တောင်ပြိုလက်ဝဲ စရဖ တပ်ဆွယ်မှူး ထွန်းထွန်းလင်းမှ ဒေသခံများကို အဆက်မပြတ် ဒုက္ခပေးလျက်ရှိ
RB News
28.9.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲရှိ စရဖ တပ်ဆွယ် ရုံးမှ တပ်ဆွယ်မှူး ထွန်းထွန်းလင်း သည် ဒေသခံ ရိုဟင်ဂျာ များကို လူမဆန်စွာ ညှဉ်းပန်း နှိပ် စက်ခြင်း၊ ငွေညှစ် Nခင်း အပြင် ကျေးရွာ အုပ်ချုပ် ရေးမှူး တစ်ဦး ထံမှ ငွေကျပ် သိန်း ၂၀ လုယက် ခဲ့ကြောင်း သတင်း ရရှိ ပါ သည်။
စက်တင်ဘာလ (၂၅) ရက်နေ့တွင် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်နေ၊ ဦးမိုဟာမတ် အာမီးန် (ဘ) ဦးဆော်ဒူ ရာမန် (အသက် ၅၀ နှစ်) အား စရဖ တပ်ဆွယ်ရုံး သို့ခေါ်၍ တပ်ဆွယ်မှူး ထွန်းထွန်းလင်းနှင့် အပေါင်း အပါ များက မဟုတ် မမှန် စွပ်စွဲ၍ ရိုက်နှက် နှိပ်စက်ပြီး၊ ငွေကျပ် ၅ သောင်းနှင့် ဆန် ၃ အိတ် ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
စက်တင်ဘာလ (၂၄) ရက်နေ့ တွင်လည်း တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်၊ ဒေး ပိုင် ညှာ ကျေးရွာ နေ ဦးအဒူ ကရီးမ် (ဘ) ဦးအီမာန် ရှရီဖ်ကို စရဖ တပ်ဆွယ်မှူး ထွန်းထွန်းလင်းမှ တပည့် တစ်ဦး လွှတ်၍ ခေါ်ခိုင်း ခဲ့သည်။ ထွန်းထွန်းလင်း၏ တပည့်က အကယ်၍ စရဖ ရုံးသို့ မသွား နိုင်ပါ က ငွေ ကျပ် ၅ သိန်း ပေးရန် ဦးအဒူ ကရီးမ် ထံမှ တောင်းခံ ခဲ့သည်။ ဦးအဒူ ကရီးမ်သည် ငွေကြေး မတတ် နိုင်၍၊ ထွန်းထွန်းလင်း၏ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှု များကို ကြောက်ရွှံ့ပြီး ထွန်းထွန်းလင်း၏ တပည့် ကို နောက်မှ လိုက်လာ မည်ဟု ဆိုကာ အခြား ရွာသို့ တိမ်းရှောင် သွားခဲ့ကြောင်း သိရှိ ရပါသည်။
တောင်ပြို လက်ဝဲမြို့နယ်ခွဲမြို့ပေါ်တွင် ရပ်ကွက် (၅) ခု ရှိပြီး၊ စရဖ တပ်ဆွယ်မှူး ထွန်းထွန်းလင်း သည် ဒေ သ ခံ အချို့ကို ပစ်မှတ် ထား၍ နေ့စဉ် ၃ ဦးမှ ၅ ဦးကို စရဖ ရုံးသို့ ခေါ်ပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ၍ ငွေညှစ် လျက်ရှိသည်။ ထွန်းထွန်းလင်းနှင့် အပေါင်း အပါ များက သောက်စား မူးယစ်၍ တောင်ပြို လက် ၀ဲ အတွင်းရှိ ကျေးရွာ အုပ်စု (၁၀) စုမှ ဒေသခံ ၅၀၀ ကို ပစ်မှတ် ထားပြီး ငွေညှစ် မည်ဟု စရဖရုံး တွင် ကြွေးကြော် ခဲ့ကြောင်း ကြားသိ ခဲ့ရသူ တစ်ဦးက RB News သို့ ပြောပါသည်။
စက်တင်ဘာလ (၂၂) ရက်နေ့တွင် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးနူရ် ဟူဆောင်းသည် မောင်တော မြို့သို့ ရုံးကိစ္စနှင့် ကိုယ်ရေး ကိုယ်တာ ကိစ္စ အချို့ဖြင့် သွား ရာ တောင်ပြို လက်ဝဲ မြို့နယ်၊ သဲချောင်း ကျေးရွာ အုပ်စု၊ သင်္ဘောလှ ကျေးရွာ သို့ အရောက်တွင် စရဖ တပ်ဆွယ်မှူး ထွန်းထွန်းလင်းနှင့် အပေါင်း အပါ ၄ ဦး ဆိုင်ကယ် များဖြင့် ရောက်ရှိ လာပြီး၊ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟူဆောင်း စီးနင်း လာသော ကားကို ရပ်ခိုင်း၍ ဦးနူရ်ဟူဆောင်းကို ဆိုင်ကယ် ပေါ်သို့ တက်ခိုင်း ခဲ့သည်။ ထို့နောက် ဦးနူရ်ဟူဆောင်း ကို ဆိုင်ကယ်ဖြင့် တင်လာပြီး စရဖ ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ စရဖ ရုံးသို့ ရောက်သော အခါ ဦးနူရ်ဟူဆောင်း တွင်ပါလာသော ညီဖြစ်သူ၏ ငွေကျပ် သိန်း ၂၀ ကို ထွန်းထွန်းလင်းမှ မည်သည့် အကြောင်း ပြချက်မှ မရှိဘဲ သိမ်းယူ ခဲ့သည်။
ငွေကျပ် သိန်း ၂၀ လုခံရသည့် အုပ်ချုပ်ရေးမှူး ဦးနူရ် ဟူဆောင်းသည် စရဖရုံးမှ မြို့မဈေးရှိ ၎င်း၏ ညီ ကုန်စုံဆိုင် သို့ရောက် ရှိလာပြီး၊ ညီဖြစ်သူ ကုန်စုံ ပစ္စည်း ၀ယ်ရန် ထည့်ပေးလိုက် သည့်ငွေ ကျပ် သိန်း ၂၀ ကို ထွန်းထွန်းလင်းမှ လုယူခဲ့ သည့် အဖြစ်စုံကို ရှင်းလင်း ပြောကြား ခဲ့ရာ၊ ညီဖြစ်သူက ရပ်ကွက် အုပ် ချုပ်ရေးမှူး တစ်ဦးကို ယခုကဲ့သို့ ပြုလုပ် ခြင်းကို အထက် အာဏာပိုင် များထံ တင်ပြရန် အမြန်ဆုံး လို အပ်ကြောင်း အကြံပေး ခဲ့သည်။ ထို့နောက် ဦးနူရ်ဟူဆောင်းမှ မြို့နယ်ခွဲ အုပ်ချုပ် ရေးမှူးထံ ဖုန်းဆက် အကြောင်း ကြားရာ၊ မြို့နယ်ခွဲ အုပ်ချုပ် ရေးမှူး ရောက်ရှိ လာပြီး၊ ထွန်းထွန်းလင်း ထံမှ ငွေကျပ် သိန်း ၂၀ ပြန်လည် တောင်းယူ ပေးခဲ့ကြောင်း သိရှိ ရပါသည်။ များမကြာမှီက ထွန်းထွန်းလင်း၏ ညှဉ်းပန်း နှိပ် စက် မှု၊ ငွေညှစ်မှုကို သည်းမခံ နိုင်တော့၍ ဦးနူရ် ဟူဆောင်း၏ အစ်ကို ဖြစ်သူ ဦးနော်ဘီ ဟူဆောင်း သည်နိုင်ငံ ကိုစွန့်၍ တစ်ဖက် နိုင်ငံသို့ ထွက်ပြေး သွားခဲ့သည်။
မြန်မာ နိုင်ငံတွင် အရပ်သား အစိုးရအုပ်ချုပ် နေသော်လည်း တပ်မတော် သားများ ဖြစ်သည့် အနောက်ပိုင်း တိုင်းစစ်ဌာန ချုပ် လက်အောက်ခံ၊ စစ်ဘက် ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) ၏ ဗိုလ်ကျ သောင်း ကျန်းမှု များကိုaဒသဆိုင်ရာအာဏာပိုင် များပင်ဟန့်တား၍ မရဘဲ နေ့စဉ်နှင့်အမျှaဒသခံ ပြည်သူ များကို ဒု က္ခ ပေး လျက် ရှိကြောင်း ဒေသခံ များက ပြောပါသည်။