နောက်ဆုံးသတင်း/ဆောင်းပါးများ

အဖျက် စွမ်းအားပြင်း၍ စံမမှီသော လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ


မောင်သမာဓိ
RB News
2.8.2013

လူနည်းစုသည် လူများစု၏ ဆန္ဒကို လေးစားရမည်။ လူများစုသည် လူနည်းစု၏ အခွင့် အရေးများ ကို အကာ အကွယ် ပေးရမည် ဆိုသော ဒီမိုကရေစီစံနှင့် လွဲချော် နေသော မြန်မာ နိုင်ငံ၏ တည်ဆဲ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ တို့ကြောင့် နစ်နာနေသူ လူနည်းစုဝင် တစ်ဦး၏ ရှု့ထောင့် မှ အမြင်ကို အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ် ကြီးများ နှင့် ၈၈၈၈ ဥပဒေ ရေးရာ အဖွဲ့ ဝင်များ အနေဖြင့် ဂရုပြု လေ့လာ နိုင်ရန် တင်ပြအပ် ပါသည်။

၁။ အမျိုးသားနှင့် အမျိုးသမီး၊ ကျား မ လိင်ခွဲခြား ဆက်ဆံသော ဥပဒေများ ဖြစ်နေခြင်း။

နိုင်ငံခြားသား အိမ်ထောင်ဖက် (FRC) ကို တရားဝင် လက်ထပ် ထားသော ဗမာချင်း တူသော်လည်း ဖခင် (ယောင်္ကျား) သည် မြန်မာ နိုင်ငံသား ဖြစ်လျှင် မွေးလာသော ကပြား သားသမီးများ (One-FRC) သည် အသက် ၁၈ နှစ် ပြည့်လျှင် အလိုလျှောက် နိုင်ငံသား ဖြစ်ပြီး၊ မြန်မာ စစ်စစ် မိခင် (မိန်းမ) မှ မွေးလာသော ကပြား သားသမီးများ (One-FRC) သည် အသက် ၁၈ နှစ်နှင့် ၁၉ နှစ်ကြားတွင် ကျမ်းကျိန် မှသာ နိုင်ငံ သား ပြုခွင့် ရပါသည်။

တစ်ဖန် One-FRC (ကပြား) မိဘ နှစ်ပါးမှ မွေးဖွား သူသည် နိုင်ငံသား အဖြစ် သတ်မှတ် ခံရပြီး ဆေး တက္က သိုလ် တက်ခွင့်၊ ဘွဲ့လွန် သင်တန်းများ တက်ခွင့် ရချိန်တွင် နိုင်ငံခြားသား လက်မှတ် ကိုင်ဆောင် သူ မြန် မာ နွယ်ဖွား အမျိုးသားကို လက်ထပ် ထားသော မြန်မာ စစ်စစ် မိခင်မှ မွေးဖွားသူ ကလေးငယ်၏ အနာ ဂတ်တွင် ဆေးတက္ကသိုလ် တက်ခွင့်၊ ဘွဲ့လွန် သင်တန်းများ တက်ရောက် ခွင့်နှင့် တရား ရုံးချိန်ဘာ ဆင်း ခွင့်များ ဆုံးရှုံး သွားပါ တော့သည်။ 

တဖန် ကလေးငယ် လူမမယ် အရွယ်တွင် ဧည့်နိုင်ငံသား (UCC) မလျှောက်မီ သို့မဟုတ် လျှောက်ထားဆဲ မိဘ တစ်ဦးဦး သေဆုံး ခဲ့ပါက မြန်မာ နိုင်ငံတွင် ထိုကလေး၏ ပညာရေး အနာဂတ်သည် လုံးဝပျောက်ဆုံး သွားပါတော့သည်။ ထိုအချက်ကို သမ္မတ ဦးသိန်းစိန်၊ လ.ဝ.က ဝန်ကြီး ဦးခင်ရီနှင့် သင်္ဃန်းကျွန်း လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်တို့ သတိပြုမိပုံ မပေါ် သောကြောင့် လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင် ငံသား ပြုမှု ဥပဒေကို ပြင်ဆင်ရန် ဇွတ်ငြင်း နေကြခြင်း ဖြစ်၏။

ကလေး၏ အရည် အချင်း မမီမှုကြောင့် မဟုတ်ဘဲ မိဘ၏ လွတ်လပ်သော သဘော ဆန္ဒအရ အိမ်ထောင် ဖက် ရွေးချယ် မှုကြောင့် နှစ်ပေါင်း ၆၀ အတွင်း အပြစ်ပေး အရေးယူ ခံခဲ့ရသော မြန်မာပြည် အနှံ့မှ အနာ ဂတ်မဲ့ ကလေးငယ် များ၏ ဘဝပေါင်း များစွာ အတွက် ယူကြုံးမရ ဖြစ်ကာ ဝမ်နည်း မိသည်။ အနာဂတ်၏ လူ့စွမ်းအား အရင်း အမြစ်များ ပြုံးတီး စေသော မှားယွင်းသည့် အစိုးရ အဆက် ဆက်၏ စီမံခန့် ခွဲမှု များ ၏ နောက်ဆုံး ရလဒ်သည် ကမ္ဘာ ပေါ်တွင် အဆင်းရဲဆုံး တိုင်းပြည် အဖြစ် ယနေ့တိုင် စားရင်း ဝင်နေ ပါတော့သည်။ လူငယ် များ၏ အနာဂတ်သည် တိုင်းပြည်၏ အနာဂတ်ပင် ဖြစ်၏။

သို့အတွက် ကမ္ဘာ့ လူမွဲနိုင်ငံ စာရင်းဝင် စေသော တရားခံသည် သွေးနှင့် ဆုံးဖြတ်သည်ဟု ဆိုသော တတိ ယ မျိုးဆက် မှသာ နိုင်ငံသား ဖြစ်စေမည့် လ.ဝ.က ဥပဒေပင် ဖြစ်သည်။

ထိုကဲ့သို့ အဖျက် စွမ်းအား ကြီးမားသော လ.ဝ.က ဥပဒေကို ယနေ့ ခေတ်စား နေသော အတည် မဖြစ် သေးသည့် မျိုးစောင့် ဥပဒေနှင့် နှိုင်းယှဉ် စဉ်းစား ကြည့်နိုင် ပါသည်။ မျိုးစောင့် ဥပဒေ သည်လည်း ဗုဒ္ဓ္ဓ္ဓ္ဓဘာသာ အမျိုးသမီးများ အပေါ်တွင်သာ သက်ရောက်ပြီး၊ ဗုဒ္ဓဘာသာ အမျိုးသားများ အတွက်မူ အကျုံး မဝင်သော ကျားမ လိင်ခွဲခြား ဆက်ဆံသော ဥပဒေ တစ်ခု ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာ ယောင်္ကျားနှင့် မြန်မာ အမျိုးသမီးကို တန်းတူ မထားဘဲ ကျား၊ မ လိင်ခွဲခြားကာ အမျိုး သမီး များကို နှိမ့်ချ ဆက်ဆံသော ဥပဒေ များဖြစ်၍ လ.ဝ.က ဥပဒေ၊ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေနှင့် မျိုးစောင့် ဥပဒေ တို့သည်အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေငြာ စာတမ်း (Universal Declaration of Human Rights) အပိုဒ် ၂ နှင့် ဆန့်ကျင်ဖက် ဖြစ်နေ သောကြောင့် စံချိန်မီ ဥပဒေများ မဟုတ်ပါ။

NRC = National Registration Certificate ( “ နိုင်” ပန်းရောင်ကဒ် ကိုင်ဆောင်သူ) 

FRC = Foreign Registration Certificate (ပြည်တွင်းနေ နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ဆောင် သူ) ပြည်တွင်း ခရီးသွားလျှင် သက်ဆိုင်ရာ မှတ်ပုံတင် ရုံးများသို့ အကြောင်းကြား ရသည်။ လွတ်လပ်စွာ ခရီးသွား လာခွင့် မရှိပါ။ မြေကွက်၊ အိမ်ယာ အမည်ပေါက် ပိုင်ဆိုင်ခွင့် မရှိသူ။

ပြုနိုင်ငံသား = (FRC) ဖခင်နှင့် (FRC) မိခင်တို့မှ မွေးဖွားပြီး နိုင်ငံသား အဖြစ် လျှောက်ထားကာ ဥပဒေ အရ နိုင်ငံသား ဖြစ်လာသူ မြန်မာ နွယ်ဖွား။ (အစိမ်းရောင် ကဒ်)

ဧည့်နိုင်ငံသား = (FRC) လက်မှတ် ကိုင်ဆောင်သူ တစ်ဦးမှ ကျမ်းကျိန်ပြီး ဧည့်နိုင်ငံသား ဖြစ်လာသူ။ (UCC ကဒ်)

One-FRC = (FRC) + (NRC) မိဘ နှစ်ပါးမှ မွေးဖွား လာသော သား၊ သမီး ကိုခေါ်သော ဗန်းစကား ဖြစ်ပြီး အများစုမှာ မြန်မာ ကပြား များ ဖြစ်ကြ ပါသည်။

Two-FRC = FRC မိဘ နှစ်ပါးမှ မွေးဖွား လာသော သား၊ သမီးတို့ကို ခေါ်သည့် လ.ဝ.က ဗန်းစကား

WhiteCard=မည်သည့်နိုင်ငံသားမှန်းမသိသူကိုထုတ်ပေးသောကဒ်ဖြစ်ပြီးဖွဲ့စည်းပုံနှင့်အမတ် ရွေးကောက် ပွဲ များအတွက် မဲပေး ခွင့်ရှိသူ။ (ရိုဟင်ဂျာ များကိုသာ ထုတ်ပေး ထားပါသည်။)

၂။ ဥပဒေနှင့် မရင်းနှီးသော အပြစ်မဲ့သူ (Innocents) များကို စာနာမှု ကင်းမဲ့စွာ ရေးသား ထားသော ဥပဒေဖြစ်ခြင်း။

ဥပဒေ ကိုလည်း မသိ၊ ကြိုတင် အကြောင်း ကြားအသိ ပေးမှု (notice) လည်း မရှိ သောကြောင့် အသက် ၁၈ နှစ်နှင့် အသက် ၁၉ နှစ်ကြားတွင် အကြောင်း အမျိုးမျိုးဖြင့် ကျမ်းမကျိန် ဖြစ်သော မြန်မာ စစ်စစ် မိခင် မှ မွေးဖွား လာသည့် မြန်မာ ကပြား ကလေးများ (One-FRC) သည် အသက် ၁၉ နှစ်ပြည့် ပြီးသော အခါ အလို အလျှောက် နိုင်ငံ ခြားသား (FRC) ဖြစ်သွား ပါတော့သည်။ 

ထို့ကြောင့် စာတော် သော်လည်း အသက် မွေးဝမ်းကြောင်း ဆိုင်ရာ တက္ကသိုလ်များ (Institutes) တွင် တက်ရောက် ပညာသင် ခွင့်နှင့် ဘွဲ့လွန် သင်တန်းများ တက်ခွင့် မရကြ၍ နိုင်ငံတော် အတွက် လူသား သယံ ဇာတများ လျှော့နည်း၊ ယိုစီး၊ ဆုံးရှုံးခဲ့ ရပါသည်။ လူငယ် များ၏ အနာဂတ်ကို ဖျက်ဆီးလျှင် တိုင်း ပြည် အနာ ဂတ် သည်လည်း မလွဲမသွေ ပျက်စီးကြောင်း ရွှေမြန်မာ တို့အားလုံး ကိုယ်တွေ့ ဖြစ် ၍ ငြင်း မည့်သူ မရှိပါ။ ထို့ကြောင့် အနာဂတ်ကို ပိုင်စိုးသော လူငယ် များကို ကျောသား ရင်သား မခွဲခြားဘဲ အညီ အမျှ ဖွံ့ဖြိုး တိုးတက်အောင် အခွင့် အလမ်းများ ပေးသင့် ပါသည်။ အတား အဆီး များကို ဖယ်ရှားပေး သင့်သည်။

၃။ မစ္ဆရိယ စိတ်နှင့် ရေးဆွဲ ထားသော ဥပဒေ ဖြစ်ခြင်း။ 

မြန်မာ ထိပ်ပိုင်း အရာရှိ ရာထူးများ အတွက် “လူကောင်း လူတော်” ကိုသာ ရွေးရမည် ဆိုသော မြန်မာ စကားကို ပြောင်းပြန် လှန်ပြော ခဲ့သည့် သွားလေသူ ဦးနေဝင်း၏ သြဝါဒကြောင့် အစိုးရ ဌာန အသီးသီးမှ လူတော်များ ပြုံးတီး ခဲ့ရ သကဲ့သို့ ဌာနဆိုင်ရာ အရာရှိ ရာထူးကြီးများ အတွက် အစ္စလာမ် ဘာသာဝင်ကို မခန့်ရ ဆိုသော ဦးနေဝင်း၏ မစ္ဆရိယ စိတ်နှင့် ညွှန်ကြား မှုကြောင့် လူတော်၊ လူကောင်းများ လေလွင့် ခဲ့ရသော အတိတ် သမိုင်းဆိုး ရှိခဲ့ ဘူး၏။ ထိုအခါ အစိုးရ၏ စီမံ ခန့်ခွဲမှု တို့သည် ဌာန အသီးသီးတွင် Check & Balance မရှိတော့ဘဲ ခိုင်းသမျှ ခေါင်းညှိတ်ကာ ကမောက် ကမ ညွှန်ကြားချက် များအတိုင်း စည်းဝါး၊ ကာရံမညီ၊ (ဥပဒေက မည်သို့ပင် ဆိုစေကာမူ စကားလုံးကို ထည်လဲ သုံးကာ) လုပ်ဆောင် ကြလေရာ တိုင်းပြည် ပြာပုံဘဝ ဆိုက်ရောက် လေတော့သည်။

သွေးနှင့် ဆုံးဖြတ်သည် ဆိုသော လ.ဝ.က ဥပဒေနှင့် ဘာသာနှင့် ဆုံးဖြတ်သည် ဆိုသော အမျိုး စောင့် ဥပဒေ တို့သည် ကမ္ဘာ့ အံ့ဘွယ် မဖြစ် ညစ်ကျယ် ဥပဒေများ ဖြစ်သော်လည်း လ.ဝ.က ဝန်ကြီးနှင့် မျိုးစောင့် ဥပဒေ ရေးဆွဲ သူတို့မှာ ဂုဏ်ယူ မဆုံး ရှိနေ ကြကုန်၏။ အမျိုးစောင့် ဥပဒေဟု အမည် ပေး ထား သော် လည်း ဘာသာ ကိုသာ အခြေခံ သောကြောင့် အမျိုးကို တဖက်လှည့်နှင့် ဖျက်သကဲ့ သို့ ဖြစ်နေသည့် ဥပဒေနှင့်မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ် မည်ဆိုသော လ.ဝ.က ၏ ဆောင်ပုဒ် တို့သည် ဝိရောဓိ ဖြစ်နေ သော်လည်း ဥပဒေ ပြုသူများ အကြား စည်းလုံး နေခြင်းမှာ တူညီသော မစ္ဆရိယ စိတ်ကြောင့် သာ ဖြစ်၏။ မစ္ဆရိယ၊ မောဟ အမှောင် ဖုံးကာ အဖျက် စွမ်းအားပြင်း ဥပဒေ များကြောင့် ဆုတ်ယုတ် ကျ ဆင်း နေသော တိုင်းပြည် အခြေ အနေ အမှန်ကို မမြင်နိုင်၊ မကြား နိုင်တော့ဘဲ ပြာပုံ ဘဝရောက် မှ နောင် တ အနည်းငယ် ရလေဟန် ပြု၏။

တဖန် လက်ရှိ လ.ဝ.က ဥပဒေသည် သွေးနှင့် ဆုံးဖြတ်သည် ဆိုသော်လည်း လက်တွေ့တွင် မြန်မာသွေး ငါးမူးဖိုးနှင့် အထက် ပါသော ဘာသာခြား မြန်မာ ကပြား များကို နှိပ်ကွပ်ရန် ရည်ရွယ်၍ ရေးဆွဲ ထားသော ခွဲခြား ဆက်ဆံ ကန့်သတ်သည့် အဖျက် ဥပဒေ သက်သက် ဖြစ်လေ၏။ အမျိုးစောင့်ရန် ရေးဆွဲ ထားသော ဥပဒေသည် ကိုးကွယ်သည့် ဘာသာ အပေါ် အခြေခံ ခွဲခြား ဆက်ဆံ သကဲ့သို့ သွေးနှင့် ဆုံးဖြတ် သည် ဆိုသော လ.ဝ.က ဥပဒေ သည်လည်း နောက်ဆုံး ဘာသာနှင့်သာ ခွဲခြား ဆက်ဆံ လေ၏။ တစ်ဖအေ ၊ တစ်မအေ တည်းမွေးသော ညီအစ်ကိုချင်း အတူတူ အစ္စလာမ် ဘာသာ ကိုးကွယ် သူသည် (နိုင်) မှတ်ပုံ တင်ကဒ် မရဘဲ ဗုဒ္ဓဘာသာ ကိုးကွယ် သူက နိုင်ကဒ် ရလေ၏။

မလေးရှား နိုင်ငံသည် MM2H Programme (Malaysia My Second Home) ကိုကြေငြာကာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံ အတွင်း လာရောက် အခြေချရန် ဖိတ်ခေါ် နေချိန်တွင် မြန်မာ နိုင်ငံသည် တိုင်းပြည် အတွင်း အခြေ တကျ နေထိုင်သူ များကို အခြေ အနေ မဲ့အောင် နည်းမျိုး စုံသုံး လုပ်ဆောင် နေရုံ မက တိုင်းပြည်၏ ပိုင်ဆိုင်မှု (Asset) များ ပြည်ပသို့ ယိုစီး ထွက်အောင် လုပ်ဆောင် နေကြခြင်းသည် မစ္ဆရိယ စိတ်ကြောင့် သာဖြစ်၏။ 

ထိုင်းနိုင်ငံတွင် တရားဝင် အနှစ် ၂၀ နေထိုင်ပြီး ဘဏ်တွင် ဘတ်ငွေ ၁ သိန်း (မြန်မာငွေ သိန်း ၃၀ ခန့်) ပြနိုင်လျှင် ထိုင်းနိုင်ငံသား ပေး၏။ ဖိလစ်ပိုင် နိုင်ငံတွင် ဖိလစ်ပိုင် လူမျိုး အယောက် ၂၀ ကို အလုပ် ခန့် ပေးနိုင်သော လုပ်ငန်း တစ်ခုကို ရင်းနှီး မြှပ်နှံလျှင် နိုင်ငံသား ပေး၏။ စင်္ကာပူ နိုင်ငံ တွင်လည်း အစိုးရ သတ်မှတ် ထားသော ငွေပမာဏကို ရင်းနှီး မြှပ်နှံလျှင် နိုင်ငံသား ပေး၏။ ဤအချက် တွင်လည်း ၎င်းနိုင်ငံ များသည် မြန်မာ နိုင်ငံ ကဲ့သို့ လူနည်းစုကို ပျက်စီး စေမည့် ဥပဒေများ (ဥပမာ ။ ။ မွတ်ဆလင် များကိုသာ ရည်ရွယ်သော သံဃာ တော်များ ထုတ်ပြန်သည့်ဖြတ်လေးဖြတ် ဥပဒေများ၊ အမျိုးစောင့် ဥပဒေ၊ တိုင်းပြည် ၏ အနာဂတ်ကို ဖျက်ဆီးသာ လ.ဝ.က ဥပဒေ၊ စသည်တို့) ကို မပြဌာန်းဘဲ အပြု သဘော ဆောင်သည့် တိုင်းကျိုး ပြည်ပြု ဥပဒေ များကိုသာ ပြဌာန်း နေသည်ကို တွေ့နိုင် ပါသည်။

ဤကဲ့သို့ တိုင်းခြား ပြည်ခြားမှ အခြား နိုင်ငံသား များကို မက်လုံး (Incentive) အမျိုးမျိုး ပေးကာ မိမိ နိုင်ငံ အတွင်း လာရောက် အခြေချ နေထိုင်ရန် ဆွဲဆောင် နေသော ခေတ် အခါ သမယတွင် နိုင်ငံ အ တွင်း အေးအတူ ပူအမျှ နေလာ ကြသော ဘာသာခြား မွတ်ဆလင် များကို နိုင်ငံရေး ဖြစ်စဉ် များ၌ အတူ တကွ ပါဝင် နိုင်အောင်နှင့် ပျော်ပျော် ရွင်ရွင် လွတ်လွတ် လပ်လပ် နေသာ ထိုင်သာ၊ လုပ်သာ ကိုင်သာ ရှိအောင် လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေတို့ကို အဘယ်ကြောင့် ပြင်ဆင် ရေးဆွဲ မပေးချင် ရသနည်ုး။ အဖြေ ကတော့ ဥပဒေ ရေးဆွဲ သူများ မစ္ဆရိယ စိတ်ကင်းစွာ၊ အဂတိတရား ၄ ပါးကင်းစွာ ဥပဒေများ ရေးဆွဲမှသာ တိုင်းပြု ပြည်ပြု နိုင်ငံ အကျိုးပြု ဥပဒေများ ဖြစ်လာ မည်ဟု ပြောချင် ပါသည်။

ထို့အပြင် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲများ အကြားမူရင်း အကျဆုံး ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကား ရာ မြန် မာ ပြည်တွင် သူတစ်ပါးကို ပျက်စီး ဆုံရှုံးးအောင် ကြံဆောင် သူသည် မိမိ ကိုယ်တိုင် လည်း ပျက်စီး ဆုံးရှုံး မှုများနှင့် ရင်ဆိုင် ရလိမ့် မည်ဟု ဆိုသော ဗုဒ္ဓ၏ အခြေခံ အကျဆုံး တရားတော်ကို သံဃာတော်များ ကိုယ်တိုင်ပင် မေ့လျှော့ နေကြ လေပြီ။

၎။ လက်ပေါက် စိပ်သော လက်တလုံးခြား လ.ဝ.က ဥပဒေ ။

တနည်း အားဖြင့် မသိသူ ကျော်သွား၊ သိသူ ဖေါ်စား လှည့်စား တတ်သော လက်ပေါက် ကပ်သည့် ဥပဒေ များဟု ကင်ပွန်း တပ်လျှင် ပိုမို ပွင့်လင်း မြင်သာ ရှိမည်ဟု ထင်ပါသည်။ 

(က) ဖအေတူ၊ အမေတူ၊ ဇာတိ ချက်မြှပ်တူ ကျောင်းစာတော်သော ပန်းသေး ညီအစ်ကို နှစ်ဦး ရှိရာ ၁၉၄၇ ခုတွင် မွေးသော အစ်ကို ဖြစ်သူက ဆေးတက္ကသိုလ် တက်ခွင့် ရပြီး၊ ၁၉၄၉ တွင်မွေးသော ညီဖြစ်သူ က ဆေး တက္ကသိုလ် တက်ခွင့် မရပါ။ ၁၉၄၈ လွတ်လပ်ရေး ရချိန်နှင့် ဖြတ်သည်ဟု ဆိုသော ဥပဒေကြောင့် တိုင်းပြည်၏ အနာဂတ် ကြယ်ပွင့်များ ကြွေလွှင့် ခဲ့ရသည်။

(ခ) နိုင်ငံခြားသား လက်မှတ် ကိုင်ဆောင်သူ (FRC) မိဘ နှစ်ပါးမှ မွေးဖွား လာသော မြန် မာ နွယ် ဖွား နိုင်ငံခြားသား ကလေး (Two-FRC) ကို နိုင်ငံသား (NRC) ဇနီး မောင်နှံက တရားဝင် စာချုပ် စာ တမ်းနှင့် မွေးစားပါက နိုင်ငံသား အပြည့် ဖြစ်ပြီး မြန်မာ ကပြားများ (One-FRC) ထက် အခွင့် အရေး ပိုရကာ အသက်မွေး ၀မ်းကြောင်း တက္ကသိုလ် များတွင် ပညာ သင်ကြားခွင့် ရသည့် အပြင် ဘွဲ့လွန် သင် တန်း များကိုလည်း တက်ရောက် ပညာ သင်ကြားခွင့် ရကြ ပါသည်။

One-FRC မြန်မာ ကပြားများ အတွက် အခြား ထွက်ပေါက် တစ်ခုမှာ များမကြာမီ ပြဌာန်း တော့မည့် နိုင်ငံ တကာ အဆင့်မီ PR (Permanent Resident) ဥပဒေ ပင်ဖြစ်၏။ နိုင်ငံတော်မှ PR ရသူသည် အစိုးရနှင့် ပုဂ္ဂလိကပိုင် ကျောင်းများနှင့် တက္ကသိုလ် များတွင် တက်ရောက် ပညာ သင်ကြားခွင့် ရှိသောကြောင့် မည်သည့် နိုင်ငံသား အဆင့် အတန်း (Class/Status) ဖြစ်စေကာမူ PR ထက် အခွင့် အရေး ပိုမိုရရ ပါလိမ့်မည်။

PRဥပဒေကိုအပြည်ပြည်ဆိုင်ရာဥပဒေအဆင့်အတန်း အတိုင်းစံမီ ရေးဆွဲနေပါသည် ဆိုသော ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ အနေဖြင့် လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေ တို့ကို လည်း နိုင်ငံတကာ စံနှုံးများနှင့် အညီ ပြင်ဆင် ရေးဆွဲမှသာ လူဝင်မှု ဥပဒေများ အချင်းချင်း လိုက်လျှော် ညီထွေ ရှိမည် ဖြစ်ပြီး တိုင်းပြည် အနာဂတ် ကိုလည်း ကာကွယ်ပြီး ဖြစ်ပါ လိမ့်မည်။

