နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗြိတိန် အောက်လွှတ်တော် ဥက္ကဌ၏ စိန်ရတု ခန်းမ မိန့်ခွန်း

(ဓါတ်ပုံ - Foreign Office News on Burma Facebook)

RB News
2.8.2013

ရန်ကုန် ။ ။ မြန်မာ နိုင်ငံကို အလည် အပတ် ရောက်ရှိ နေသည့် ဗြိတိန် အောက်လွှတ်တော် ဥက္ကဌ မစ္စတာ ဂျွန်ဘာကိုသည် ယမန်နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ၌ မိန့်ခွန်း ပြောကြား ခဲ့သည်။ ၎င်း၏ မိန့်ခွန်းတွင် ရိုဟင်ဂျာ အရေးကို ထည့်သွင်း ပြောကြား ခဲ့ပြီး၊ နားလည်မှု လွှဲမှားခြင်းများ မရှိတော့ရန် ရိုဟင်ဂျာ သမိုင်းကို လေ့လာရန် တိုက်တွန်း ခဲ့သည်။ 

အဆိုပါ မိန့်ခွန်းကို နားထောင်ရန် သွားခဲ့သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က RFA မြန်မာပိုင်းနှင့် အင်တာဗျူးတွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိခဲ့ဘူးဟု ပြောဆိုသူ မည်သူ မဆိုနှင့် အချိန်မရွေး ဆွေးနွေးရန် ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။ 

အသေးစိတ်ကို RFA မြန်မာပိုင်းမှ ရိုက်ကူး တင်ဆက် ထားသည့် အောက်ပါ ဗီဒီယို မှတ်တမ်းတွင် ကြည့်ရှု နိုင်ပါသည်။ 


Comment ရေးရန်

Rohingya Exodus