နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှား သွားနေသည့် စက်လှေ တစ်စီး သောင်တင်လိုက်၊ အများအပြားသေ၊ ၂၀၀ ကျော် ဖမ်းဆီးခံရ



RB News
31.10.2013

မောင်တော ။ ။ မလေးရှား နိုင်ငံသို့ သွားနေသည့် သင်္ဘော တစ်စီးသည် ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြင်းလွတ် ကျေးရွာ အုပ်စု၊ ဂျင်းတောရွာ ပင်လယ် ကမ်းစပ်၌ အောက်တိုဘာလ (၃၀) ရက်နေ့ ည ၉ နာရီခန့် တွင် သောင်တင် လိုက်ကြောင်း သတင်း ရရှိပါသည်။ 

လွန်ခဲ့သည့် တပတ်ခန့် မှစ၍ မကျီးချောင်း ကျေးရွာမှ မြင်းလွတ် ကျေးရွာ အထိ လူကုန်ကူး နေသော ပွဲစား များနှင့် ဌာန ဆိုင်ရာ များဖြစ်သော စစ်တပ်၊ လုံထိန်း၊ သတင်းတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးရေး အဖွဲ့၊ စရဖ၊ ကျေး ရွာ အုပ်ချုပ် ရေးမှူး များက ပူးပေါင်း၍ မလေးရှား နိုင်ငံသို့ သွားမည့် သူများကို စည်းရုံး၍ စက်လှေငယ် များဖြင့် သင်္ဘောများ ရှိရာသို့ ပို့ဆောင် ပေးနေ ခဲ့သည်။ 

ဘင်္ဂလားပင်လယ်ဝတွင်ရောက်ရှိနေသော သင်္ဘော သုံးစီးသည် ထိုင်းနိုင်ငံမှ ငါးဖမ်း စက်လှေကြီး များဖြစ် ပြီး လူပေါင်း ၆၈၀ ကျော် တင်ဆောင် လာသော သင်္ဘောမှ ခရီးသည်များ လုယူရန် ပြုလုပ်မှုကြောင့် သင်္ဘောကို သောင်တင် လိုက်ခြင်း ဖြစ်သည်။ ထိုသို့ သင်္ဘော သောင်တင်ပြီး နှစ်နာရီ ခန့်အကြာ တွင် မြန် မာ ရေတပ်မှ သင်္ဘော တစ်စင်း ရောက်ရှိ လာပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီး သွားခဲ့သည်။ ဘင်္ဘောပေါ် တွင် ပါလာသော ခရီးသည် အချို့မှာ ဆင်းပြေး နိုင်ခဲ့ပြီး၊ ရေကူး မကျွမ်းကျင်သူ အများ အပြား သေဆုံး ခဲ့ကြောင်း သင်္ဘောပေါ်တွင် လိုက်ပါခဲ့သည့် ပညောင်ပင်ကြီး ရွာသား တစ်ဦးမှ RB News သို့ ပြောပါသည်။ လူ ၂၀၀ ကျော် ဖမ်းဆီး သွားသည့် မြန်မာ ရေတပ် သင်္ဘော အမှတ်မှာ ၉၁၃ ဖြစ်ပြီး ဗိုလ်မှူး အောင်အောင် ဆိုသူ ဦးဆောင်ကြောင်း ၎င်းမှ ပြောပါသည်။ 

အောက်တိုဘာလ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် ဌာန ဆိုင်ရာများ သွားရောက် ခဲ့သော်လည်း ၎င်းတို့မှ အ ထက် အာဏာပိုင် များသို့ ဘင်္ဘောတွင် လူတင်ဆောင် ထားခြင်း မရှိဘဲ သင်္ဘော အလွတ် သောင် တင်ခြင်း ဖြစ်သည်ဟု တင်ပြရန် စီစဉ် ခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။ 

လူကုန်ကူးမှုများတွင်ဌာနဆိုင်ရာ များ၏ ကိုယ်စားလှယ် များဖြစ်သော မြင်းလွတ် ကျေးရွာမှ ဥက္ကဌ ဟောင်း ဦးအေနာတုလ္လာ၊ ဂျပု (ဘ) ဦးဟာရှီမ်၊ စိန်တလုံး (ခ) ဟာရှီမ်၊ ဟာမီဒ်ဟူစိန် (သားသတ် လိုင်စင်)၊ သရေ ကုန်တန်း ကျေးရွာမှ ရဖီခ် (ဘ) ဦးယာစီးန်နှင့် ပညောင်ပင်ကြီး ကျေးရွာမှ မူဆော်လိခ် (ဘ) ဦးဒီလူး တို့ဦးဆောင် ခဲ့ကြောင်း သိရှိ ရပါသည်။ 

မြန်မာ ရေတပ်မှ ဖမ်းဆီးသွားသောလူပေါင်း၂၀၀ ကျော်တို့ကို အာဏာပိုင်များကမည်ကဲ့သို့ ပြုလုပ် မည် ကို မသိရသောကြောင့် ဒေသခံ များက လွန်စွာ စိုးရိမ်လျက် ရှိကြသည်။



Comment ရေးရန်

Rohingya Exodus