နောက်ဆုံးသတင်း/ဆောင်းပါးများ

Brisbane မြို့ အီးဒ်ပါတီသို့ သြစတြေးလျ လွှတ်တော်အမတ် တက်ရောက် အားပေး



RB News
16.8.2013

ဘရီးစ်ဘိန်း ။ ။ သြစတြေးလျ နိုင်ငံ ကွင်းစ်လန် အခြေစိုက် မြန်မာ ရိုဟင်ဂျာများ အသင်း (BRAQA) မှဦးစီးပြီး အီးဒ်ပါတီကို သြဂုတ်လ (၁၁)ရက်နေ့ညနေပိုင်းတွင် သြစတြေးလျ နိုင်ငံတကာ အစ္စ လာမ် ကော လိပ်ရှိ ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အခမ်းအနားသို့ ဒေသခံများ၊ ရိုဟင်ဂျာ များနှင့် အစိုးရ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များမှ ၄၂၀ ဦးခန့် တက်ရောက် ခဲ့သည်။ သြစတြေးလျ အထက် လွှတ်တော် အမတ် Claire Moore နှင့် အခြားသော ဌာန ဆိုင်ရာနှင့် လူမှုရေး အဖွဲ့အစည်း များလည်း တက်ရောက် ခဲ့သည်။ 

အထက် လွှတ်တော် အမတ် Claire Moore က တက်ရောက် လာသူ များအားလုံး Eid Mubarak ဟု နှတ်ဆက် ၍ ယခုကဲ့သို့ ဒေသခံ များအားလုံးနှင့် အတူတကွ ပူးပေါင်း၍ ဆင်နွှဲခြင်း အတွက် အထူးကျေး ဇူး တင်ကြောင်း ပြောကြားသည်။ 

BRAQA ဥက္ကဌ ဖြစ်သူ ဦးဟူစိန်း ဂျိုဟာရ်မှ တက်ရောက် လာသော လွှတ်တော် အမတ်နှင့် အစိုးရ ဌာန ဆိုင်ရာများကို ကျေးဇူး တင်ကြောင်း ပြောကြားပြီး၊ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး၏ လူသားချင်း ဆိုင်ရာ အထောက် အပံ့များ၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေးနှင့် ရိုဟင်ဂျာ အရေး ကိစ္စများ အတွက် တက်ကြွစွာ ဆောင်ရွက် နေမှုများကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။ 

တနင်္ဂနွေနေ့က ကျင်းပ ခဲ့သည့် အခမ်း အနားသည် BRAQA ၏ အကြီးကျယ်ဆုံး အခမ်း အနား တစ်ခု ဖြစ်ပြီး၊ အခမ်းအနားကို ကုရ်အာန် ရွတ်ဖတ်ခြင်းနှင့် သြစတြေးလျ နိုင်ငံတော် သီချင်း ဆိုခြင်း တို့ဖြင့် ဖွင့်လှစ် ခဲ့သည်။ BRAQA ဒု-ဥက္ကဌ ဦးဆယာဒ်အမီးန်မှ မျိုးချစ် စိတ်ဓါတ် ရှင်သန်တက်ကြွ သီချင်း တစ်ပုဒ်ဖြင့် ဖျော်ဖြေ ခဲ့သ်ည။ ထို့နောက် အခမ်းအနားကို ဒိုအာ ဆုမွန်ကောင်း တောင်းပြီး ရိုဟင်ဂျာ ရိုးရာ အစားအသောက်များ ကျွေးမွေး၍ ညပိုင်းတွင် ရုတ်သိမ်း ခဲ့ကြောင်း သိရှိ ရပါသည်။






Comment ရေးရန်

Rohingya Exodus