နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့နယ်တွင်း ရိုဟင်ဂျာများ လက်ထပ်ခွင့်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကိုင်တွယ်မည်

RB News
2.9.2013

မောင်တော ။ ။ နှစ်ပေါင်း နှစ်ဆယ်ကျော် ရိုဟင်ဂျာ များ၏ ထိမ်းမြား လက်ထပ်ခွင့်ကို နစက မှ ထိန်းချုပ် ထားခဲ့ပြီးနောက် ယနေ့မှ စ၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ ကိုင်တွယ်ရန် လွှဲပြောင်း ပေး အပ် လိုက် ကြောင်း သတင်း ရရှိပါသည်။ 

၁၉၉၀ နှောင်းပိုင်းတွင် နစက အဖွဲ့ကို ထူထောင်ပြီး ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုး များကို သွားလာခွင့်၊ လက်ထပ်ခွင့်နှင့် ကလေး မွေးဖွားခွင့် တို့အပြင် အခြားသော ကန့်သတ်မှု မျိုးစုံ ပြုလုပ်ခဲ့သည်။ မကြာခင်က နစက အဖွဲ့ကို ဖျက်သိမ်းပြီးနောက်၊ ယနေ့ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်ချုပ်ရေး မှူး များ၏ လစဉ် ပုံမှန် အစည်းအဝေး တွင် ရိုဟင်ဂျာ များ၏ လက်ထပ် ထိမ်းမြား ခွင့်ကို ကျေး ရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များမှ ကိုင်တွယ်ရန် ညွန်ကြား ခဲ့ကြောင်း သိရှိ ရပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ အောက်ပါ (၄) ချက်ကို မှန်ကန်စွာ စီစစ်၍ လက်ထပ်ခွင့် ပြုနိုင်သည် ဟုဆို သည်။

(၁) အသက် ၁၈ နှစ် ပြည့်ရမည်
(၂) အိမ်ထောင်စု စာရင်းတွင် ပါဝင်သူ ဖြစ်ရမည်
(၃) တဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် စာရင်းတွင် ပါသူများကို ခွင့်မပြုရ
(၄) ကျေးရွာ၊ ရပ်ကွက်တွင် အမြဲ အမှန်တကယ် နေထိုင်သူ ဖြစ်ရမည်

ယခင် နစက လက်ထက်တွင် လက်ထပ်ခွင့် လျှောက်လွှာ များကို နှစ်နှင့်ချီ၍ ထားပြီး မှ ငွေကြေး မြောက် မြား စွာယူ၍ ခွင့်ပြု ခဲ့သည်။ ထို့အပြင် လက်ထပ်မည့် သတို့သမီး လောင်းကို စစ်ဆေးရန် ရှိသည် ဟု ခေါ် သွားပြီး မုဒိန်းကျင့်ခြင်းများ မကြာခဏပြုလုပ် ခဲ့သည်။ ထိုကဲ့သို့ နစက၏ ညှင်းပန်း နှိပ်စက်မှု မျိုး စုံကြောင့် အ များစုမှာ လက်ထပ်ခွင့်ကြောင့် တဖက် နိုင်ငံသို့ ထွက်ပြေး ရသည် များစွာ ရှိခဲ့သည်။ 

ယခုကဲ့သို့ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို လုပ်ပိုင်ခွင့် အာဏာ ပေးအပ် လိုက်သော်လည်း၊ ကျေးရွာ အုပ် ချုပ်ရေးမှူး ရခိုင် လူမျိုးများမှာ လာဘ်ငွေ ရမှ ခွင့်ပြုမိန့် ပေးမည်ကို ဒေသခံ အများစုက စိုးရိမ် နေသ ကဲ့သို့၊ ယခင်ကထက် စာလျှင် ခက်ခဲမှု လျော့နည်းမည် ဖြစ်သောကြောင့် ကြိုဆိုကြောင်း RB News သို့ပြော ပါသည်။


Comment ရေးရန်

Rohingya Exodus