နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့နယ်တွင် ရမ်းကုများစွာကို ဆက်လက် ဆေးကုသခွင့် ပြုထား

RB News
4.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ နယ်မြေ (၆) တွင်ရှိသော ရမ်းကု များကို အရေး ယူရန် ညွန်ကြား ခဲ့သော်လည်း လုံထိန်း များမှ လစဉ်ကြေး၍ ဆက်လက် ဖွင့်လှစ် ခွင့် ပေး ထားကြောင်း သတင်း ရှရှိ ပါသည်။ 

မောင်တော မြို့နယ် နယ်မြေ (၆) ရှိ ရမ်းကု ကျော်ဇင်ထွန်းနှင့် ရမ်းကု ဘသောင်း တို့ကို စစ်ဆေးရန် မြို့ နယ် အုပ်ချုပ်ရေးမှူးမှ ကျန်းမာရေးမှူးကို ခေါင်းဆောင် ခန့်အပ်၍ တာဝန်ပေးခဲ့သည်။ကျန်းမာရေး မှူး ခေါင်းဆောင် သည့်အဖွဲ့သည် ကျောက်လှေကားနှင့် လှဖိုးခေါင် ကျေးရွာ များသို့ သွားရောက်၍ စစ်ဆေး ခဲ့သည်။ ကျန်းမာရေးမှူး နှင့်အဖွဲ့သည် ရမ်းကု ကျော်ဇင်ထွန်းနှင့် ရမ်းကု ဘသောင်း တို့အပြင် အခြားသော ရမ်းကု ပေါင်းများစွာနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရှိ ရပါသည်။ ကျန်းမာရေးမှူးနှင့် အဖွဲ့ က ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အစီရင်ခံစာ ရေး၍ မြို့နယ် အုပ်ချုပ်ရေးမှူး သို့တင်သွင်းရန် ညွန်ကြား ခဲ့ရာ၊ ကျောက်လှေကား ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျောက်လှေကား ဈေးတွင် ရမ်းကု ကျော်ဇင်ထွန်း အပြင် နောက်ထပ် ရမ်းကု ဆေးခန်း (၁၀) ခန်းရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး သို့ အစီရင်ခံစာ တင်သွင်း ခဲ့သည်။ 

လှဖိုးခေါင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရမ်းကု ဘသောင်းသည် ရွာတွင် ရှိမနေသည်မှာ ၆ လကျော် နေ ပြီ ဖြစ်ကြောင်း ရေးသား၍ အစီရင်ခံစာ တင်သွင်း ခဲ့သည်။ သို့သော်လည်း အဆိုပါ ရမ်းကု ဘသောင်းမှာ ယနေ့ အချိန်ထိ လှဖိုးခေါင် ရွာတွင် ဆက်လက် ဆေးကုသ၍ ၀င်ငွေ ရှာလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဒေသတွင်းရှိ ရမ်းကုများကို ဖယ်ရှားရန် အထက်မှ ညွန်ကြား ခဲ့သော်လည်း ယနေ့ အချိန်ထိ ရမ်းကုပေါင်း များစွာမှ တရားမ၀င် ဆေးခန်း ဖွင့်၍ ဆေးကုသ လျက်ရှိကြောင်း သိရှိ ရပါသည်။ ဖွင့်လှစ် ထားသည့် ရမ်း ကု ဆေးခန်း များမှာ -- 

(၁) ကျောက်လှေကား ဈေး - (၁၀) ခန်း
(၂) ဇင်ပိုင်ညာဈေး - (၃) ခန်း
(၃) လှဖိုးခေါင်ကျေးရွာ - (၃) ခန်း
(၄) မင်္ဂလာကြီး ကျေးရွာ - (၂) ခန်း
(၅) လှဘော်ဇား ကျေးရွာ - (၂) ခန်း
(၆) ကျောက်ပြင်ဆိပ် ကျေးရွာ - (၃) ခန်း
(၇) သက္ကေပြင် ကျေးရွာ - (၃) ခန်း

ရမ်းကု ဆေးခန်း ပေါင်းများစွာကို လုံထိန်း များက ဖွင့်လှစ်ခွင့် ပေးထားခြင်း ဖြစ်ပြီး၊ ဆေးခန်း တခန်းလျှင် လ စဉ် ကြေး ၁၅၀၀၀ ကျပ် လုံထိန်း များသို့ ပေးရကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus