နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ခြိမ်ခြောက်၍ ငွေညှစ်

RB News
28.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဦးမောင်သက်နိုင် သည် စက်တင်ဘာ (၂၆) ရက်နေ့ ညပိုင်းတွင် မောင်တူလာ ကျေးရွာမှ ဒေသခံ ရိုဟင် ဂျာ နှစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် ၎င်း၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဝင်း တို့သည် စက်တင်ဘာလ (၂၆) ရက်နေ့ ည ၈ နာရီ ခန့် တွင် မောင် တူလာ ကျေးရွာရှိ ဦးဟာဘီ ဇူလ္လာ (ဘ) ဦးဆုလ်တာန် အဟမတ် ၏ နေအိမ်သို့ သွားရောက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ခရိုင် အုပ်ချုပ်ရေးမှူး တို့ကို ငွေကျပ် ၅ သောင်း ပေးရမည် ဖြစ်သဖြင့် ဦးဟာ ဘီ ဇူလ္လာအား ၎င်းငွေ ၅ သောင်း ပေးရန် တောင်းခဲ့သည်။ သို့သော်လည်း ဦးဟာဘီ ဇူလ္လာက အကြောင်း မဲ့ ငွေ ၅ သောင်း မပေးနိုင်ဟု ပြောသဖြင့် အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ၎င်းအား ဖမ်းဆီး ၍ ထောင် ၅ နှစ် ကျအောင် လုပ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ 

အပြစ်မဲ့ ဒေသခံ များအား ယခုကဲ့သို့ ခြိမ်းခြောက်၍ မရလျှင် လုံထိန်းများ ခေါ်ပြီး ဖမ်းဆီး ရိုက်နှက် ခိုင်းပြီး၊ ငွေညှစ်ခြင်း၊ ငွေညှစ်၍ မရပါက ထောင်ချခြင်းများ မကြာခဏ ပြုလုပ် လေ့ ရှိသောကြောင့် နောက် ဆုံးတွင် ဦးဟာဘီ ဇူလ္လာမှ ငွေ ၅ သောင်း ပေးခဲ့ ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ထို့အပြင် ဦးမောင်သက်နိုင်နှင့် ၎င်း၏ တပည့်ဖြစ်သူ ဦးကျော်ဇေယျာဝင်း တို့သည် ည ၉ နာရီ ခန့် တွင် မောင်တူလာ ကျေးရွာရှိ ဦးရာဘီဇာ အဟမတ် (ဘ) ဦးရဟီမုလ္လာ ၏ အိမ်သို့ သွားရောက်၍ ဧည့် စာ ရင်းစစ်မည်ဟု အကြောင်းပြ၍ နေအိမ်သို့ ၀င်ခဲ့သည်။ ထို့နောက် ဦးရာဘီ အဟမတ် တရားဝင် လက်ထပ် ထားသည့် ဇနီးကို မတရား မ၀င် လက်ထပ် ထားသည်ဟု မဟုတ် မမှန် စွပ်စွဲ၍ ငွေ ၈ သောင်း တောင်း ခဲ့သည်။ ငွေတောင်း၍ မရသည့် အခါ ရှာဖွေရန် ရှိသည်ဟု ဆို၍ ဦးမောင်သက်နိုင်၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဝင်းက သေတ္တာ ဖွင့်၍ ငွေ ၈ သောင်း ယူသွား ခဲ့ကြောင်း သိရှိ ရပါသည်။ 

အလယ်သံကျော် ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးမောင် သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျာဝင်း တို့ သည် ဒေသခံ ရိုဟင်ဂျာ များကို နေ့စဉ်နှင့် အမျှ နည်းလမ်း မျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း များပြုလုပ် လျက် ရှိသော်လည်း မြို့နယ် အာဏာ ပိုင်များ၊ ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရမှ ယ ခု အချိန်ထိ အရေးယူ၍ ရပ်တန့်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus