နောက်ဆုံးသတင်း/ဆောင်းပါးများ

အထက် အာဏာပိုင် များကြောင့် ရွာ အုပ်ချုပ် ရေးမှူးများ ငွေညှစ်လျက် ရှိသည်ဟုဆို

RB News
2.10.2013

မောင်တော ။ ။ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း တို့ အတွက် အကျိုးရှိ နေသည့် အတွက် ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များမှ ဒေသခံ ရိုဟင်ဂျာ များကို မတရား ညှဉ်းပန်း နှိပ်စက် လျက်ရှိပြီး ငွေညှစ် နေခြင်း တို့ကြောင့် ဒေသခံ ပြည်သူများ အထူး နစ် နာလျက် ရှိကြောင်း မောင်တောမြို့ ဒေသခံ များက RB News သို့ ပြောပါသည်။ 

ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ဧည့်စာရင်း တိုင်လျှင် လူတစ်ဦး အတွက် ငွေ ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အထိ ကောက်ခံ လျက်ရှိပြီး၊ ရွာထွက် လက်မှတ် ထောက်ခံစာ များအတွက် ငွေကျပ် ၁၀၀၀ မှ ၅၀၀၀ ကျပ် အထိ ကောက်ခံ လျက်ရှိသည်။ ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၏ ရုံးခန်း များသည် တရားရုံးနှင့် ရဲစခန်း များသဖွယ် ဖြစ်လာပြီး၊ မဟုတ် မမှန် စွပ်စွဲချက် များဖြင့် ဖမ်းဆီး၍ ရိုက်နှက်ခြင်း၊ ခြေ လက် များကို ချည်နှောင်၍ မတရား ညှဉ်းပန်း နှိပ်စက်ခြင်း များပြုလုပ်၍ သိန်းချီသော ငွေကြေး များကို ခြိမ်းခြောက်ပြီး တောင်းခံခြင်း များကို အဆက် မပြတ် ပြုလုပ်လျက်ရှိသည်။ ဒေသခံရိုဟင်ဂျာ များကို လူ ကုန် ကူးမှု များတွင် ပါဝင်သည်၊ ဘင်္ဂလား ဖုန်းသုံးစွဲ နေသည်ဟု မဟုတ် မမှန် စွပ်စွဲ၍ ငွေညှစ် လျက် ရှိပြီး၊ တစ်ဖက်တွင် ရခိုင် လူမျိုးများ WY ဆေးပြား ရောင်းဝယ်ရေး ပြုလုပ် နေသည် များကို လွှတ်ထား၍ ၀င်ငွေ ရှာလျက် ရှိသည်။ 

မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ များသည် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များကို ငွေပေး၍ လက်ဝယ် ပိုင်ဆိုင် ထားသောကြောင့် ဒေသတွင်း တွင် ဗိုလ်ကျ စိုးမိုး လာပြီး၊ သောက်စား မူးယစ် ကာ ဒေသခံ ရွာသား များကို နေ့စဉ် အနှောက် အယှက် ပေးလျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရာထူး များကို ဥပဒေ အတိုင်း ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ၊ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူး များမှ ငွေ သိန်းပေါင်း များစွာ ယူ၍ ခန့်ထားခြင်း ဖြစ်သောကြောင့် အမှန် တကယ် အရည်အချင်း ပြည့်မှီရန် လိုသည့် ရာထူး များကို ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့၏ ကိုယ် ကျိုး အတွက် ရောင်းစား နေသကဲ့သို့ ဖြစ်နေသည်။ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်ထား ခံရ သူ များမှာလည်း ၎င်းတို့၏ အရင်း ပြန်လည် ရရှိရန်၊ အမြတ် ရရန် အတွက် ဒေသခံ များကို နည်းမျိုး စုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ပြန်လည် ရှာဖွေ ရသောကြောင့် အုပ်ချုပ်ရေးမှူး ရာထူး ဈေးကွက်၏ ဓါးစာခံ များ မှာ ဒေသခံ ရိုဟင်ဂျာ များဖြစ် လျက်ရှိ သည်ဟု ဆိုသည်။ 

ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ၎င်းတို့၏ နယ်မြေ များတွင် တပည့် ပေါင်းများစွာ ထားရှိပြီး ၎င်းတို့ ၀င်ငွေ ရရန် အတွက် ထိုတပည့် များမှာ နေ့ည မရွေး တာဝန် ထမ်းဆောင် ပေးနေ ရသည်။ ဒေသခံ များက နိုင်ငံတော် အစိုးရ အနေဖြင့် ဒေသတွင်း ဖြစ်နေသည့် အခြေ အနေ အသေးစိတ် ကို အထက်သို့ တင်ပြသူ မရှိ သဖြင့် သိရှိရန် လွယ်ကူမည် မဟုတ်ကြောင်း၊ ဒေသခံ များအနေဖြင့် အဆိုပါ တပည့် များကို ဖယ် ရှား ပေးရန်၊ ဥပဒေနှင့် အညီ ရွေးကောက် တင်မြှောက်သည့် အုပ်ချုပ်ရေးမှူး များကို ခန့်ထား ပေးရန်၊ မတရား ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ် နေခြင်း များကို ရပ်တန့် ပေးရန် နိုင်ငံတော် အစိုးရသို့ မီဒီယာမှ တ ဆင့် ပြောကြား လိုကြောင်း RB News သို့ ပြောပါသည်။ 

ယခု ခန့်အပ် ထားသော ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး သုံးပုံ နှစ်ပုံမှာ ယခင်က ရယက ဥက္ကဌ များဖြစ်ပြီး၊ အရည် အချင်း ပြည့်ဝသူ တစ်ဦးမှ မပါဝင်ဘဲ ဒေသခံ များကို ညှဉ်းပန်း နှိပ်စက် ငွေညှစ် ရာတွင် သာ အသုံးကျသော အုပ်ချုပ်ရေးမှူး များဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။


Comment ရေးရန်

Rohingya Exodus