နောက်ဆုံးသတင်း/ဆောင်းပါးများ

မူးယစ်သောင်းကျန်းနေသည့် ရခိုင်တစ်ဦးကြောင့် ဒေသခံများ စိတ်ပျက်နေ

ဘူးသီးတောင်မြို့တွင် တရားဝင် လူဆိုးသဖွယ် သောင်းကျန်း နေသော ရခိုင်တစ်ဦးကြောင့် ဒေသခံများ စိတ်ပျက်လျက်ရှိ

RB News
18.8.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ အမှတ် (၆) ရပ်ကွက်ရှိ အလယ်တန်း ကျောင်း၊ အမှတ် (၁) မှ ကာယ ဆရာ ဖြစ်သူ ရခိုင် လူမျိုး အောင်နိုင် ဆိုသူသည် ဘူးသီးတောင် မြို့အတွင်း တရားဝင် လူဆိုး သဖွယ် သောင်းကျန်းလျက် ရှိနေ သောကြောင့် ဒေသခံ ရိုဟင်ဂျာများ အလွန် စိတ်ပျက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

အောင်နိုင်သည် ဘူးသီးတောင် မြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာ များကို နည်းလမ်း မျိုးစုံဖြင့် အနိုင်ကျင့် လျက်ရှိပြီး၊ တရားဝင် လိုင်စင်ရ ဓါးပြ သဖွယ် ပြုလုပ် လျက်ရှိသည်ဟု သိရသည်။

“မနက် မိုးလင်းတာနဲ့ ဘူးသီးတောင် မြို့မ ဈေးရှေ့က ဟိန္ဒူ လူမျိုး တစ်ဦး ဖြစ်တဲ့ မောင်လှရဲ့ ကွမ်းယာဆိုင် မှာထိုင်တယ်။ ပြီးတော့ အဲဒီမှာ အရက် သောက်တယ်။ မူးယစ် ဆေးဝါးလည်း သုံးစွဲတယ်။ အဲဒီမှာ သင်္ဘောဆိပ် ကတဆင့် လာတဲ့ နယ်ဖက်က လူတွေကို ခေါ်ပြီး သူလိုချင်တာကို ၀ယ်ခိုင်းတယ်။ မ၀ယ်ပေးရင် ရိုက်တယ်။ အောင်နိုင်က ခန္ဓာကိုယ် ဗလကြီးတော့ တော်ရုံ လူတွေ ပြန်ခုခံဖို့ မလွယ်ဘူး။ အဲဒီလို ၀ယ်ခိုင်းရုံတင် မကဘူး။ လူတွေရဲ့ အိတ်ထဲ ပါတဲ့ ငွေတွေကိုလည်း တရားဝင် လိုင်စင်ရ ဒမြလို လုယူတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့အပြင် ဘူးသီးတောင် မြို့ရှိ ဆိုင်ကယ် တက္ကစီ သမားများ ကိုလည်း အောင်နိုင်မှ နည်းအမျိုးမျိုး ဖြင့် ဒုက္ခပေး သည်ဟု ဆိုသည်။

“ဆိုင်ကယ် တက္ကစီ သမား အများစုက အတော်လေး ဆင်းရဲ ပါတယ်။ ဆိုင်ကယ် တက္ကစီ သမားတွေ တားတယ်။ ပြီးတော့ အိတ်ထဲ ပါတဲ့ ပိုက်ဆံ တွေကို နှိုက်ယူတယ်။ ပြီးတော့ သွားစရာ ရှိလို့ ဆိုင်ကယ် ခဏ ပေးဆိုပြီး တောင်းတယ်။ ဆိုင်ကယ်မှာ ဓါတ်ဆီထည့် ပေးရုံနဲ့ တင်မပြီးဘူး။ လမ်းမှာ ကွမ်းစားဖို့၊ ဆေးလိပ် သောက်ဖို့ ပိုက်ဆံလည်း ပေးရတယ်။ အောင်နိုင် တောင်းသမျှ မပေးရင် ဆိုင်ကယ်ကို ဖျက်ဆီးတယ်။ မောင်တော သွားမယ် ဆိုရင်လည်း ဆိုင်ကယ် ယူသွားတယ်။ တခါတလေ ၄/၅ ရက် ပြန်မလာဘူး။ ပြန်လာ တော့လည်း ဆိုင်ကယ် လာမပေးဘဲ သူ့အိမ်မှာ ထားထားတယ်။ သွားတောင်းရင် အနိုင်ကျင့်ပြီး ရိုက်တယ်” ဟု၎င်းမှ ဆက်လက် ပြောပါသည်။ 

ဘူးသီးတောင် မြို့မဈေးသည် အောင်နိုင်၏ ကိုယ်ပိုင် စူပါ မားကတ် တစ်ခု သဖွယ် ဖြစ်နေသည် ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

"မြို့မ ဈေးထဲမှာ ရှိတဲ့ ရိုဟင်ဂျာ တွေပိုင်တဲ့ ဆိုင်တွေ အားလုံးက အောင်နိုင်ရဲ့ စူပါ မားကတ် တစ်ခု လိုဖြစ်နေတယ်။ သူကြိုက်တဲ့ ဆိုင်က ကြိုက်တဲ့ ပစ္စည်းကို ယူတယ်။ ပိုက်ဆံ တောင်းရင် လက်သီး ပြတယ်။ အလကား ပေးလို့ မရဘူး ပြောရင် ၀င်ပြီး ရိုက်တယ်။ ဆိုင်ထဲက cash ထဲရှိတဲ့ ပိုက်ဆံ တွေကိုပါ ယူတယ်။ ဘူးသီးတောင် မြို့မှာ ငွေမလိုဘဲ ကြိုက်တဲ့ ပစ္စည်းကို သူယူလို့ ရတယ်။ အာဏာပိုင် တွေက မြင်နေ ပေမယ့်လည်း ဘာမှ မပြောဘူး" ဟု ဆိုသည်။ 

ယခုကဲ့သို့ တရားဝင် လိုင်စင်ရ လူဆိုး သဖွယ် သောင်းကျန်း နေသော်လည်း ဘူးသီးတောင် မြို့နယ် အာဏာပိုင် များမှာ ရခိုင် လူမျိုး ဖြစ်နေသောကြောင့် အရေးယူခြင်း မပြုလုပ်ဘဲ ရိုဟင်ဂျာ များကို နိုင်ထက် စီးနင်း လုပ်ချင် လုပ်သလို လုပ်ပါစေ ဆိုသည့် အမြင်ဖြင့် လွှတ်ထားသည်ကို တွေ့ရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus