ခဲ့ပြီး မွန်တို့ ၀င်လာတဲ့ အခါမှာ မွန်တို့နဲ့ ထိပ်တိုက် ရင်ဆိုင် ခဲ့ရသူများ ဖြစ်ပါတယ်။ မီဒီယာ မရှိ လူ့အခွင့် အရေး ခုခံသူ မရှိ၊ လူမျိုးတုံး သတ်ဖြတ်မှု အတွက် အရေးယူ မယ့် ခုံရုံးမရှိမှီ ခေတ် ကာလမှာ အရေး သာတဲ့ အုပ်စုက အရေး နိမ့်တဲ့ အုပ်စုကို အပြီးအပိုင် မြိုပစ် လိုက်နိုင် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ရက္ခ လူမျိုးများ နေထိုင် ခဲ့ရာ အရပ် ဒေသဟာ တောင်ပိုင်း ပင်လယ် ပြင်ထဲက ကျွန်းတွေဆီ ကို ထွက်ပြေး တိမ်းရှောင် နိုင်တဲ့ နေရာ ဖြစ်ခဲ့လို့- လုံးဝ အမြစ်ပြတ် မျိုးတုံး သွားခြင်း မဟုတ်ဘဲ-၊ မွန်တို့ ရဲ့ တောင်ဘက် ပိုင်းမှာ ဆီပန် အမျိုး ဆိုတဲ့ အမည်နဲ့ လူနည်း စုလေး အဖြစ် ယခုတိုင် ရှိနေဆဲ ဖြစ်ပါတယ်။ ရက္ခတို့ အားကောင်း ခဲ့စဉ်က ယခု သထုံ မြို့ကို ရက္ခပူရ ဆိုတဲ့ အမည်နဲ့ မြို့တည် နေထိုင် ခဲ့ပါတယ်။ ခန့်မှန်း အားဖြင့် ဘီစီ ၂၅၀ လောက်ကပါ။

ပျူ- ပျူလူမျိုး ဆိုတဲ့ အမည် နာမကို မြန်မာတိုင်း ကြားသိ ဘူးမှာပါ။ ဒါပေမယ့် ဒီနေ့ခေတ် ကာလမှာ ပျူလူ မျိုး လို့ ခံယူသူ တစ်ယောက် တစ်လေမှ မကြားဘူး တော့ပါ။ ပျူတို့ဟာ သေးငယ်တဲ့ လူမျိုးစု မဟုတ် ခဲ့ပါ။ ထီးနန်း စိုက်ထူ တိုင်းပြည် တည်ခဲ့ သူများ ဖြစ်ပါတယ်။ စာပေ အက္ခရာ ကမည်းထိုး ခဲ့သူများ ဖြစ်ပါတယ်။ သမိုင်း ဆရာ များက မြန်မာ နိုင်ငံ ထဲကို ကရင် လူမျိုးများ ၀င်ရောက် လာစဉ် ပျူလူမျိုး များနဲ့ ထိပ်ဆိုင် တိုးပြီး ပဋိပက္ခများ ဖြစ်ခဲ့ကြောင်း ပျူတို့ ထီးနန်းပျက် မှေးမှိန်ခဲ့ ရကြောင်း မှတ်တမ်း တင်ကြပါတယ်။ ဒါပေ မယ့် အမှန် တစ်ကယ်မှာ ဗမာများ ထီးနန်း စိုက်ထူတဲ့ အေဒီ ၁၁ ရာစုထိ ပျူလူမျိုးများ ရှိနေ ခဲ့ကြောင်း ထင် ရှား လှပါတယ်။ ကရင် တို့ကြောင့် ပျူလူ မျိုးများ မှေးမှိန် ခဲ့ရတယ် ဆိုပေမယ့် တစ်ကယ် တမ်းမှာ ဗမာ များကြောင့် ပျူတို့ ပျောက်ဆုံး သွားရခြင်းက သေချာ လှပါတယ်။ 

