ထိုင်းနိုင်ငံ တောင်ပိုင်းသို့ မြန်မာ နိုင်ငံမှ ရိုဟင်ဂျာ ၂၁၉ ဦး ရောက်ရှိ
RB News
11.9.2013
ထိုင်းနိုင်ငံ၊ တောင်ပိုင်း ဆသွန် ပြည်နယ်သို့ မြန်မာ နိုင်ငံ၊ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၂၁၉ ဦး စက်လှေဖြင့် ရောက်ရှိ သွားသည်ဟု ထိုင်းနိုင်ငံရှိ သတင်းဌာန များမှ ယနေ့ ဖော်ပြ ရေးသား ထားသည်။
ယခု ရာသီသည် စက်လှေ ဖြင့် ပင်လယ်ပြင် ခရီးသွား ရသည့် အချိန် မဟုတ်ဘဲ၊ အောက်တိုဘာလ ကုန် သည့် အချိန်မှ သာစက်လှေ ဖြင့်ပင်လယ်ပြင် ခရီးသွား ရသည့် အချိန် ဖြစ်သော်ငြားလည်း ဒေသတွင်း အာ ဏာ ပိုင် များ၏ ညှင်းပန်း နှိပ်စက်မှု ပေါင်းစုံကြောင့် ယခုကဲ့သို့ အသက်စွန့်၍ ပင်လယ် ခရီးကြမ်းကို စွန့်စား ၍ မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင် နေခြင်း ဖြစ်သည်။
ယခု ရောက်ရှိ သွားသော စက်လှေနှင့် အတူ အခြား စက်လှေ သုံးစီး ရောက်သင့် သော်လည်း၊ ထိုင်းနိုင် ငံတွင်ပင်လယ်ပြင်များရှိသောဖူးကတ်မြို့မြောက်ပိုင်းနှင့်တောင်ပိုင်း မြို့များသို့ ယခုထိရောက်ရှိ မ လာသေး ဟု အဆိုပါ သတင်းများတွင် ရေးသား ဖော်ပြ ထားပါသည်။
ရောက်ရှိ သွားသော ရိုဟင်ဂျာ ဒုက္ခသည် ၂၁၉ ဦးကို ထိုင်း ဒေသခံရဲ များက ထွန်းဂွာ ခရိုင်၊ ရာဝေ ကမ်းခြေ တွင်ထိန်းသိမ်း ထားပြီး စစ်တပ် ရောက်ရှိလာမှ စစ်ဆေး၍ လူဝင်မှု ကြီးကြပ်ရေး လုပ်ထုံး လုပ် နည်း များကို ပြုလုပ်မည် သိရှိ ရပါသည်။
ထိုင်းနိုင်ငံသို့ ယခုနှစ် အစောပိုင်းတွင် ရောက်ရှိ သွားသူ များကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ဖြင့် ထိန်းသိမ်း ရေးစခန်း များတွင် ထိန်းသိမ်း ထားသည်မှာ ၈ လ ကျော် ရှိပြီ ဖြစ်ပြီး၊ ယခု ရောက်ရှိ သွားသော ဒုက္ခသည် များကိုလည်း ထိန်းသိမ်း ထားမည်ဟု ယူဆရသည်။ ယမန်နှစ် အတွင်း ရခိုင် ပြည်နယ်မှ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၃၅၀၀၀ ခန့် နိုင်ငံတွင်းမှ ထွက်ပြေး၍ အိမ်နီးချင်း နိုင်ငံ များတွင် ခိုလှုံခွင့် တောင်းခံ ခဲ့သည်။ ထိုင်းနိုင်ငံတွင် ထိန်းသိမ်း ခံရသူ များကို ကနဦး ၆ လ ထိန်းသိမ်း ထား၍ မြန်မာ နိုင်ငံ (သို့) တတိယ နိုင်ငံသို့ ပို့ရန် ထိုင်းအစိုးရမှ စီစဉ် ခဲ့သော်လည်း မအောင်မြင် သဖြင့် နောက်ထပ် ၆ လ သက်တမ်းတိုး၍ ဆက်လက် ထိန်းသိမ်း ထားခဲ့သည်။
ရောက်ရှိ သွားသူများမှ လာမည့် ဧပြီလတွင် ယမန်နှစ်က ထွက်ခွာသည်ထက် သုံးဆခန့် ထွက်ခွာ လာလိမ့်မည်ဟု ယူဆကြောင်း ပြောကြားသည်။ ဒေသတွင်း အာဏာပိုင် များ၏ ညှင်းပန်း နှိပ်စက်မှု များကြောင့် ယခုကဲ့သို့ အသက်စွန့်၍ အခြား နိုင်ငံ များတွင် ခိုလှုံခွင့် တောင်းခံ နေရခြင်း ဖြစ်သည်ဟု ဆိုသည်။
(ဓါတ်ပုံ - Phuketwan)
(ဓါတ်ပုံ - Phuketwan)