၅။ မိဘများ၏ လွတ်လပ်သော ဆန္ဒအရ အိမ်ထောင်ဖက် ရွေးချယ်မှု အတွက် မိမိ၏ မိဘ နှစ်ပါး ကိုရွေး ချယ်ခွင့် မရှိကြသော အပြစ်မဲ့ သားသမီး များအား အပြစ်ပေးသော ဥပဒေ ဖြစ်နေခြင်း။

အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့တွင် မိမိ နိုင်ငံသားနှင့် လက်ထပ် သည့် နိုင်ငံခြား သားကို တရားဝင် ပေါင်းသင်း နေသ၍ နိုင်ငံသား အဖြစ် အသိ အမှတ် ပြုသောကြောင့် မွေး လာသော ကပြား သားသမီး များသည် နိုင်ငံသား အခွင့် အရေး အပြည့်အဝ ရကြပါသည်။

ဘာသာခြား အိမ်ထောင်ဖက် (FRC) အား ရွေးချယ်သည့် ဆုံးဖြတ်ချက်ကို မြန်မာ မိဘ တစ်ဦးဦးက ပြုလုပ် ခဲ့သည့် အတွက် (သို့မဟုတ်) NRC နိုင်ငံသား မိခင်က မြန်မာ ပြည်ပေါက် နိုင်ငံခြားသား (FRC) လက်မှတ် ကိုင်ဆောင်သူ အမျိုးသားကို ရွေးချယ် လက်ထပ်သည့် အတွက် ဘုမသိ၊ ဘမသိ မွေးလာသော ကပြား သားသမီး များ၏ ကိုယ်ရည် ကိုယ်သွေး တိုးတက်အောင် ပညာ သင်ခွင့်ကို ပိတ်ပင်မည် ဆိုလျှင် တရား မျှတမှု ရှိမည် မဟုတ်ပါ။ တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင် ကြသည့် ကလေးများ အချင်းချင်းကြား ခွဲခြား ဆက်ဆံမှု မပြုသင့် တော့ပါ။ ကလေး များ၏ အနာဂတ်ကို ဖျက်ဆီး ခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို ဖျက်ဆီး ခြင်းပင် ဖြစ်သည်။

ကင်ညာ၊ အမေရိကန် ကပြား (မြန်မာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ဗန်းစကားအရ One-FRC) အိုဘားမား သမ္မတ အြချိန် အခါ သမယတွင် မြန်မာ ကပြား (One-FRC) သည် ရွေးကောက် ခံနိုင် ဘို့ ဝေး စွ၊ တက္ကသိုလ် များတွင် လွတ်လပ်စွာ ပညာ သင်ကြားခွင့် ကိုပင် မရကြပါ။

နိုင်ငံ တကာဥပဒေစံနှင့် မကိုက်ညီသည့်အပြင် အလွန်မှားယွင်း နေသော ဥပဒေ၏ သားကောင်များ ဖြစ်နေ ကြသည့် မြန်မာ ကပြား ကလေး (One-FRC) များသည် စာတော် သော် လည်း ဆေး၊ စက်မှု၊ စီး ပွားရေး နှင့် ပညာရေး စသည့် တက္ကသိုလ် များသို့ ၀င်ခွင့် မရခဲ့ခြင်း၊ တက်ခွင့် ပေးသည့် အခါ တွင်လည်း ဘွဲ့လွန် သင်တန်း များကို တက်ခွင့် မရခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံ ပိုင်ခွင့် မရှိ ခြင်း တို့သည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်း အပိုဒ် ၂၁၊ ၂၆ တို့နှင့် ဆန့် ကျင် နေ ပါသည်။

၆။ နောက်ဆက်တွဲ ညွှန်ကြားချက်များက လူ့အခွင့်အရေး ပိုမိုချိုးဖေါက်သည်။

အစ္စလာမ် ဘာသာဝင်များ မှတ်ပုံတင် လျှောက်ထား လာလျှင် အမှုတွဲကို တိုင်းအထိ တင်ပြ ရမည် ဆိုသော နောက်ဆက်တွဲ ညွန်ကြား ချက်သည် ကိုးကွယ်သည့် ဘာသာ အားဖြင့် ခွဲခြား ဆက်ဆံသော ညွှန်ကြားချက် ဖြစ်သောကြောင့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် (၂) နှင့် ဆန့်ကျင် နေပါသည်။

၇။ နိုင်ငံသား (Citizen) ဖြစ်ခြင်းကို အဆင့် အမျိုးမျိုး (Class) ခွဲထားခြင်းက သာ၍ ရုပ်ဆိုးသည်။

နိုင်ငံ တကာတွင် နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်း ဟူသော အလွန် ရိုးရှင်းသည့် ဥပဒေ များသာ ရှိပြီး မြန် မာ နိုင်ငံ လ.ဝ.က ဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ တို့တွင် နိုင်ငံသား Status ကို ရှုပ်ထွေးစွာ ခွဲခြား ပြဌာန်း ထားသည်ကို အောက်ပါ အတိုင်း တွေ့နိုင် ပါသည်။

(က)တိုင်းရင်းသား/နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူနိုင်ငံသား၊NRC,(Citizenbybirth)၊ (ပန်းရောင် နိုင်ကဒ်)

(ခ) နိုင်ငံသား ဖခင် နှင့် နိုင်ငံခြားသား မိခင်မှ မွေးသော နိုင်ငံသား၊ NRC, (One-FRC) (ပန်းရောင် နိုင် ကဒ်)

(ဂ) နိုင်ငံခြားသား ဖခင်နှင့် နိုင်ငံသား မိခင်မှ မွေးသော ကျမ်းကျိန် ပြီးမှရသည့် နိုင်ငံသား၊ NRC, (One- FRC) (ပန်းရောင် နိုင်ကဒ်)

(ဃ) FRC လက်မှတ်ကိုင် မိဘ နှစ်ပါးမှ မွေးဖွားသူ ဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးနောက် လျှောက်၍ ရသော ပြုနိုင်ငံသား။ (အစိမ်းရောင် ပြုကဒ်)

(င) နိုင်ငံခြားသား (FRC) လက်မှတ်မှ ပြောင်းလဲ လျှောက်ရသော ဧည့်နိုင်ငံသား၊ (အဖြူရောင် ကဒ်ကြီး) (UCC ကဒ်)

(စ) မိမိ မမွေးခင် အရင် နိုင်ငံသား ဖြစ်ပြီးသော မိဘ နှစ်ပါးမှ မွေးဖွား လာသည့် နိုင်ငံသား၊ NRC 

(ဆ) မည်သည့် နိုင်ငံသားမှန်း မသိဟု ဆိုကာ ရိုဟင်ဂျာ များကို ဥပဒေမှ ပြဌာန်း ထားခြင်း မရှိဘဲ ထုတ်ပေး ထားသော အဖြူရောင်ကဒ်… စသည်ဖြင့် နိုင်ငံသား status ကို အဆင့် အမျိုးမျိုး ခွဲခြားထားခြင်း (Classify လုပ်ခြင်း) သည် နိုင်ငံသားများ အကြား ပညာ သင်ကြား ရာတွင်၎င်း၊ အလုပ် ခန့်ထား ရာတွင်၎င်း ခွဲခြား ဆက်ဆံမှုကို ဖြစ်ပေါ်စေ လေသည်။ အခွင့် အရေးနှင့် ရပိုင်ခွင့်များ မတူညီ တော့ပါ။

ထို့ကြောင့် ကပြား ခလေး များသည် လွတ်လပ်စွာ ပညာ သင်ခွင့် မရတော့ဘဲ ဈေးသည်၊ ပွဲစားနှင့် ရွှေ့ ပြောင်း လုပ်သားများ ဘဝသို့ ကူးပြောင်း လုပ်ကိုင် ကြရာ တိုင်းပြည်၏ လူ့စွမ်းအား အရင်း အမြစ်များ ပြုံး တီး ကုန်လေသည်။ လူငယ် တို့၏ မျှော်လင့် ချက်နှင့် အနာဂတ်ကို မဲ့စေသော တိုင်းပြည် အနာဂတ် အ တွက် အဖျက် စွမ်းအား ပြင်းသည့် လ.ဝ.က ဥပဒေ ဖြစ်၏။

ဤနေရာတွင် အံ့သြ ဘွယ်ရာအချက်တစ်ခုကိုထောက်ပြ ချင်ပါသည်။ နိုင်ငံသား တစ်ဦး၏ အခွင့် အရေးနှင့် ရပိုင်ခွင့် အတွက်သာ နိုင်ငံသားကို အဆင့် အသီးသီး ခွဲခြား ထားသော်လည်း တာဝန် ပိုင်း ဖြစ်သော စစ်မှုထမ်းရန် အတွက် ကိုမှု နိုင်ငံသား အဆင့် မခွဲတော့ဘဲ နိုင်ငံသားတိုင်း စစ်မှု ထမ်း ရမည်ဟု စစ်အုပ်ချုပ် ရေးခေတ် ဥပဒေ ပညာရှင် များက မျက်နှာပြောင်နှင့် ရေးဆွဲထား လေသည်။ 

၈။ အကြံပြုခြင်း

(က)။ ရှေ့နေများ ကွန်ယက် အနေဖြင့် မြန်မာနို်င်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် နိုင်ငံသား ပြုမှု ဥပဒေ များကို ကျွမ်းကျင်သည့် ရှေ့နေများ ပါဝင်သော အဖွဲ့ တစ်ခုကို ဖွဲ့စည်း ထူထောင်ကာ မသိ နားမ လည်သော ပြည်သူ များကို ပညာပေးပြီး၊ ဥပဒေ ပြုမည့် သူများကို အကြံဥာဏ်များ ပေးသင့် ပါသည်။

ဥပမာ မြန်မာ မိခင်မှ မွေးဖွား လာသော ကပြားကလေး (One-FRC) များကို အသက် ၁၈ နှင့် ၁၉ နှစ် အကြား ကျမ်းကျိန်ဖို့ မမေ့ရန် နိုးဆော်ဖို့နှင့် ထိုကပြား ကလေးငယ်များ အနေဖြင့် အသက် မွေးဝမ်းကျောင်း တက္ကသိုလ် များနှင့် ဘွဲ့လွန် သင်တန်းများ တက်ခွင့် ရစေရန် အတွက် နိုင်ငံသား မိဘ (NRC) နှစ်ပါး (NRC မိဘ ဖက်မှ အမျိုးများ) ၏ စာချုပ် စာတမ်းဖြင့် တရားဝင် မွေးစားခြင်းကို ခံယူရန် အကြံဥာဏ်များ ပေးသင့် ပါသည်။

ထိုသို့ ပြုလုပ် ပေးခြင်းဖြင့် ဦးနှောက် ယိုစီးမှုကို ကာကွယ် နိုင်မည် ဖြစ်ပြီး၊ တိုင်းပြည် အတွက် လူ့စွမ်းအား အရင်း အမြစ်များ အလျှင် အမြန် ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်၏။

(ခ)။ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မြန်မာ နိုင်ငံ၏ တည်ဆဲ လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေကို အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေကြေညာ စာတမ်းနှင့် ကိုက် ညီအောင်၊ (သို့မဟုတ်) အင်္ဂလန် နိုင်ငံ စီးပွားရေး တက္ကသိုလ် ဥပဒေ စိုးမိုးရေး စကားဝိုင်း (Penal Discussion for Rule of Law) တွင် ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့သည့် အတိုင်း အပြည်ပြည် ဆိုင်ရာ စံများနှင့် ကိုက်ညီအောင် ပြင်ဆင် ရေးဆွဲ သင့်ပါသည်။

ထို့အပြင် ယ္ခု လတ်တလော လုပ်ထုံး လုပ်နည်း အသစ် တစ်ခု ဖြစ်သည့် ပြင်ဆင်ရန်၊ သို့မဟုတ် အ သစ် ပြဌာန်းရန် ဥပဒေကြမ်း (Draft) များအတွက် ပြည်သူ့ လွှတ်တော်တွင် ရုံးခန်းဖွင့်ပြီး ပြည်သူ လူ ထု ထံမှ အကြံဥာဏ် များကို တရားဝင် တောင်းခံ သကဲ့သို့ ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေနှင့် လ.ဝ.က ဥပဒေ တို့နှင့် ပတ်သက် ၍လည်း နစ်နာသူ၊ လူနည်းစု ထံမှသာ အကြံဥာဏ်များ တောင်းခံ သင့်ပါသည်။ အဘယ် ကြောင့်ဆိုသော် ဤဥပဒေသည် လူများစု၏ အခွင့် အရေးကို ချိုးဖေါက် ထားခြင်း မရှိဘဲ လူနည်း စု ကိုသာ ပစ်မှတ်ထား နှိပ်ကွပ် ထားသော ဥပဒေ ဖြစ်ခြင်းကြောင့် ဥပဒေ အတိမ် အနက်နှင့် ခွဲခြား ဆက် ဆံ ခံရခြင်း၏ ဆိုးကျိုး များကို သတိ ပြုမိ သူများမှာ နစ်နာသူ လူနည်းစု များသာ ဖြစ်ကုန်၏။ 

ဥပဒေ များကို ပြင်ဆင် စေလိုသည့် အဓိက အကြောင်း အရင်း တစ်ခုမှာ သမ္မတ ဦးသိန်းစိန်နှင့် သင်္ဃန်း ကျွန်း လွှတ်တော် ကိုယ်စား ဦးသိန်းညွန့်တို့ မပြင်ချင်သော ၁၉၈၂ နိုင်ငံသား ပြုမှု ဥပဒေသည် လူများစုမှ လူ နည်းစု အပေါ် မတရား အနိုင်ကျင့်၊ နှိပ်ကွပ်သော တနည်း အားဖြင့် ဒီမိုကရေစီ စနစ်၏ မကောင်းသော မဲအများစုဖြင့် အနိုင်ကျင့်သည့် ဘေးထွက် ဆိုးကျိုး (Side effect of Democracy System) တစ်ခု အဖြစ် ကမ္ဘာပေါ်တွင် မှတ်တမ်း ဝင်နေ သောကြောင့် ဖြစ်သည်။

ဒီမိုကရေစီ၏ စံဖြစ်သော လူနည်းစုသည် လူများစု၏ ဆန္ဒကို လေးစားရ သကဲ့သို့ လူများစု သည်လည်း လူနည်းစု အခွင့် အရေးကို အကာ အကွယ် ပေးရမည် ဆိုသော အချက်ကို သမ္မတနှင့် လွှတ်တော် ကိုယ် စားလှယ် ကြီးများ မေ့လျှော့ နေကြ၏။ ထို့ကြောင့် နိုင်ငံတကာ အစိုးရများ အထူးသဖြင့် သြစတေးလျှ အစိုး ရ အနေ ဖြင့်လည်း ဒီမိုကရေစီနှင့် လူ့အခွင့် အရေး သင်တန်း များကို မြန်မာ အစိုးရ အဖွဲ့ဝင်များ နှင့် လွှတ်တော် ကိုယ်စားလှယ် ကြီးများကို ဦးစားပေး တက်ရောက်ရန် မဖြစ်မနေ တောင်းဆို သင့်ပါသည်။

(ဂ)။ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံသား ကဒ်ပြား ပေါ်တွင် လူမျိုးနှင့် ကိုးကွယ် သည့် ဘာသာ ထည့်သွင်း ရေးသား ခြင်းကိုလည်း အမြန်ဆုံး ပယ်ဖျက် သင့်ပါသည်။ နိုင်ငံသားများ အချင်းချင်း အကြား ခွဲခြား ဆက်ဆံ ခြင်းကို မခံရ စေရန် ဖြစ်၏။

(ဃ) မြန်မာ့ အရေးကို ဆယ်စုနှစ်နှင့် ချီ၍ လေ့လာ ခဲ့သူ ဂုဏ်ထူးဆောင်ပါမောက္ခ Josef Silverstein က လက်ရှိ ဖြစ်ပေါ် နေသော လူမျိုးရေး ပဋိပက္ခများ ချုပ်ငြိမ်း စေရန် မတူ ကွဲပြားသော လူမျိုးများ အတူ တကွ ချစ်ကြည်စွာ ရာစုနှစ်နှုင့် ချီကာ ပြဿနာ မရှိ နေလာ ကြသော မြန်မာ့ သမိုင်းကို မြန် မာတွေ ပြန်လေ့ လာ ဖို့ ကောင်းပါတယ်ဟု VOA ဦးကျော်ဇံသာကို ပြောကြား လိုက်ခြင်းဖြင့် မြန်မာ ပြည် ၏ ခေတ် အ ဆက် ဆက် Policy Makers များ မြန်မာ့ သမိုင်းကို သေသေ ချာချာ မသိကြောင်း ထောက်ပြ သွား ပါသည်။

ထို့ကြောင့် အချိန် မနှောင်းမီ မြန်မာ့ သမိုင်း၊ မွန်သမိုင်း၊ ရခိုင် သမိုင်းနှင့် ရိုဟင်ဂျာ သမိုင်း အစစ် အမှန် အပြည့် အစုံ တို့ကို ပြည်သူ များကို ချပြ သင့်ပြီဟု အကြံပေး လိုပါသည်။ ဥပဒေ ပြုသူများ ကိုယ့်နိုင်ငံ သမိုင်း ကိုယ်သိ မှသာ နိုင်ငံ အကျိုးပြု ခေတ်မီ ဥပဒေ များကို ရေးဆွဲ နိုင်မည် ဖြစ်သည်။ ဥပဒေ မှားလျှင် တိုင်း ပြည် ပြာပုံ ကြိမ်းသေ ဖြစ်ကြောင်း ကိုရွှေမြန်မာ များအား အထူး ပြောပြ နေစရာ မလိုပါ။ ဆင်ခြင် ရန် သာ ပြောလို ပါသည်။

(မှတ်ချက်။ ။ ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ ဘင်္ဂါလီ လူ့ အဖွဲ့ အစည်းသည် ရှေးမြန်မာ ဘုရင် လက်ထက် က တည်း က သောင်းဂဏန်းခန့် နေထိုင် ခဲ့ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က မွန်းတည့်နေ ဂျာ နယ် ကို ဥရောပ ခရီးစဉ်မှ အပြန်တွင် အတည်ပြု ပြောကြား ခဲ့သည်။ ရိုဟင်ဂျာ များသည် ကိုလို နီ ခေတ် မှ ရောက် ရှိ လာသည် ဆိုသော သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီး ဦးခင်ရီ တို့၏ ပြော ကြားချက်နှင့် စတင် ကွဲ လွဲသော ထုတ်ပြန်ချက် ဖြစ်၏။ သတိနှင့် ကြိုဆို စေချင်သည်။ န.စ.က ကိုဖျက် သိမ်းပြီး ဖြစ် ၍ သောင်း ဂဏန်း ထက်ပို သော ရိုဟင်ဂျာ များကို န.စ.က ဖျက်သိမ်းပြီးမှ ခိုးဝင်သူများ အဖြစ် ပုံဖေါ်ရန် အလား အ လာ ရှိနေ ပါသည်။

