နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး တာဝန်ခံရဲ့ ဦးဝင်းမြိုင်ရဲ့ လိမ်ညာမှုများ



နေလ၀န်း (စစ်တွေ)
RB News
10.8.2013

ရခိုင် ပြည်နယ် အစိုးရရဲ့ ပြည်ကြားရေး တာဝန်ခံ ဖြစ်တဲ့ ဦးဝင်းမြိုင် ကတော့ ရာထူးကိုမှ အားမနာ အမြဲ တမ်း လိမ်ညာလျက် ပါဘဲ။ ဘယ်သူတွေ သူ့ကို ဘယ်လို ခေါ်ခေါ် ဂရုစိုက်ပုံလည်း မပေါ်ဘဲ ကျပ်မပြည့်တဲ့ ဦးနှောက်မျိုးနဲ့ ပြောဆို နေတာတွေဟာ ရခိုင် ပြည်နယ် အစိုးရ အတွက် အတော်လေး အရှက် တကွဲ အ ကျိုးနည်း ဖြစ်စရာပါ။ 

ဇူလိုင်လ (၁၅) ရက်နေ့က ဖမ်းဆီးခံ လိုက်ရတဲ့ ရှေ့နေ ဦးကျော်လှအောင်နဲ့ ပတ်သက်ပြီး အစက ဦးဝင်း မြိုင် ပြောဖူးတာတစ်မျိုး၊သြဂုတ်လ(၇) ရက်နေ့ထုတ်မြန်မာတိုင်းမ်ရဲ့ သတင်း ဆောင်းပါးမှာ သူ့ ကိုမေးတော့ သူ့အနေနဲ့ ဦးကျော်လှအောင်နဲ့ ပတ်သက်ပြီး ဘာမှ မသိရဘူးလို့ ပြောလာတယ်။ 

ရခိုင် ပြည်နယ် အစိုးရ အနေနဲ့ သေချာ စဉ်းစားသင့်တာက .. ဧပြီလ (၂၆) ရက်နေ့က လ၀က တွေနဲ့ တင်း မာမှု တွေဖြစ်တုန်းက ဦးကျော်မြင့် အပါအ၀င် မွတ်စလင် ရပ်မိ ရပ်ဖ ၄၀ ကျော်ကို ဖမ်းဝရမ်း ထုတ်ခဲ့ တယ်။ ပြီးတော့ ဦးကျော်မြင့် အပါအ၀င် လူ (၁၀) ယောက်နီးပါးကို ဖမ်းပြီး မတရား သဖြင့် တရားစွဲဆို ထားတယ်။ အဲဒီလူတွေကို နောက်ကွယ် ကနေ ကြိုးကိုင်တယ် ဆိုပြီး စွပ်စွဲတယ်။ အခု မနေ့က ဖြစ် ခဲ့တဲ့ ပြဿနာ တွေက ဒီလူတွေ မရှိဘဲနဲ့ ဖြစ်နေတာ မဟုတ်လား? အဲဒီတော့ ပြဿနာ တိုင်း က အာ ဏာပိုင် တွေရဲ့ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု တွေကြောင့်သာ ဖြစ်နေတယ် ဆိုတာကို သတိ ချပ် သင့် ပါတယ်။ 

ပြဿနာ ဖြစ်အောင် ဘယ်သူ ကြိုးကိုင်နေ သလဲ ဆိုတော့ ရခိုင် ပြည်နယ် အစိုးရ ကိုယ်တိုင် သာ လျှင် ဖြစ်ပါလိမ့်မယ်။ မွတ်စလင် ဒုက္ခသည် တွေရဲ့ သည်းခံ နိုင်စွမ်း ကုန်ခမ်း လာအောင် ဖန်တီး ပြီး ပြဿနာ ဖြစ်အောင် အာဏာပိုင် တွေက လုပ်နေတယ် ဆိုရင် လုံးဝ မမှားပါဘူး။ 

သမ္မတ ဦးသိန်းစိန် အပေါ်မှာ နိုင်ငံ တကာက ပေးတဲ့ ဖိအား ပေါင်းစုံကြောင့် တရားဝင် လူဆိုး ဒမြလို့ ကမ္ဘာမှာ ကျော်ကြားတဲ့ နစက ကိုဖျက်သိမ်း လိုက်ပေမယ့် နစကရဲ့ ဘိုးအေလို့ ခေါ်ရမယ့် ရခိုင် လူမျိုး အများစုပါဝင်တဲ့လုံထိန်းတွေကဒုက္ခသည်တွေ အပေါ်လူသားမဆန်တဲ့ပြစ်မှုတွေ ကျူး လွန် နေ တာကြောင့် ဒုက္ခသည် တွေရဲ့ မကျေနပ်မှုတွေ တနေ့ထက် တနေ့ ပိုလာ နေတယ် ဆိုတာကို ဦးဝင်းမြိုင်လို ပြည်နယ် အစိုးရ ပြန်ကြားရေး တာဝန်ခံက သေချာ လေ့လာ သင့်တယ်။ 

တကယ်လို့ မတရား ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ လူကြီးတွေသာ အပြင်မှာ ရှိနေခဲ့ရင် သြဂုတ်လ (၉) ရက်နေ့က ပြဿနာက ဒီလောက် ကြီးမား လာမှာ မဟုတ်ဘူး။ လူသေ အလောင်းကို သက်ဆိုင်ရာ လူ ကြီးတွေဆီ အပ်ပြီး လိုအပ်သလို ကိုင်ကွယ် ဖြေရှင်း သွားမှာ ဧကန်မုချ အမှန်ပါ။ သည်းခံ နိုင်စွမ်း ကုန်ဆုံးအောင် လုပ်လိုက်လို့ ဒေါသ အမျက်တွေနဲ့ ပြည့်နေတဲ့ ဒုက္ခသည် တွေကို ဖြောင်းဖြဖို့ လူကြီးတွေ မရှိတော့တာ စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေ ကလည်း အဲဒီ လူကြီးတွေကို ဘယ်လောက် ချစ် ခင်ပြီး ခေါင်းဆောင်ကောင်း တွေကို အားကိုး သလို အားကိုး နေတယ် ဆိုတာ ပြည်နယ် အစိုးရလည်း သဘောပေါက် သင့်ပါပြီ။ 

ဦးကျော်မြင့် တို့အတွက် ရှေ့နေလိုက် ပေးနေတဲ့ တရား လွှတ်တော် ရှေ့နေ ကိုလည်း ရခိုင် ဘုန်း ကြီး တွေက စစ်တွေ လေဆိပ်မှာ တစ်ခါ၊ စစ်တွေ တရားရုံးမှာ တစ်ခါ တိုက်ခိုက်ဖို့ ကြိုးစား ခဲ့တယ်လို့ သိရ တယ်။ စစ်တွေ တရားရုံးမှာ ဘုန်းကြီးတွေက ရန်ကုန်မြို့ခံ ဗမာလူမျိုး ရှေ့နေကို တိုက်ခိုက် ဖို့ လာတော့ လုံထိန်းတွေက ရှေ့နေကို အကာ အကွယ် ပေးပြီး စစ်တွေ ဟိုတယ်ကို ပို့ပြီး နောက်နေ့ လေ ဆိပ် ကို ရောက်တဲ့ အထိ လုံခြုံရေးနဲ့ ထားခဲ့ ရကြောင်း သိခဲ့ရတယ်။ ပြီးတော့ အဲဒီ ရှေ့နေကို ရခိုင် ပြည် နယ် အစိုးရ ထိပ်တန်း တာဝန် ရှိသူတွေက စစ်တွေ ဟိုတယ်မှာ လျှို့ဝှက် တွေ့ပြီး အဲဒီ အမှုကို မလိုက်ပေး ဖို့ တောင်းဆို ခဲ့တယ်လို့လည်း သိရတယ်။ ဒီရှေ့နေနဲ့သာ ဆိုရင် မတရား သဖြင့် ဖမ်းဆီး ခဲ့ရတဲ့ ဦးကျော် မြင့် တို့အားလုံး လွတ်မြောက်ဖို့ အလားအလာ များလို့ ရှေ့နေကို ပထုတ် လိုက်တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံ ထားရတဲ့ သူတွေရဲ့ မိသားစု တွေကိုလည်း လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က တွေ့ဆုံပြီး ဒီကိစ္စတွေကို မေးမြန်း ပြီးပါပြီ။ 

