နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွာအုပ်ချုပ်ရေးမှူး၏ ပွဲစားဖြင့် မလေးရှား မသွားပါက ဒဏ်ငွေရိုက်မည်

RB News
23.10.2013

မောင်တော ။ ။ မလေးရှား နိုင်ငံသို့ သွားလိုသည့် ဒေသခံ ရိုဟင်ဂျာ များမှာ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင် လာဘ်ငွေ ယူထားသည့် လူကုန်ကူးသူ များနှင့်သာ ဆက်သွယ်၍ သွားရမည် ဖြစ်ပြီး၊ မသွားပါက ကျန်သည့် မိသားစု ၀င်များကို ဒဏ်ငွေ ရိုက် မည်ဟု ရွာအုပ်ချုပ် ရေးမှူးက နှိုးဆော် ထားကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်တွင် လူကုန်ကူးသည့် ဂိုဏ်းများမှာ ဒေသ ဆိုင်ရာ အာဏာပိုင် များဖြစ်သည့် သတင်း တပ်ဖွဲ့၊ လုံထိန်းနှင့် စရဖ များသာ ဖြစ်ကြပြီး၊ ယခု အခါ မလေးရှား နိုင်ငံသို့ လူကုန်ကူးရန် ၎င်းတို့၏ ကိုယ် စားလှယ် များက ဒေသခံ များကို တရားဝင် စည်းရုံးလျက် ရှိကြောင်း သိရှိ ရပါသည်။ ဥဒေါင်း ကျေး ရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်က လူကုန်ကူးသည့် ကိုယ်စားလှယ် တစ်ဦးထံမှ မလေးရှား နိုင်ငံသို့ သွားမည့် သူများကို စည်းရုံး ပေးမည်ဟု ဆိုကာ ငွေကျပ် ၅ သိန်း ယူထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ ဦးတင်မောင်က ဆယ်အိမ်မှူး၊ ရာအိမ်မှူး များနှင့် ဥဒေါင်း ကျေးရွာတွင် သားသတ် လိုင်စင် ယူထားသူ များကို မလေးရှား သွားမည့်သူ များကို စည်းရုံး ပေးရန် ပြောဆို ထားကြောင်း သိရှိ ရပါသည်။ 

ထို့အပြင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်သည် မလေးရှား နိုင်ငံသို့ သွားမည် ဆိုပါက ၎င်း၏ ပွဲစား များဖြင့် သာ သွားရန်၊ အကယ်၍ ၎င်း၏ ပွဲစားများဖြင့် မသွားဘဲ၊ အခြားသူ များနှင့် သွားမည် ဆိုပါက ကျန် ခဲ့သည့် မိသားစု ၀င်များက ဒဏ်ငွေ အဖြစ် ငွေကျပ် ၂ သိန်းစီ ပေးရမည်ဟု ခြိမ်းခြောက်၍ ရွာထဲ တွင် နှုတ် ဖြင့် ကြေညာ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဦးတင်မောင်၏ ညှဉ်းပန်း နှိပ်စက်မှုများ၊ ငွေညှစ်မှုများကို စုံစမ်း စစ်ဆေးရန် အဖွဲ့ တစ်ဖွဲ့ ယနေ့ (အောက်တို ဘာလ ၂၃) ရောက်ရှိ လာကြောင်း သိရှိ ရပါသည်။ အဆိုပါ အဖွဲ့က ရခိုင်ရွာမှ ကော်မရှင် အဖွဲ့ဝင် တစ် ဦး ဖြစ် သူ ဦးသိန်းညိုကို မေးမြန်း ခဲ့ရာ ဦးသိန်းညိုက ဦးတင်မောင်ကို ၎င်းတို့ ရွေးချယ် တင်မြှောက် ထား ခြင်း မဟုတ်ကြောင်း၊ မည်ကဲ့သို့ အုပ်ချုပ်ရေးမှူး ဖြစ်လာသည်ကို မသိကြောင်း၊ ယခုကဲ့သို့ ညှဉ်း ပန်း နှိပ် စက် နေခြင်း၊ ငွေညှစ် နေခြင်း များကို ရှုတ်ချကြောင်း ပြောဆို ခဲ့သည်။ အဆိုပါ စစ်ဆေးရေး အဖွဲ့က ဥဒေါင်းရွာမှ ရိုဟင်ဂျာ ၁၀ ဦးကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ဆေးရန် မောင်တော မြို့နယ် ရုံးသို့ ဆင့်ခေါ် ထားကြောင်း သိရှိ ရပါသည်။ အစစ်ဆေး ခံရမည့်သူ များမှာ အမှန် တကယ် ဖြစ်စဉ် များကို ထွက် ဆို လျှင်လည်း စစ်ဆေးရန် လာသည့် အဖွဲ့ကို ဦးတင်မောင်က လာဘ်ထိုး၍ နှုတ်ပိတ်မည်ကို ဒေသခံ များ က စိုးရိမ် လျက်ရှိ ကြောင်း RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus