နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေဆေးရုံကြီးတွင် ရိုဟင်ဂျာများကို ဆေးမကုဘဲ သတ်နေသည်ဟု သံသယဖြစ်နေကြ

သေဆုံးသွားသော ဒေါ်နူရ်ဘေဂမ် (ဓါတ်ပုံ - စစ်တွေ IDP)

RB News
August 15, 2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေ ဆေးရုံကြီးသို့ ရိုဟင်ဂျာများ တက်ရောက် ဆေးကုသခွင့် မရှိသော်လည်း အရေးပေါ် လူနာ များကို NGO များမှ ဆေးကုသရန် စစ်တွေ ဆေးရုံကြီးသို့ ပို့လေ့ရှိ သည်။ ဒေသခံ များ၏ ပြောကြားချက် အရ လူနာရှင် အများစုမှာ ဆေးရုံမှ အလောင်း ကိုသာ လက်ခံ ရလေ့ရှိ သောကြောင့် ဆေးရုံရှိ ဆရာဝန်များ အပေါ် သံသယ ဖြစ်နေကြောင်း သိရသည်။

စစ်တွေမြို့၊ အုန်းတောကြီး ဒုက္ခသည် စခန်းတွင် နေထိုင်သော ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်နူရ်ဘေဂမ် (ဘ) ဦးအဒူရှရီဒ် (အသက် ၃၅ နှစ်) ကို သြဂုတ်လ (၁၁) ရက်နေ့က ဒုက္ခသည် စခန်းရှိ AzG ဆေးခန်းမှ စစ်တွေ ဆေးရုံကြီးသို့ ကလေး မွေးဖွားရန် ပို့ခဲ့သည်။ ဒေါ်နူရ်ဘေဂမ်သည် ဆေးရုံ၌ သြဂုတ် (၁၃) ရက်နေ့ တွင် သေဆုံး ခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင် သေဆုံးသူ၏ အလောင်းကို မိသားစုသို့ ပေးအပ် ခဲ့ကြောင်း သိရသည်။ 

ဒေါ်နူရ်ဘေဂမ်၏ အလောင်းကို ညနေ ၅ နာရီတွင်မှန်စီ ကဗရ်စတန်(သင်္ချိုင်း) တွင်မြှပ်နှံသဂြိုဟ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ ဒေါ်နူရ်ဘေဂမ်တွင် ကလေး ၃ ယောက် ကျန်ရစ် ခဲ့သည်။ 

လွန်ခဲ့သည့် သောကြာနေ့ (သြဂုတ်လ ၉ ရက်) နေ့တွင် ဒဏ်ရာ ရရှိသူများမှ ၆ ဦးကို စစ်တွေ ဆေးရုံကြီး သို့ ပို့ခဲ့ရာ ဆေးရုံသို့ ရောက်ပြီးနောက် ၃ ဦး သေဆုံး ခဲ့သည်။ 

ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်နှင့် ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်တို့မှ အခင်းဖြစ်ပွား ပြီးနောက် ၃ ဦး ဒဏ်ရာရရှိသည်ဟု ပြောဆို ခဲ့သော်လည်း၊ ဦးဝင်းမြိုင် က နောက် ပိုင်းတွင် ၇ ဦး၊ တစ်ဖန် ၁၀ ဦးဟု ပြောဆိုခဲ့သည်။ သို့သော်လည်း သေဆုံးသူ အရေအတွက်ကို အခု အချိန်ထိ အမှန်အတိုင်း ဖွင့်ဆို ပြောကြားခြင်း မရှိသေး သည်ကို တွေ့ရှိ ရပါသည်။ 

စစ်တွေ ဆေးရုံကြီးသို့ NGO များ၏ ပို့ဆောင်မှုကြောင့် ရောက်ရှိသော လူနာ များကို ဆရာဝန် များနှင့် သူနာပြု များက နှိမ့်ချ ဆက်ဆံခြင်း၊ လူမျိုး၊ ဘာသာ ခွဲခြား၍ ပြောဆိုခြင်း၊ ဆဲဆိုခြင်း များရှိကြောင်း ဆေးရုံ သို့ ရောက်ခဲ့ ဖူးသူများ ထံမှ သိရှိရသည်။ ဆေးရုံသို့ ဆေးကုသရန် ရောက်ရှိသူ အများစုမှာ အသက် ရှင်၍ ပြန် မရောက် လာဘဲ အလောင်းသာ လက်ခံ ရရှိသဖြင့် ဆရာဝန် များနှင့် သူနာပြု များ၏ လုပ်ကြံများ ရှိနိုင်သည်ဟု အများစုက သံသယဖြစ်နေ ကြသည်။ ဒုက္ခသည်စခန်းများတွင်NGO များမှ ဖွင့်လှစ် ထားသော ဆေး ခန်း များ ရှိသော်လည်း ဆေးကုသမှု အတွက် အခက် အခဲ များစွာ ကြုံတွေ့ နေ ရ ပြီး၊ ဆေး ၀ါး မလုံလောက်မှု များကြုံတွေ့ လျက်ရှိကြောင်း သိရှိ ရပါသည်။

Comment ရေးရန်

Rohingya Exodus