အဲဒီအမှုမှာ အဓိက သက်သေ အဖြစ် ပါဝင်တဲ့ ဗမာ လူမျိုး လ၀က တွေက ဦးကျော်မြင့် တို့မပါတဲ့ အကြောင်းကို ထွက်ဆို ပေမယ့်လည်း လုံးဝ မဆိုင်တဲ့ ရခိုင် လူမျိုး လ၀က တွေကတော့ ဦးကျော်မြင့် တို့ကိုယ်တိုင် တိုက်ခိုက်တယ် ဆိုပြီး အခြေ အမြစ် မရှိတဲ့ စကားလုံးတွေနဲ့ သက်သေ ထွက်ဆို နေတဲ့ အ တွက် ဦးကျော်မြင့် တို့ဘက်က အမှုမှာ အားသာ နေတာကို တွေ့ရ ပါတယ်။ အဲဒါကြောင့် အမှုလိုက် တဲ့ ရှေ့နေကို ရခိုင် ဘုန်းကြီးတွေက နည်းလမ်း ပေါင်းစုံနဲ့ ချဉ်းကပ် နေတယ်လို့လည်း သိရတယ်။ 

ဦးကျော်လှအောင် ကတော့ အဲဒီ အမှုတွဲမှာ မပါဘဲ သံသယ ရှိသူ တစ်ယောက် အနေနဲ့သာ ဖမ်းဆီး ထားတယ်လို့ သိရပြီး၊ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် သူတို့ ပြည်နယ် အစိုးရက ဘာမှ မသိဘဲ ရဲကသာ ဖမ်းထားတာ ဖြစ်တယ်လို့ မြန်မာ တိုင်းမ်ကို ပြောသွားတယ်။ ဦးကျော်လှအောင်ကို ဖမ်းထားတဲ့ အချိန်က စပြီး ဇူလိုင်လ (၃၁) ရက်နေ့မှာ တရားရုံးတင် စစ်ဆေး ခဲ့ပေမယ့်လည်း အခု အချိန်ထိ ဘာပုဒ်မနဲ့မှ တရား စွဲ ဆိုထားတာ မရှိဘူးလို့ စစ်တွေ အမှတ် (၁) ရဲစခန်း သတင်းအရ သိရတယ်။ 

အတည်ပြုလို့ မရတဲ့ သတင်းတွေ အရ ကတော့ ဦးကျော်လှအောင်ကို ပုဒ်မ ၁၄၈ (လက်နက် ကိုင်ဆောင် မှု)၊ ပုဒ်မ ၁၅၀ (အစိုးရ တာဝန် ထမ်းဆောင် နေစဉ် အစိုးရ အမှုထမ်းအား ၀တ္တရား နှောက်ယှက်မှု)၊ ပုဒ်မ ၃၃၃ တို့နဲ့ တရားစွဲဆို နေတယ်လို့ ပြောဆို နေကြ ပေမယ့်လည်း သူ့ရဲ့ မိသားစုဝင် တွေကတော့ အခု အချိန် ထိ ဘာပုဒ်မမှ မတပ်ရ သေးဘူးလို့ ပြောပါတယ်။

ဖြစ်စဉ်တိုင်းမှာ လိမ်ညာ ပြောဆိုနေတဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် ကတော့ သူ့ပါးစပ်ထဲက ထွက်သ လို ပြောနေတော့ ကြာတော့လည်း လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က အရူးလို့ ခေါ်တာ နည်းတော့ နည်းနေ မလားလို့ သာပြောရမှာပါ။

Comment ရေးရန်

Rohingya Exodus