စစ်တွေမြို့တွင် ဖုန်းကဒ်ထွက် ၀ယ်သူကို လုံထိန်းက သေနတ်ဖြင့် ပစ်၍ ဒဏ်ရာရ
RB News
10.8.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်း ဒုက္ခသည် စခန်းမှ ဒုက္ခသည် တစ်ဦးက ဖုန်းကဒ် ထွက် ၀ယ် သည်ကို လုံထိန်းမှ ပစ်ခတ် သောကြာင့် ခြေထောက်တွင် ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိ ပါ သည်။
ယမန်နေ့ (သြဂုတ်လ ၉ ရက်) ည ၉း၃၀ နာရီတွင် ဖုန်းကဒ် ထွက်ဝယ်သည့် ရိုဟင်ဂျာ မွတ်စလင် ဒုက္ခ သည် ကိုနူရ်အာမီးန် (ဘ) ဦးဘော်ဒူမျာ (အသက် ၂၇ နှစ်) အား လုံထိန်း တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ရာ ညာဘက် ခြေထောက်တွင် ဒဏ်ရာ ရရှိသွားကြောင်း သိရှိ ရပါသည်။
ကိုနူရ်အာမီးန်သည် ပေါက်တောမြို့မှ ဖြစ်ပြီး၊ ပေါက်တော မြို့တွင်လည်း ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ် ခံ ရပြီး ၀ဲဘက် ခြေထောက် ဒဏ်ရာ ရရှိခဲ့သည်။ ၎င်း၏ ဒဏ်ရာကို ဆေးကုသရန် အတွက် စစ်တွေမြို့ သို့ ရောက်ရှိ နေပြီး၊ သဲချောင်း ဒုက္ခသည် စခန်းတွင် နေထိုင်လျက် ရှိခြင်း ဖြစ်သည်။
ကြာသပတေးနေ့ မှစ၍ လုံထိန်းများ၏ လူမဆန်သည့် သတ်ဖြတ်မှု၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၈ ဦး သေဆုံး ခဲ့ရပြီး၊ ယခု ကိုနူရ်အာမီးန် အပါအ၀င် ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။
“ဒီမှာတော့ လူတွေ ပွဲချင်းပြီး သေတဲ့သူ သေတယ်။ ဒဏ်ရာ ရပြီးမှ သေတဲ့သူ သေနေတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ် ကတော့ မရှက် မကြောက် လိမ်မြဲ လိမ်နေ တာကို တွေ့နေ ရတယ်။ အစိုးရက ဘယ်လောက် လိမ်လိမ်၊ ကျွန်တော်တို့ရဲ့ အခြေ အနေမှန် ကို မြင်သွားတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေ၊ မီဒီယာတွေ ရှိပါတယ်” ဟု စစ်တွေမြို့မှ ဒေသခံ ဒုက္ခ သည် တစ်ဦးက RB News သို့ပြောပါသည်။