နောက်ဆုံးသတင်း/ဆောင်းပါးများ

ပ-ညောင်ပင်ကြီး ကျေးရွာ မူလွန်ကျောင်းတွင် အစိုးရ ဆရာ/မ များ စာသင်ကြားခြင်း မရှိ

RB News
29.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ပ-ညောင်ပင်ကြီး ကျေးရွာ အုပ်စုရှိ အခြေခံ ပညာ မူလတန်း လွန်ကျောင်းတွင် ပညာရေး ၀န်ကြီး ဌာန၊ အခြေခံ ပညာ ဦးစီး ဌာနမှ ဆရာ/မ များ ခန့်အပ် ထားသော်လည်း လာရောက်၍ စာသင်ကြားခြင်း မရှိသောကြောင့် ဒေသခံ ကျောင်းသား/သူ များ ပညာရေး ဆုံးရှုံး နစ်နာ လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

ပ-ညောင်ပင်ကြီး ကျေးရွာ အုပ်စုရှိ အခြေခံ ပညာ မူလတန်း လွန်ကျောင်းတွင် အခြေခံ ပညာ ဦးစီး ဌာန မှ ကျောင်းအုပ်ကြီး ဦးမြင့်အောင် အပါ အ၀င် ဆရာ/မ ၁၁ ဦး ခန့်အပ် ထားကြောင်း ကျောင်းအုပ်ကြီး ဦး မြင့်အောင်မှ ကျောင်း၏ ကြော်ငြာ သင်ပုန်းတွင် ကပ်သည့် စာအရ သိရှိ ရသည်။ သို့သော်လည်း ဇွန် လတွင် ကျောင်းစ ဖွင့်သည့် အချိန်မှ စ၍ ယနေ့ အချိန်ထိ အဆိုပါ ဆရာ/မ များကို ဒေသခံ တစ်ဦး တစ်ယောက်နှင့် ကျောင်းသား / သူ များ မြင်တွေ့ဖူးခြင်း မရှိခဲ့ကြောင်း ဒေသခံ များမှ RB News သို့ ပြောပါ သည်။ 

“ကျောင်းအုပ်ကြီး ကိုတော့ တခါတလေ တွေ့ရတယ်။ ကျန်တဲ့ အစိုးရခန့် ဆရာ/မ ၁၁ ယောက် ဆိုတာတော့ ကျွန်တော်တို့ ကြားဖူးတာ၊ မမြင်ဖူး သေးဘူး။ ဒေသခံ မွတ်စလင် ဆရာ/မ ၁၁ ယောက်ကို မြို့နယ် ပညာရေးမှူး ရုံးကနေ ခန့်ထားတာ ရှိတယ်။ သူတို့တွေ ကတော့ အဆက် မပြတ် စာသင် ပေးနေ တယ်။ သူတို့ ကို ဇွန်လ ကတည်းက ပညာရေး မှူးရုံးက ခန့်ထား ပေမယ့်လည်း အခု အချိန်ထိ လစာ နဲ့ ထောက် ပံ့ကြေး ပေးတာ လုံးဝ မရှိဘူး။ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် လာတုန်းကလည်း ပညာရေးနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မလုပ်ပေးဘူး။” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ရိုဟင်ဂျာလူမျိုးများကိုလူမျိုး၊ဘာသာ ကွဲပြားမှုကြောင့် ပညာရေး၊ စီးပွားရေး၊ လှုမှုရေး၊ ကျန်း မာရေး နှင့် နိုင် ငံရေး များတွင် ဗုဒ္ဓဘာသာ ၀င်များနှင့် မတူဘဲ ခွဲခြား ကန့်သတ် ထားပြီး၊ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ် စက် နေခြင်း တို့ကြောင့် အရွယ် မရောက် သေးသည့် ကလေးငယ် များ၊ အမျိုးသမီး များ၊ သက်ကြီး ရွယ်အို များမှာ မိမိတို့၏ ဌာနေကို စွန့်ခွာ၍၊ စက်လှေ များဖြင့် အခြား နိုင်ငံများသို့ သွားရောက် ခိုလှုံလျက် ရှိရာ၊ လမ်းတွင် စက်လှေ နစ်မြှပ်၍ သေဆုံးခြင်း များအများ အပြား ရှိနေသည်။ ထို့အပြင် ဒေသ တွင်းလည်း အမျိုးသမီး ငယ်များကို အာဏာပိုင် များက မကြာခဏ မုဒိန်း ကျင့်ခြင်း၊ ကိုယ်ထိ လက်ရောက် စော် ကား ခြင်းများ ရှိနေသည်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ရိုဟင်ဂျာ မွတ်စလင် များ၏ ပညာရေး မြင့်မားအောင် ပြု လုပ် ပေးရ မည် ဟု ပြောဆိုခဲ့ သော်လည်း လက်တွေ့တွင် တက္ကသိုလ် ကျောင်း သား/သူ များ ယခု အချိန်ထိ ပညာ သင်ကြား ခွင့် မရသည့် အပြင်၊ မူလတန်း၊ အလယ်တန်းနှင့် အထက် တန်းကျောင်း များတွင်လည်း ဆရာ/မ များ လာရောက် ပညာ သင်ကြား ပေးခြင်း မရှိသောကြောင့် ပညာရေး ဆုံးရှုံးပြီး၊ အခြားသော ကန့် သတ်မှု ပေါင်းစုံကြောင့် လူနေမှုဘ၀ နိမ့်ကျ လျက်ရှိသည်။


Comment ရေးရန်

Rohingya Exodus