ဤနေရာ တွင်လည်း ထူးခြားချက် တစ်ခုကို သတိပြု မိပါသည်။ ရိုဟင်ဂျာ များကို တတိယ နိုင်ငံ ပို့မည့် မိန့်ခွန်း ပြောအပြီး သမ္မတကြီးကို ထောက်ခံ ဆန္ဒပြခဲ့ ကြသော ရခိုင် မျိုးချစ် တို့သည် ဘင်္ဂါလီ - ရိုဟင်ဂျာ များသည် မြန်မာ ဘုရင် ခေတ်ကတည်းက တည်ရှိ ခဲ့ကြောင်း ဦးရဲထွဋ် ပြောပြီးနောက် ဆန့်ကျင် ဆန္ဒပြမှု မလုပ်ကြဘဲ ငြိမ်နေကြခြင်း ဖြစ်၏။ ဘင်္ဂါလီ - ရိုဟင်ဂျာသည် မြန်မာ့ သမိုင်းဝင် လူမျိုး ဖြစ်သည်ကို လက်ခံ သွားကြပုံ ရ၏။ စာရေးသူ)

၉။ အစိုးရနှင့် MNHRC ကိုမေးခွန်းများ မေးမြန်းခြင်း။

၈ လေးလုံး ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုဂျင်မီက မတရားမှု များကို ဖေါ်ထုတ်ရန် မေးခွန်း များကို မေးပါဟု ဆို၏။

(က)အဖေနှင့်အမေတို့လွတ်လပ်သောသဘောဆန္ဒအရလက်ထပ်ထိမ်းမြားခဲ့ခြင်းကြောင့် မြန်မာ့ မြေပေါ်တွင်  မွေး ဖွား လာသော မြန်မာ ကပြား ကျွန်တော်တို့ တတွေမှာ အပြစ် ရှိပါ သ လား။ ကျွန်တော် တို့၏ ကိုယ်ရည် ကိုယ်သွေး တိုးတက်ရာ တိုးတက်ကြောင်း ပညာ သင်ကြားခွင့် များကို ပိတ်ဆို့ အရေးယူ သင့်ပါသလား။ 

(ခ) မတရားသော လ.ဝ.က ဥပဒေ၏ သားကောင်များ ဖြစ်ခဲ့ ရသော မြန်မာ ကပြားများ (One-FRC) အပေါ် ကျူးလွန်ဆဲ လူ့အခွင့် အရေး ချိုးဖေါက်မှု များကို မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင် (Myanmar National Human Right Commission, MNHRC) သို့ တိုင်ကြားခွင့် ရှိပါသလား ခင်ဗျား။

(မှတ်ချက် ။ ။ ယခုအခါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အစား အမျိုးသား ကို ဖြုတ် ၍ မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်ဟု ၂၀၁၃ ခု ဇူလိုင်လ ၂၂ ထုတ် မြန်မာ့အလင်း သ တင်း စာ တွင် ရေးသား ထားခြင်းကို သတိပြုမိ ပါသည်။ သို့သော် တနေ့ တည်းထုတ် အင်္ဂလိပ် သတင်းစာ တွင် National ကိုမဖြုတ်ဘဲ (Myanmar National Human Right Commission, MNHRC) ဟု ဆက်လက် သုံးနေသည်ကို အံ့သြဘွယ် အဖြစ် တွေ့နေ ရပါသည်။ ဥရောပ အပြန် ခရီးတွင် မြန်မာလို အမျိုးသား ဟူ သော စကားလုံးကို မြန်မာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ရွံမုန်း သွားပုံရ၏။ အမျိုးသား လူ့အခွင့် အရေး ဟူသော အသုံး အနှုံးသည် မြန်မာ မဟုတ်သော တခြား ကမ္ဘာသူ၊ ကမ္ဘာ သားများ၏ အခွင့် အရေးကို ထည့်သွင်း စဉ်းစားခြင်း မရှိသည့် ကျဉ်းမြောင်းသော အဓိပ္ပါယ် ပေါက်သောကြောင့်ဟု ထင်ပါသည်။ စာရေး သူ)

၁၀။ Summary or Take Home Message. 

(က) မြန်မာ နိုင်ငံ၏ ဥပဒေ ပြုသူများ အနေဖြင့် ဥပဒေများ ရေးဆွဲ ရာတွင် ကျားမ လိင် မခွဲခြားဘဲ တန်းတူ ရည်တူ ပြဌာန်း ကြရန်။

(ခ) အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်းပါ အချက် များနှင့်အညီ၊ နိုင်ငံတကာ ဥပဒေ စံများနှင့် အညီ ဥပဒေများ ရေးဆွဲ ကြရန်။

(ဂ) ရိုးစင်းသော (Innocent) ပြည်သူ အများ မနစ်နာ စေရန်နှင့် နားလည် လွယ်၍ လိုက်နာ ရန်လည်း လွယ်ကူသော ရိုးစင်းသည့် ဥပဒေ များကို ရေးဆွဲရန်။

(ဃ) ဒီမိုကရေစီ စံများနှင့် အညီ လူနည်းစု အခွင့် အရေးကို အကာ အကွယ် ပေးသော ဥပဒေ များ ကို ရေး ဆွဲရန်။

(င) လူနည်းစု များကို ကန့်သတ် လိုသော၊ ပျက်စီး စေလိုသော ရည်ရွယ် ချက်ထက် တိုင်းကျိုး ပြည်ပြု ဥ ပဒေ များဖြစ် စေရန် ရည်ရွယ်၍ မစ္ဆရိယစိတ် ကင်းကင်း၊ အဂတိ တရား ၄ ပါး ကင်းကင်းနှင့် ရေးဆွဲရန်။

(စ) တိုင်းပြည် အတွက် လူသား သယံဇာတ များကို မပြုံတီး စေဘဲ လူ့စွမ်းအား အရင်း အမြစ်များ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေ ရန်ကို ရည်ရွယ်၍ ဥပဒေများကို သတိထား ရေးဆွဲရန်။

(ဆ) တိုင်းပြည်၏ အနာဂတ် ပိုင်ရှင်သော လူငယ် များ၏ အနာဂတ်ကို မပျက်စီး စေရန် အထူး ဂရုပြု ရေးဆွဲကြရန် တိုက်တွန်း နှိုးဆော် အကြံပြု ရေးသား အပ်ပါသည်။

ဥပဒေ ပြုသူများ တိုင်းကျိုး၊ ပြည်ပြု ဥပဒေများ ရေးဆွဲနိုင်ပါစေဟု ဆန္ဒပြုရင်း

လေးစားစွာဖြင့်

မောင်သမာဓိ

Comment ရေးရန်

Rohingya Exodus