နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ လူငယ် တစ်ဦးကို ရဲနှင့် စရဖ ပူးပေါင်း ဖမ်းဆီး ငွေညှစ်

MYRAF
RB News
23.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ညောင်ချောင်း (ကာဒဲရ် ဘီလ်) မှ အပြစ်မဲ့ ရိုဟင်ဂျာ လူငယ် တစ်ဦးကို ရဲများနှင့် စရဖတို့က အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

အောက်တိုဘာလ (၁၅) ရက်နေ့က မောင်တော မြို့နယ်၊ ညောင်ချောင်း (ကာဒဲရ် ဘီလ်) မှ ရိုဟင်ဂျာ လူ ငယ် တစ်ဦး ဖြစ်သူ ကိုဖေရုစ်ခန်း (ဘ) ဦးဟာလာ ရှုနာ (အသက် ၂၅ နှစ်) ကို ရဲတပ်ဖွဲ့ဝင် များဖြစ်သည့် ဦးထွန်းစိန်၊ ဦးညီညီဇော် နှင့် စရဖ တစ်ဦး တို့က မောင်တော မြို့နယ်၊ ကညင်တန်း ရွာရှိ ဓါတ်ဆီဆိုင် အနီး တွင် အကြောင်းမဲ့ ဖမ်းဆီး ခဲ့သည်။ ကိုဖေရုစ်ခန်းသည် ၎င်း၏ ရွာရှိ ဈေးတွင် ဆိုင်ရောင်း၍ အ သက် မွေးဝမ်း ကျောင်းပြု နေသူ တစ်ဦး ဖြစ်ပြီး၊ မောင်တောမြို့ သို့ ဆိုင်အတွက် လိုအပ်သည့် ပစ္စည်းများ ၀ယ်ရန် လာရောက် ခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ကညင်တန်း ရွာရှိ ဓါတ်ဆီဆိုင် အနီးမှ နေ့လည် ၃ နာရီ ခန့်တွင် ဖမ်းဆီး၍ စရဖ ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ရိုဟင်ဂျာ လူငယ် ကိုဖေရုစ်ခန်းသည် အပြစ်မဲ့ တစ်ဦး ဖြစ်သော်ငြားလည်း ၎င်းထံမှ ငွေညှစ်ရန် အတွက် ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွား ခဲ့သော ဆူပူမှု များတွင် ပါဝင်သည်ဟု စွပ်စွဲ၍ တရားစွဲ ဆိုမည်ဟု ရဲများနှင့် စရဖ တို့က ခြိမ်းခြောက် ခဲ့ကြသည်။ အကယ်၍ လွတ်မြောက် ချင်ပါက ငွေကျပ် တစ်သိန်း ပေး ရန် သာ ဖြစ်ပြီး၊ မပေးပါက ထောင်ကျ စေရန် အတွက် တရားစွဲ မည်ဖြစ်ကြောင်း ပြောသဖြင့် ညနေ ၅ နာ ရီ ကျော်တွင် ငွေကျပ် တစ်သိန်း ပေး၍ လွတ်မြောက် လာခဲ့ကြောင်း သိရှိ ရပါသည်။ 

ရဲတပ်ဖွဲ့ဝင် ဦးညီညီဇော်သည် မောင်တော မြို့မှ ဘူးသီးတောင် မြို့သို့ လွန်ခဲ့သည့် မတ်လတွင် တာဝန်ဖြင့် တရားဝင်ပြောင်းရွှေ့ သွားခဲ့သည်။ ၎င်းသည် မိသားစုဝင် များထံ လည်ပတ် ရန် မောင်တောမြို့ သို့ ရောက် ရှိ နေ သည့် အချိန်တွင် မောင်တော မြို့နယ် ရဲစခန်းမှ ရဲများ၊ စရဖ တို့နှင့် ပူးပေါင်း၍ ငွေညှစ်မှု တွင် ပါဝင် ခဲ့ခြင်း ဖြစ်သည်။ ဦးညီညီဇော်၏ တာဝန်မှာ ဘူးသီးတောင် မြို့တွင် ဖြစ်သော်လည်း၊ ရခိုင် ပြည်နယ် ရှိ နိုင် ငံတော် ၀န်ထမ်း များမှာ မိမိတို့၏ လုပ်ပိုင်ခွင့် အာဏာ များကို တာဝန်ကျသည့် အရပ် ဒေသ များတွင် သာမက တခြား ဒေသ များတွင်ပါ နယ်ကျော်၍ အာဏာကို အလွှဲသုံးစား ပြုလုပ်၍ ဒေသခံ ရိုဟင်ဂျာ ညှဉ်းပန်း နှိပ်စက် ငွေညှစ် နေခြင်း ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus