နောက်ဆုံးသတင်း/ဆောင်းပါးများ

လူမဆန်သည့် စရဖ တပ်ဆွယ်မှူးကို အထက်မှ အရေးယူ ပေးခြင်း မရှိ

RB News
3.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ၊ ငါးခူရ ကျေးရွာ အုပ်စု အခြေစိုက်၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဘက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) တပ်ဆွယ်မှ တပ်ဆွယ်မှူး တပ်ကြပ်ကြီး မျိုးပိုင်ထွန်းသည် ဒေသခံ ရိုဟင်ဂျာ များအား မဟုတ် မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ် ခြင်းများ အဆက် အပြတ် ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၂၂) ရက်နေ့တွင် ငါးခူရ မြောက်ရွာနေ လားလား (ဘ) ဦးနူရ် အာလမ် (အသက် ၂၄ နှစ်) ၏ ငါးခူရ ဈေးတွင်းရှိ ဆိုင်သို့ တပ်ကြပ်ကြီး မျိုးပိုင်ထွန်း ရောက်ရှိ လာပြီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ ပစ္စည်းများ တင်သွင်း ရောင်းချ နေသည်ဟု ပြော၍ ဆိုင်ကို ချိတ်ပိတ် ခဲ့သည်။ ထို့နောက် လားလား ကို ငွေကျပ် ၂ သိန်း ပေးမှသာ ဆိုင်ကို ပြန်လည် ဖွင့်ပေးမည် ဆိုကာ ငွေကျပ် ၂ သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

စက်တင်ဘာလ (၂၄) ရက်နေ့ တွင်လည်း တပ်ကြပ်ကြီး မျိုးပိုင်ထွန်းသည် ကပ္ပကောင်း ကျေးရွာ အုပ်စုသို့ သွားရောက်၍ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အောင်သန်း နှင့် ပူးပေါင်း၍ ဦးအဘူ ရှားမား (ဘ) ဦးမော်ဆန် (အသက် ၅၅ နှစ်) အား သားတစ်ဦး ဆော်ဒီ အာရေဗျာ နိုင်ငံသို့ သွားရောက် အလုပ် လုပ် နေသည်ဟုအကြောင်းပြစွပ်စွဲ၍ယင်းနေ့ နံနက် ၁၁ နာရီတွင် တပ်ဆွယ်မှူး ရုံးသို့ ဖမ်း ဆီး ခေါ်ဆောင် သွားခဲ့သည်။ တပ်ကြပ်ကြီး မျိုးပိုင်ထွန်းသည် ၎င်း၏ ရုံးခန်းတွင် ဦးအဘူ ရှားမားကို တိရ စ္ဆာန် တစ်ကောင် သဖွယ် ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခဲ့ပြီး၊ စက်တင်ဘာလ (၂၅) ရက်နေ့ ညနေ ၆ နာရီတွင် ငွေကျပ် ၂ သိန်း ယူပြီး ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

စက်တင်ဘာလ (၂၇) ရက်နေ့ တွင်လည်း မောင်တော မြို့မှ ရခိုင် အမျိုးသား တစ်ဦး ဖြစ်သူ ညီညီ (ခ) ဦးကောက်ဖြူ သည် ငါးခူရ ကျေးရွာသို့ လာရောက်ပြီး ဦးမာဆောင် (ဘ) ဦးအဒူလ် အဇီဇ် နေအိမ်တွင် တည်းခိုကာ WY စာတမ်းပါ မူးယစ် ဆေးဝါး ၁၄၀၀၀ ကိုထား ခဲ့၍ မောင်တော မြို့သို့ ပြန်သွား ခဲ့သည်။ အိမ်ရှင် ဖြစ်သူ ဦးမာဆောင် သည် ညီညီနှင့် ပုဂ္ဂိုလ်ရေး ခင်မင်မှု ရှိသောကြောင့် မည်သည့် ပစ္စည်း ထားခဲ့သည်ကို မသိရှိ သော်လည်း၊ တပ်ကြပ်ကြီး မျိုးပိုင်ထွန်းနှင့် ညီညီတို့ စက်တင်ဘာလ (၂၈) ရက်နေ့ နံနက် ၈ နာရီတွင် ရောက်ရှိ လာပြီး အဆိုပါ ဆေးပြား များသည် စရဖ ပိုင် ဆေးပြား များဖြစ်ပြီး၊ ဦးမာဆောင်မှ ခိုးယူ ထားသည်ဟု စွပ်စွဲ၍ ဦးမာဆောင်၏ အိမ်နီးချင်း များဖြစ်သော ဦးကမာလ် (ဘ) ဦးအဒူလ်အဇီဇ် (အသက် ၃၅ နှစ်) နှင့် ဦးမိုဟာမတ် ဆီဒိတ် (ဘ) ဦးကမာလ် ဟူစိန်း တို့ နှစ်ဦး ကိုပါ စရဖ တပ်ဆွယ်မှူး ရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီး ခေါ်ဆောင် သွားသည့် အချိန်မှ စ၍ ယခု အချိန်ထိ မိသားစု များနှင့် တွေ့ဆုံခွင့် မပေး သောကြောင့် မိသားစု များက ညှဉ်းပန်း နှိပ်စက် ရာတွင် လက်လွန် သွားသောကြောင့် သေဆုံး သွားသည်ဟု ယူဆ၍ စိုးရိမ် မကင်း ဖြစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

တပ်ကြပ်ကြီး မျိုးပိုင်ထွန်းသည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် ငါးခူရ ကျေးရွာသို့ ရောက်ရှိ လာပြီး ယခု အချိန်ထိ စရဖ တွင်တာဝန်ထမ်းဆောင် လျက်ရှိသည်။ ၈ နှစ်တာကာလအတွင်း ဒေသခံ ရိုဟင်ဂျာများ ကို နည်း မျိုးစုံ ညှဉ်းပန်း နှိပ်စက်၍ ငွေကြေး မြောက်မြားစွာ ရှာဖွေ ခဲ့သည်။ ၎င်း၏ ဥပဒေမဲ့ လုပ်ရပ် များ အ တွက် အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်သို့ တိုင်ကြား ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မ ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။ ၎င်းသည် မူးယစ် ဆေးဝါး မှောင်ခိုမှု တွင်ပါဝင်လျက် ရှိပြီး၊ အထက် အရာရှိ များနှင့် ဆက်နွယ်မှု ရှိသောကြောင့် ယခု အချိန်ထိ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိခြင်း ဖြစ် သည်ဟု ဒေသခံ များက ဆိုသည်။


Comment ရေးရန်

Rohingya Exodus