နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှားသို့ လူကုန်ကူးရန် အာဏာပိုင်များ ကိုယ်တိုင် လူစုလျက်ရှိ

RB News
18.8.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်မှ ရိုဟင်ဂျာများ နိုင်ငံခြားသို့ ထွက်သွားရန် အာဏာ ပိုင်များ ကိုယ်တိုင် လူကုန်ကူးမှုတွင် ပါဝင်၍ ယခု ရက်ပိုင်း အတွင်း စက်လှေ တစ်စီး ထွက်ခွာ နိုင်ရန် လူစု လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့ တောင်ပိုင်းမှ အာဏာပိုင်များ ဖြစ်သည့် SB မှ ဦးအောင်ကျော်ဇင်၊ စရဖမှ တပ်ကြပ်ကြီး ကြည်ဟန်၊ လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒု-တပ်ကြပ် တင်ထွန်း၊ အလယ်သံကျော် ကျေးရွာ အုပ် ချုပ်ရေးမှူး ဦးမောင်သက်နိုင် တို့မှ ဦးစီး၍ မလေးရှား နိုင်ငံသို့ လူပို့ရန် လွန်ခဲ့သည့် သုံးရက်မှ စ၍ လူစု လျက် ရှိကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုး များကို သွားလာရေးနှင့် အစစ အရာရာ ကန့်သတ် ထားသောကြောင့် အများစုမှာ လုပ်ကိုင် စားသောက်ရန် ကျပ်တည်း လျက်ရှိသည်။ အာဏာပိုင် များမှလည်း ရိုဟင်ဂျာ လူမျိုး များကို နိုင်ငံတွင်းမှ အပြီးအပိုင် ထွက်သွားရန် လူကုန်ကူးမှု လုပ်ငန်းကို ယမန်နှစ်က စပြီး လုပ်ကိုင်ပြီး တချက်ခုတ် နှစ်ချက်ပြတ် သဖွယ် ၀င်ငွေရှာ၍ ရိုဟင်ဂျာ လူမျိုး များကို အနုနည်းဖြင့် နိုင်ငံတွင်း မှ မောင်း ထုတ် လျက်ရှိပါသည်။

ဒေသခံ များ၏ ပြောကြားချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စိန့်မာတင်ကျွန်း အနီးတွင် စက်လှေကြီး တစ်စီး အဆင်သင့် ထား၍ မောင်တောမြို့ တောင်ပိုင်းရှိ ရွာများမှ ရိုဟင်ဂျာ များအား စည်းရုံးလျက် ရှိကြောင်း သိရသည်။ ယခုအခါ လူပေါင်း ၃၀၀ ခန့် စုဆောင်း မိပြီး လူကုန်ကူးမှု လုပ်ကိုင်သည့် အာဏာပိုင် များမှ ၁၀၀၀ ခန့်အထိ စုဆောင်း သွားမည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ် ဇွန်လတွင် အကြမ်းဖက် မှုများ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ လူမျိုးများ ၁၃၀၀၀ ကျော် စက်လှေဖြင့် ထွက်ခွာသွား ခဲ့သည်ဟု ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး မှ ထုတ်ပြန် ကြေညာခဲ့သည်။ စက်လှေဖြင့် သွားသည့် ခရီးလမ်းကြမ်း တွင်လည်း လူပေါင်း ၅၀၀ ထက် မ နည်း စက်လှေ နစ်မြှစ်၍ သေဆုံး ခဲ့ရသည်။ 

ယခု စည်းရုံးနေသည့် ခရီးစဉ်တွင် လိုက်ပါမည့်သူ များထံမှ ငွေကျပ် နှစ်သိန်းခွဲမှ သုံးသိန်းထိ တောင်းခံ လျက် ရှိသည်ဟု ဆိုသည်။ လိုက်ပါမည့် သူများကို မောင်တောမြို့ တောင်ပိုင်းရှိ ရွာများမှ စက်လှေငယ် များဖြင့် တင်ဆောင်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စိန့်မာတင်ကျွန်းရှိ စက်လှေကြီးဖြင့် မလေးရှား နိုင်ငံသို့ ပို့ဆောင် သွားမည်ဟု သိရှိ ရပါသည်။ 

ဒေသခံ အများစုမှ စက်လှေဖြင့် သွားရသည့် ခရီးကြမ်းတွင် အသက် အန္တရာယ်ရှိ သဖြင့် နိုင်ငံတော် အစိုး ရမှ ဒေသဆိုင်ရာ အာဏာပိုင် များ၏ လူကုန်ကူးမှု လုပ်ငန်းကို အချိန်မှီ တားဆီး ပေးရန် လိုလားနေ ကြ သည်။ 


Comment ရေးရန်

Rohingya Exodus