နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ် ပဋိပက္ခ လူ ၃ ဦးသေဆုံးပြီး အိမ် ၇ဝ ကျော်ပျက်စီး

2.10.2013

ရခိုင် ပြည်နယ်မှာ အင်္ဂါနေ့ ညက အခြေ အနေတွေ ငြိမ်သက်နေ ခဲ့ပါတယ်။ သံတွဲ မြို့နယ် ရွှေလှေ တိုက်နယ်က ပေါက်တော ကျေးရွာနဲ့ သူဌေး တိုက်နယ်က သပြုချိုင် ကျေးရွာ နှစ်ရွာမှာ မနေ့က ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ အတွင်း လူ ၃ ဦး သေဆုံးပြီး၊ နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရ တယ်လို့ သိရ ပါတယ်။

မီးရှို့တိုက်ခိုက် ခံရတဲ့ သပြုချိုင်နဲ့ ပေါက်တော ကျေးရွာ တွေဟာ အစ္စလာမ် ဘာသာဝင် ကမန် တိုင်းရင်း သား အများစု နေထိုင်တဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှု တွေကြောင့် အသက် ၉၄ နှစ်အရွယ် မွတ်ဆလင် အဖွားအို တစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံး ခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင် ရခိုင် အမျိုး သား လေးဦး ထိခိုက် ဒဏ်ရာတွေ နဲ့ ဆေးရုံတက် ကုသ ခံနေရတယ်လို့ ရဲအရာရှိ တစ်ဦးကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြ ပါတယ်။

ဒါပေမယ့် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း သပြုချိုင် ရွာအုပ်ချုပ် ရေးမှူး ဦးထွန်းခင်ကို RFA က ဆက်သွယ် မေးမြန်း ရာ မှာတော့ သေဆုံးသူ ၃ ဦးရှိတယ် လို့ပြော ပါတယ်။

အင်အား ၈၀၀ လောက် ရှိတဲ့ လူအုပ်က အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန် နေကြစဉ် အတွင်း ရဲနဲ့ စစ် တပ် က ထိထိ ရောက်ရောက် မဆောင်ရွက် ခဲ့ကြဘူးလို့ ဝေဖန်သူ တွေရှိ ပေမယ့် ရဲအရာရှိ တစ်ဦး ကတော့ အကြမ်းဖက် လူအုပ်ကို လုံခြုံရေး တပ်ဖွဲ့တွေက သေနတ် အချက် ၃၀ သတိပေး ပစ်ခတ် လူစုခွဲ ခဲ့ကြောင်း၊ အခု ဖြစ်ပွား ခဲ့တဲ့ တိုက်ခိုက် မှုတွေကို  ဦးဆောင် ခဲ့သူ တွေဟာ အရင် ပဋိပက္ခ တွေအတွင်း လှုပ်ရှား ခဲ့သူ တွေပဲ ဖြစ်နိုင်ကြောင်း ပြောဆို ခဲ့တယ် လို့လည်း ရိုက်တာ သတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေက သံတွဲ မြို့ပေါ်မှာ ကမန် အမျိုးသား တစ်ဦးနဲ့ ရခိုင် တိုင်းရင်း သား တစ်ဦးတို့ သုံးဘီး ဆိုင်ကယ် ရပ်နားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စကား များရာ ကနေ မီးရှို့ မှု ဖြစ် ပြီး နေ အိမ် နှစ်လုံး မီးလောင်ကျွမ်း ခဲ့ပါတယ်။ အဲဒီနောက် အခုလို အနီး တဝိုက်ရွာ တွေမှာ အင်္ဂါနေ့ က နောက် ဆက်တွဲ အကြမ်းဖက်မှု တွေပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

ဒီအတွင်း ရခိုင် ပြည်နယ်ကို ရောက်ရှိ နေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မောင်တော မြို့နယ် က နှစ် ဘက် ခေါင်းဆောင် တွေနဲ့ တွေ့ဆုံပြီး ရခိုင် တိုင်းရင်းသား တွေနဲ့ အစ္စလာမ် ဘာသာ ၀င် တွေ အ ကြား နှစ် ဦး နှစ်ဘက် သင့်သင့် မြတ်မြတ် အတူ နေထိုင် ကြဖို့ တိုက်တွန်း ပြောဆို ခဲ့ပါတယ်။

အဲဒီနောက် ဒုက္ခသည်တွေ အတွက် နေအိမ် ဆောက်လုပ် ပေးထားတဲ့ အခြေအနေ တွေကို ရဟတ် ယာဉ် နဲ့ ကြည့်ရှု ခဲ့ပါတယ်။ ကျောက်တော် မြို့မှာ ဒေသခံ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ခဲ့တဲ့အခါ ရခိုင် ပြည်နယ် ပဋိပက္ခမှာ ရဲနဲ့စစ်တပ် ထိန်းချုပ်မှုနဲ့ မလုံ လောက်ဘဲ၊ လုံခြုံရေး အတွက် ဒေသ ခံ ခေါင်းဆောင်တွ ကိုယ် တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက် ကြပါမှ အကြမ်းဖက် မီးရှို့ သတ်ဖြတ် မှုတွေကို ထိန်းချုပ် နိုင် မှာ ဖြစ်ကြောင်း ပြောကြား ခဲ့တယ် လို့လည်း ရိုက်တာ သတင်းက ဖော်ပြ ပါတယ်။

မနေ့ ညနေပိုင်း မှာတော့ စစ်တွေ မြို့က ရခိုင် တိုင်းရင်း သားတွေ၊ မွတ်ဆလင် ကိုယ်စား လှယ်တွေ တစ် ဘက် ၁၅ ဦးစီနဲ့ စစ်တွေမြို့ ဗန္ဓုလ ရိပ်သာမှာ သီးသန့် တွေ့ဆုံ ခဲ့တယ် လို့လည်း သိရ ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ မနက် ပိုင်းမှာ သပြုချိုင်ရွာကို သွားရောက် ကြည့်ရှုမယ် လို့လည်း သတင်း ရ ပါတယ်။ ဒါ့အပြင် လူမှု အဖွဲ့ အစည်းတွေ ပြည်နယ် အစိုးရ တာဝန်ရှိ သူတွေနဲ့ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ ရုံး မှာ တွေ့ဆုံဖို့ ရှိသလို နေ့လည် ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲ မြို့နယ်တွေ ဘက်ကို သွားရောက်ဖို့ ရှိ တယ်လို့ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိ သူတွေက ပြောပါတယ်။


Comment ရေးရန်

Rohingya Exodus