ဆီးရီးယားအရေး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း
ပုပ်ရဟန်းမင်းကြီး Francis |
2.9.2013
ဆီးရီးယား နိုင်ငံမှာ ဓာတု လက်နက် အသုံးပြုမှု အတွက် ပုပ်ရဟန်း မင်းကြီးက ပြစ်တင် ရှုတ်ချ လိုက်သ လို တချိန် တည်းမှာပဲ အင်အားသုံး ဖြေရှင်းမယ့် အစီအစဉ် ကိုလည်း ဆန့်ကျင်ကြောင်း ပြောဆို လိုက် ပါ တယ်။
ဒမတ်စကတ် မြို့တော် ဆင်ခြေဖုံး အရပ်က တိုက်ခိုက် မှုဒဏ် ခံခဲ့ရတဲ့ သူတွေရဲ့ပုံတွေဟာ အခု အထိ ရင် ထဲ မှာ မဖျောက် နိုင်သေးတဲ့ အကြောင်း ပရိသတ် ထောင်ပေါင်း များစွာ တက်ရောက် လာတဲ့ ဗာတီ ကန် ကျောင်းတော် စိန်ပီတာ ရင်ပြင်က တနင်္ဂနွေနေ့ တရားပွဲမှာ ပုပ်ရဟန်း မင်းကြီး Francis ကမိန့်ခဲ့ တာ ပါ။
ဓာတု လက်နက် တွေနဲ့ တိုက်ခိုက်မှု အတွက် သံသယ ရှိနေတဲ့ ဆီးရီးယား သမ္မတ Bashar al-Assad အစိုးရ အပေါ် စစ်ရေး အရ အရေးယူဖို့ တောင်းဆို သံတွေနဲ့ ပြင်ဆင် မှုတွေ ကြီးထွား လာနေတာ ကိုတော့ လက်မခံတဲ့ သဘောထား ကိုလည်း ရဟန်း မင်းကြီးက အလေးထား ပြောဆို သွားပါတယ်။ စစ်ပွဲ တွေနဲ့ အကြမ်းဖက်မှုတွေကြောင့်ပြဿနာတွေပြေလည်မှု မရနိုင် တာကြောင့် သက်ဆိုင်သူတွေ အားလုံး အနေနဲ့ ညီရင်း အကိုလို ဆွေးနွေး ညှိနှိုင်း ဖြေရှင်း ကြဖို့ ပန်ကြား ခဲ့တာပါ။
ဆီးရီးယားမှာ ငြိမ်းချမ်းမှု ရရှိရေး အတွက် ရှေ့သီတင်းပတ်ထဲ ဆုတောင်း ပွဲကိုလည်း တက်ရောက် ကြဖို့ ပုပ်ရဟန်း မင်းကြီး Francis က တိုက်တွန်း လိုက်ပါတယ်။ တချိန် တည်းမှာပဲ ဆီးရီးယား နိုင်ငံက ပြန်လာ တဲ့ ကုလသမဂ္ဂ ဓာတု လက်နက် စစ်ဆေးရေး အဖွဲ့ရဲ့ နမူနာ တွေကို အမြန်ဆုံး လေ့လာ သုံးသပ် ဖို့လည်း အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ညွှန်ကြား ခဲ့တာပါ။
သြဂုတ်လ ၂၁ ရက်နေ့က ဖြစ်ပွား ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစောပိုင်းမှာ ကြန့်ကြာ မှုတွေ ရှိခဲ့ပေ မဲ့ စစ်ဆေး မှုတွေ လုပ်ဆောင် နိုင်ခဲ့ ကြတဲ့ ကုလ သမဂ္ဂ ကျွမ်းကျင်သူ အဖွဲ့ ကတော့ စနေနေ့ ကပဲ ဆီးရီး ယား နိုင်ငံက ပြန်လည် ထွက်ခွာ လာခဲ့ကြတာ ဖြစ်ပါတယ်။