ပအို့ဝ် အမျိုးသားရေး လှုပ်ရှားသူ ဦးအောင်ချမ်းသာ ကတော့ သူတို့ ပအို့ဝ် လူမျိုး များဟာ ပျူလူမျိုး များ ဖြစ်တယ် လို့ ဆိုပြီး- ပျူကျောက်စာကို ဖတ်ပြရင် ပအို့ဝ် လူမျိုး များက အနည်းဆုံး ၈၀ ရာနှုန်းလောက် နား လည် တယ်လို့ ကျွန်တော်နဲ့ စကားဝိုင်း တစ်ခုမှာ ပြောဘူး ပါတယ်။ ဒီလို အဆိုတွေကို ကန့်ကွက် တဲ့ မြန်မာ စာတမ်း များလည်း ဖတ်မှတ် ဘူးပါတယ်။ ဒါပေမယ့် ပအို့ဝ်သည် ပျူလူမျိုး ဖြစ်စေ-၊ ပျူသည် ပအို့ဝ် လူမျိုး ဖြစ်စေ- ဒီနေ့မှာ ပျူလူမျိုး အဖြစ် ခံယူတဲ့ လူမျိုးနွယ် တစ်ခု အဖြစ် မြန်မာ နိုင်ငံမှာ မရှိတော့ပါ။ ရက္ခ လူမျိုး များနဲ့ နှိုင်းယှဉ် လိုက်ရင် ပျူလူ မျိုးတွေဟာ နှစ် ၁၂၅၀ လောက် နောက်ကျ သည် ထိ ရှိနေ ခဲ့ပေမယ့် သူတို့ရဲ့ နေထိုင် အခြေချ ခဲ့ရာ ဒေသဟာ မြန်မာ ပြည်ရဲ့ အလယ်ပိုင်း မှာ ဖြစ် လို့ ပြေး ရာလမ်း ပေါက်မရှိ အစပျောက် ခဲ့ရတယ်လို့ သတ်မှတ် ရမှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဦးပဇင်း တစ်ပါး ကတော့ မတ္တရာ ဘက်မှာ တူးဖေါ်ရင်း ပျူကျောင်း ဆောင်ကြီး တစ်ခုလုံးကို တွေ့ရှိရတယ်။ ဒါပေမယ့် အစိုးရက သမိုင်း ဖျောက်ဘို့ ကြိုးစားပြီး ဘယ်သူ့ ကိုမှ အဲ့ဒီ ပရ၀ုဏ်ထဲကို အ၀င် မခံဘူး-၊ အ ရပ် ဒေသ ကလည်း ခရီး ထောက်တယ်။ ဒါပေမယ့် သူနဲ့ ရင်းနှီး ပတ်သက်တဲ့ ဆရာတော် တစ်ချို့ က အဲ့ဒါ ကို ထိန်းသိမ်း စောင့်ကြည့် ထားတယ်လို့- ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ပြောဘူး ပါတယ်။ (မတော် တဆ ပျူသည် ကုလား လူမျိုး ဖြစ်နေရင်- လူတွေ သိရင် ခက်ရ ချည့်သေးလို့ စစ်အစိုးရ အနေနဲ့ တွေးမိဟန် ရှိမယ် ထင်ပါတယ်။)

ရိုဟင်ဂျာ- ရိုဟင်ဂျာ လူမျိုး ဆိုတာကို မြန်မာများ ၀ရုန်း သုန်းကားနဲ့ သိလာတာ မကြာသေးပါ။ ရိုဟင်ဂျာ လူမျိုး တို့ဟာ အခုခေတ် ရခိုင် ဒေသလို့ ခေါ်တွင်တဲ့ အရက္ခ ဒေသမှာ ဘီစီ ၃၀၀၀ ကျော်ကတည်းက ထီးနန်း စိုက်ထူ နေထိုင် ခဲ့သူများ ဖြစ်ပါတယ်။ အေဒီ ၉ ရာစု နှောင်းပိုင်းမှာ ရှေးဦး ဗမာ အုပ်စုဝင် များက အဲ့ဒီ ဒေသကို စတင်ထိုး ဖေါက်ဝင်ရောက် လာခဲ့ ပါတယ်။ အေဒီ ၁၁ ရာစုမှာ ဗမာများ အင်ပါယာ ထူထောင်တော့ အရက္ခ ဒေသရဲ့ တောင်ပိုင်းထိ နယ်မြေ ပိုင်ဆိုင် ခဲ့ပါတယ်။ ရှေးက ထိုးဖေါက် လာခဲ့ တဲ့ ရှေးဦး ဗမာများနဲ့ အင်ပါယာ ထူထောင်စဉ် ရောက်လာတဲ့ ဗမာများ ပေါင်းပြီး အရက္ခ ဒေသ ရဲ့ တောင် ပိုင်းမှာ ဗမများ ပိုမို များပြားသွား ခဲ့တယ်။ ရိုဟင်ဂျာများ ဟာ တစ်ဖြေးဖြေး မှေးမှိန် လာ ပြီး မြောက်ပိုင်း ဘက်ကို ရွှေ့ပြောင်း သွားခဲ့ ရတယ်။ 

အရက္ခ ဒေသကို ဗမာ များက ရခိုင်တိုင်းလို့ ခေါ်တွင်ပြီး အဲ့ဒီ အရပ် များမှာ မွေးဘွား ကြီးပြင်း လာတဲ့ ဗမာများကို ရခိုင်သား များလို့ ခေါ်တွင် လာခဲ့တယ်။ ဗမာများနဲ့ ရိုဟင်ဂျာများ သွေးနှောပြီး ကပြားဖြစ် သွားခဲ့ သူများလည်း များစွာ ရှိခဲ့တယ်။ အေဒီ ၁၁ ရာစု နောက်ပိုင်း ကစ အရက္ခ ဒေသရဲ့ အချုပ် အခြာ ထီးနန်းကို ရှေးဦးဗမာ (ရခိုင်သား) များနဲ့ ရိုဟင်ဂျာများ သို့မဟုတ် ကပြား များက ဘတစ်ပြန် ကျားတစ်ပြန် လုယူနေ ခဲ့ကြတယ်။ အထူး သဖြင့် အေဒီ ၁၅ ရာစုက စတဲ့ မြောက်ဦး ခေတ်စ ခေတ်လယ်မှာ လူ မျိုး နှစ်မျိုး သင့်မြတ် ခဲ့ပြီး - မြန်မာ ပြည်မက ဗမာ အင်ပါယာကို ခုခံ တားဆီး ထားနိုင် ခဲ့တယ်။ မြောက် ဦး ခေတ်နှောင်း ၁၈ ရာစု အကုန် ပိုင်းမှာ ရခိုင် သားများနဲ့ ရိုဟင်ဂျာ တို့အကြား ဘာသာရေး သွေးခွဲ ခံရပြီး အရက္ခ ဒေသရဲ့ အချုပ် အခြာဟာ ဗမာ အင်ပါယာ ထဲကို ရောက်သွား ပါတော့တယ်။ အဲ့ဒီ ကာလမှာ ဗမာ စစ်သည် များက အရက္ခ ဒေသ တစ်ခုလုံးမှာ ရှိတဲ့ လူမျိုး အားလုံးကို သုတ်သင် ခဲ့လို့- ဒေသ တစ်ခုလုံးက လူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ အင်္ဂလိပ်များ အုပ်ချုပ်ပြီး ဖြစ်တဲ့ စစ်တကောင်း ဒေသ (ယခင်က အရက္ခ ဒေသရဲ့ ပိုင်မြေ) ထဲကို ထွက်ပြေး ခိုလှုံ ခဲ့ရတယ်။ 

ဗမာများ ၀င်ရောက် သိမ်းပိုက်ပြီး ၄၅ နှစ် အကြာမှာ အင်္ဂလိပ် များက ၀င်ရောက် သိမ်းပိုက် အုပ်ချုပ် ခဲ့လို့ လူမျိုးတုံး သတ်ဖြတ် မှုကြီး ထဲက ရခိုင် သားရော ရိုဟင်ဂျာ များပါ ကျန်နေခဲ့ ရပါ တော့တယ်။

လွတ်လပ် ရေး မရမှီ ၁၉၄၂ ခုနှစ်မှာ ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီ ဘုန်းကြီး ဦးစိန္တာဟာ အစ္စလာမ် ဘာသာကို ကူးပြောင်း သွားပြီး ဖြစ်တဲ့ ရိုဟင်ဂျာ လူမျိုးစုကို မြန်မာဘက် အခြမ်းမှာ ပါလာမယ့် အရက္ခ ဒေ သရဲ့ အပိုင်းက အပြီးအပိုင် သုတ်သင် မောင်းထုတ် ပစ်ဘို့ ကြံစည် ခဲ့တယ်။ တောင်ဘက် ပိုင်း ဖြစ် တဲ့ မြောက်ဦး၊ မြေပုံ၊ မင်းပြားဘက်က ရိုဟင်ဂျာများက မြောက်ပိုင်း ဘက်ကို ထွက်ပြေး ရပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောမှာ ဒီနေ့ထိ သောင်တင် နေခဲ့တယ်။ ၀န်ကြီးချုပ် ဦးနု လက်ထက်မှာ ထွက်ပြေး လာသူ တွေကို သူတို့ ရပ်ရွာ တွေမှာ ပြန်လည် နေရာချ ပေးပါ မယ်လို့ ကတိတွေ အကြိမ်ကြိမ် ပေး ခဲ့ ပေ မယ့်-၊ အဲ့ဒီ လူတွေကို မူလ ဒေသမှာ ပြန်လည် နေရာချ မပေးတဲ့ အပြင်၊ ဦးနု ပြုတ် သွားပြီး ဦးနေ၀င်း အစိုးရ လက်ထက် ရိုဟင်ဂျာ မျိုးပြုတ် စစ်ဆင် ရေးကို စနစ် တကျ အကွက်ချ စီစဉ် ပါတော့ တယ်။

ခေတ်ကာလ အရ လူမျိုးတုံး သတ်ပစ်ဘို့ ခက်ခဲ နေတော့ အစ ပထမမှာ ရိုဟင်ဂျာ တို့ရဲ့ လူမျိုး အမည် နာမနဲ့ လူမျိုး သမိုင်းကို စတင် ဖျောက်ပစ် ပါတော့တယ်။ တစ်စ တစ်စ ထုတ်ပေး ပြီးသား နိုင်ငံသား တိုင်း ရင်းသား ကဒ်ပြား တွေကိုပါ သိမ်းယူ ဖျက်ဆီး လိုက်ပါတယ်။ ကမ္ဘာ့ အသိုင်း အ၀ိုင်းရဲ့ ဖိအားဒဏ်ကို မခံနိုင် လို့ ၁၉၇၈ ခုနှစ် အပြင် ကို ထွက်ပြေး ခဲ့ရတဲ့ ရိုဟင်ဂျာ များကို ရိုဟင်ဂျာ ဆိုတဲ့ အမည် နာမနဲ့ ပြန် လည် လက်ခံရေး ပုံစံမှာ ရေးဖြည့်ပြီး ပြန်လည် လက်ခံ ခဲ့ရပေမယ့်-၊ အာဏာရှင် အစိုးရ အဆက်ဆက် ရိုဟင်ဂျာ မျိုးပြုတ် သုတ်သင် ရေးကိုပဲ နေ့စဉ် အမျှ ကြံစည် နေခဲ့ ပါတော့တယ်။

မျိုးတုံးသတ်ဖြတ်မှု ကပွတ်ကာသီကာ လွတ်မြောက်နေတဲ့ ရိုဟင်ဂျာများရဲ့ဘ၀ဟာ ၁၉၉၀ ပြည့် နောက်ပိုင်း မှာ ရွာထဲက အပြင် မထွက်ရ အကျဉ်းသားများ သဖွယ် နှစ်ပေါင်း ၂၀ ထပ်မံ ဖြတ် သန်း ရပြန်တယ်။ ၂၀၁၂ ခုမှာတော့ ဦးသိန်းစိန် အစိုးရ တက်လာပြီး- ပြုပြင် ပြောင်းလဲရေး အကြောင်း ပြချက်နဲ့ အတူ ကမ္ဘာကို မျက်နှာ ချိုသွေးက သူ့ ဘဘိုး အစိုးရ အဆက်ဆက် အပြတ် မရှင်း နိုင်ခဲ့တဲ့ ရိုဟင်ဂျာ များကို အပြတ် ရှင်းဘို့ ၀ုန်းဒိုင်း ကြဲလိုက် ပါတော့တယ်။ နေ့ချင်း ညချင်း သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာများ အိုးမဲ့ အိမ်မဲ့ ဖြစ်သွား ရပါတယ်။ လူပေါင်း ထောင်နဲ့ချီ အစ ဖျောက်ခံ ရပါတယ်။ ဒီလူ တွေဟာ မြန်မာ နိုင်ငံက မဟုတ်ဘူး ကျူးကျော် လာသူတွေ ဖြစ်တယ်လို့ ကမ္ဘာကို ဗြောင်တိုက် လိမ်လိုက် ပါတော့တယ်။ ကမ္ဘာက ဘယ် လို ပြောပြော သမိုင်းကို ဘယ်လို ပြပြ- ဘူးခံ ငြင်းပြီး တိုင်း ပြည်ထဲက မောင်းထုတ်ဘို့ ကိုသာ အာရုံ ထား နေခဲ့ ပါတယ်။ နောက်ဆုံးမှာ ရိုဟင်ဂျာမျိုး မပြုတ်ဘဲ-၊ လူမျိုးတုံး သုတ်သင် ရှင်းလင်းမှု၊ လူမျိုး တစ် မျိုး ရဲ့ သမိုင်းကို ဖုံးကွယ် ဖျောက်ဖျက်မှု၊ နည်းမျိုးစုံနဲ့ သေကြေ ပျက်စီးသွား အောင် စွန့်ပစ် ပိတ်ပင် ထားမှု စတဲ့ အမှုတွေနဲ့ ဦးသိန်းစိန်နဲ့ အပေါင်းပါ များသာ ကမ္ဘာ ခုံရုံး ပေါ်မှာ အမှုဖွင့် ခံလိုက် ရပါတော့တယ်။ အခုတော့ ရိုဟင်ဂျာ တို့ရဲ့ သမိုင်းကို လိမ်လည်လို့ မရတော့ သလို၊ လူမျိုး တုံးသတ် လို့လည်း မရ နိုင်တော့ ပါ။

အကယ်၍- ရက္ခနဲ့ ပျူတို့ကို မျိုးတုံး မသုတ်သင် မှီကပဲ--၊ ကမ္ဘာ့ခုံရုံး ICC ဆိုတာ ရှိနေ ခဲ့ရင်-၊ ဒီနေ့မှာ ရက္ခနဲ့ ပျူ လူမျိုး များလည်း တစ်စုံ တစ်ရာသော လူဦးရေနဲ့ ကျန်နေခဲ့မှာ သေချာ လှပါတယ်။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus