နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို ရဲများက သေနတ်ဖြင့် ပစ်သတ်

RB News
31.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲမှ အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို ရဲတပ်ဖွဲ့ဝင် များမှ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၉)ရက်နေ့ ည (၉) နာရီ အချိန်တွင် ကျွီးကျွန်း ပုဇွန်ကန်တွင် ငါးရှာနေသော တောင်ပြို လက် ၀ဲ မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်နေ ဦးဇာဟီဒ်အာလမ် (ဘ) ဦးအဒူဟာမိဒ် အား ကျီးကျွန်းတွင် တာဝန် ထမ်းဆောင် နေသော အမှတ် (၃၂) ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင် များက အရက်မူးပြီး အကြောင်းမဲ့ ပစ် ခတ်ရာ ထိုနေရာတွင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း သိရှိ ရပါသည်။ 

သေဆုံးသွားသူ၏ အလောင်းကို မြို့နယ်ခွဲ ဆေးရုံသို့ ပို့ဆောင်၍ ခွဲစိတ်ပြီး၊ အောက်တိုဘာလ (၃၀) ရက်နေ့ နေ့ လည် ၃း၂၀ နာရီတွင် အမှတ် (၃၂) ရဲတပ်ရင်းမှ လုံခြုံရေး တင်းကျပ်စွာ ချထား၍ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက်ရှိ သုဿန်တွင် မြှပ်နှံ ခဲ့သည်။ အစ္စလာမ် ဘာသာဝင် တစ် ဦး ဖြစ် သည့် ဦးဇာဟိဒ်အာလမ်၏ နောက်ဆုံး ခရီးတွင် ဘာသာ ထုံးထမ်း စဉ်လာ အရ ဒေသခံ များကို စုပေါင်း ၀တ်ပြုခွင့် မပေးသည့် အပြင် အလောင်းကို မိသားစု များအား အပ်နှံခြင်းလည်း မပြုလုပ် ခဲ့ကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဆင်းရဲ နွမ်းပါးသည့် ဦးဇာဟိဒ်အာလမ်၏ မိသားစုဝင် များမှာ သုဿန်၏ အဝေး တစ်နေရာမှသာ ကြည့် ရှု နေခဲ့ ရသည်။ ဦးဇာဟိဒ် အာလမ်သည် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်း ကြောင်း ပြုနေသူ တစ် ဦး ဖြစ် သည်။ 

ကျီးကျွန်းသည် ကွမ်းသီးပင် ကျေးရွာ အုပ်စု အပိုင်တွင် ရှိပြီး၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ သည် တာဝန်ကျ နေသည့် ရဲတပ်ဖွဲ့ဝင် များကို အမြဲတစေ အရက် ၀ယ်ပေးခြင်း၊ အရက်တိုက်ခြင်း များပြု လုပ် လေ့ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက်ရန် သင်ကြား ပေးလေ့ ရှိသည်ဟု ဒေသခံ များ က ဆိုသည်။ ယခု ဦးဇာဟီဒ် အာလမ်ကို ရဲတပ်ဖွဲ့ဝင် များ လူမဆန်စွာ ပစ်ခတ် သတ်ဖြတ်ခြင်း မှာ လည်း ဦးအထွန်းချေ၏ လက်ချက် သာဖြစ်ကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus