အွမ္မတ်အတွက် ရင်နာလို့
ဌေးလွင်ဦး
RB News
25.10.2013
ကျွန်တော်တို့ မြန်မာ မွတ်ဆလင် အစု အွမ္မတ်မှာ အွမ္မတ် တစ်ခုလုံးကို မားမား မတ်ရပ် တည်ပေး မယ့်ခေါင်းဆောင် ပျောက်နေတယ်။ ဘာသာရေး အယူ အဆ ကွဲပြားမှုကို အခြေခံပြီး အတွင်း ဗိုလ်လုမှုနဲ့ မိမိရဲ့ ဂိုဏ်းဂန ကြီးထွားမှု အတွက် ပဲ အုပ်စု ခေါင်းဆောင် တွေက လုံ့လ ပြုနေတယ်။ မမြင်ရတဲ့ ဂျနတ်ကို လက် ညှိုးထိုး ပြပြီး ငါ့နောက်ကို လိုက်မှ ဂျနတ်ကို ရောက်မလိုလို တွေနဲ့ သက်ဆိုင်ရာ နောက် လိုက် တွေ ကို မြှူဆွယ် နေတယ်။ အယူမတူ သူတွေ ကို မဟာ ရန်သူကြီး တွေလို ခြေမှုန်း နေတယ်။ အချင်းချင်း ဖါတ်ဝါဟ် ထုတ်ကာ အုပ်စုတွင်း တိုက်ပွဲတွေ အတွက် လူငယ်တွေကို မြှောက်ပေး နေတယ်။- အွမ္မတ်ကြီး တစ်ခုလုံး တစ်ကယ်တမ်း ဒုက္ခ(လောကဂျဟန်နန်)ကို ခံရတဲ့ အချိန်မှာ အဲ့ဒီ ဘေးဒုက္ခက လွတ်မြောက် စေဘို့ အာမခံ ချက်နဲ့ ထွက်လာ တဲ့သူ မရှိဘူး။
နောက် ဆုံး တော့ ကိုယ်တွေမှာ ခေါင်းဆောင် မရှိလို့ ၊ဒေါ်အောင် ဆန်း စု ကြည် က ပဲ ကိုယ် တွေ ရဲ့ ခေါင်းဆောင် ဖြစ် သလိုလို-၊ နှလုံးပိုက် ယုံကြည် ထားသူ တွေက ရှိသေး တယ်။ ဒေါ်အောင်ဆန်း စုကြည် အ နား မှာ ကပ်နေ ရ ရင် ပဲ သူ့ ကိုယ် သူ မဟာ နိုင်ငံရေး ၀န်ဆောင် လိုလို ခံစား နေသူ ကလည်း မနည်း ဘူး။ ဘယ် အနား ကပ် ကပ် နောက်ဆုံး တော့-ေ-ာက်ကုလား ဆိုတဲ့ စကားလုံးနဲ့ပဲ ချွေးသိပ်ခံ ခံနေရတာကို ခဏခဏ မေ့နေ ဟန် ရှိပါတယ်။
ကျွန်တော်က ဒေါ် အောင် ဆန်း စု ကြည် ကို ဝေ ဖန်တဲ့ အခါမှာ- ခင်ဗျားကို အကုန်လုံး ကြိုက်တယ် ကိုဌေးလွင် ဒါပေ မယ့် ခင်ဗျား ဘွား တော်ကို တော့ မဝေဖန် စေချင်ဘူး ဆိုတဲ့ လူ တစ် စုလည်း ရှိသေး တယ်။ အကြံပေးသလိုလိုနဲ့ ဒေါ်စုဘက် က ကာကွယ် တယ်လို့ပဲ ကျွန်တော် မြင် မိတယ်။ တစ်ကယ်တော့ ကျွန်တော် သူ့ကို အပြစ် မပြော သင့်ဘူး။ သူဟာ သူ့ဗမာတွေ အတွက် တစ်ကယ် ကောင်းတဲ့ သူတစ်ဦးပါ။ သူဟာ ဗမာတွေ ဘက်က အပြည့် အ၀ ရပ်တည်သူ တစ်ဦးပါ။- ဒီအတွက် သူ့ကို မဝေဖန်ဘူး။ ကိုယ်တွေ ကို မတရား သဖြင့် ထိလာတာ- ကိုယ်တွေကို မတရား သဖြင့် မျိုးဖြုတ်ဘို့ ကြံစည် လာတာကို မတားမြစ်မှု အပေါ် မှာသာ ဝေဖန်တယ်- ဒီထက် ပိုပြီး ပြောရရင် ကိုယ့်လူတွေ ဘက်က ရပ်ပြီး မတရားမှုမှာ တိုက်ရိုက် ပတ်သက်သူ၊ သွယ်ဝှိက် ပတ်သက်သူ အားလုံးကို တော်လှန်တယ်။ ဒီအတွက် မတရားသူ တွေကို မျက်နှာ ထောက်နေဘို့ မလိုဘူးလို့ ခံစားတယ်။
ဒေါ်စုကို ထိရင် ကိုယ်တွေကို ဗမာ တွေက မုန်းသွား မယ်လို့ ပြောသူ တွေလည်း ရှိသေးတယ်။ အခုကော ချစ် နေလို့ လားဗျာ- လို့ ပြန်မေး မိတဲ့ အခါ-၊ အဲ့ဒီ လူတွေမှာ အဖြေ မရှိ ပေဘူး။ တစ်ကယ်တော့ နဂိုရှိ ရင်း စွဲ ဗမာလူမျိုး တွေရဲ့ ရိုး ဂုဏ်ကို အရောင်ဆိုး နေသူ ထဲမှာ သူ (ဒေါ်စု) လည်း ပါဝင် နေတယ် ဆိုတာ- ကိုယ့် လူတွေ က မေ့မေ့နေ လွန်းလို့ပါ။ တည့် တည့် ဖွင့်ပြော ရရင် ဘာသာရေး အ သွင်ဆောင် ပဋိပ က္ခ တွေကို ဖြေရှင်း ပေး ဘို့ နိုင်ငံ တကာ သံတမန် တွေက ဒေါ်စုကို နှစ် ဦးချင်း တွေ့ပြီး ပြောတဲ့ အခါတိုင်း-၊ ရှင် တို့ ဒီ အကြောင်း အရာ ကို မပြော ပါနဲ့ အခြား အကြောင်းတွေ အများကြီး ရှိတယ် လို့ ပြော လိုက် တာ ချည်းပဲ-။ ရို ဟင် ဂျာနဲ့ ပတ်သက် လာ ရင်လည်း - ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို ကျ မရှေ့ မှာ မပြော ပါနဲ့ လို့  ပြော လိုက် တာ ချည်းပဲ။ (အဲ့ဒီ သံတမန် တွေက ကျွန်တော် တို့နဲ့ ဆက် ဆံမှု ရှိနေတယ် ဆိုတာ ဒေါ် စု ကိုယ် တိုင်မ သိ ခဲ့ လေတော့။) ဒီစကားတွေ ကျွန်တော်တို့ နားကို ပြန်ရောက် လာ မယ်ဆိုတာ သူမသိ လိုက်ဟန် ရှိပါတယ်။ (ဦးသိန်းစိန်တို့ ဦးရွှေမန်း တို့ ကတောင် ပြေလည် ရာ ပြေ လည်ကြောင်း ပြန်ပြော လိုက် တာ ရှိသေး တယ်- (လိမ်သည် ဖြစ်စေ ပေါ့ ဗျာ။) ဒါကိုလည်း ဒေါ်စုက မလိမ် တတ်လို့ သူ့ခံစားချက် အတိုင်း တည့် တည့် ပြောလိုက် တယ်လို့ ကာကွယ်ဦး မလား-။
ကိုယ်တွေက ဗမာ ဖြစ်ချင် လွန်းလို့ ဗမာ ယောင်ဆောင် ရင်လည်း ဗမာ ဖြစ်လာမှာ မဟုတ်ဘူး။ ဗမာမှု ပြု ရင်း အစ္စလာမ် စာသင် ကျောင်းတွေမှာ ဗမာ စာတောင် သင်ခွင့် မရတဲ့ အဖြစ်ကို ရောက်သွား ခဲ့တာလဲ- ခံစားလိုက် ရပြီ။ နောက်ဆုံးမှာ မော်လ၀ီတွေ အသုံး မကျလို့- ဆိုပြီး မော်လ၀ီ တွေကိုပဲ အပြစ်ပုံ ချတယ်။ သင်ခွင့် မရလို့ (ဦးနေ၀င်း ခေတ်က စပြီး သင်ခွင့် တွေကို တစ်ဖြေးဖြေး လျှော့ချ ခံရလို့) ဆိုတဲ့ အချက် ကိုရော အပြစ် ပြောနေ သူတွေ သိပါ ရဲ့လား။ ကိုယ်တွေကို ကုလား လို့ သတ်မှတ်ချင် သတ်မှတ် ပါစေ-၊ ဗ မာ မဖြစ်နိုင် တာကို ဗမာ အတင်း ဖြစ်ရမယ် လို့ ပုံသွင်း ယူလို့ မရဘူး။ ကုလား ဆိုတဲ့ အမည် နာ မကြောင့် သိမ်ငယ် ရမယ် ဆိုတာ မရှိဘူး။ သိမ်ငယ် ခြင်းဟာ ပုဂ္ဂိလက ခံစားချက်သာ ဖြစ်တယ်။ ကုလား ဆိုတဲ့ အ မည် နာမကြောင့် ၁၃၅ မျိုးက ဖယ်ခံ ရမယ်လို့ ခံစားမှု လည်း ရှိသေးတယ်။- အခုကော ၁၃၅ မျိုးမှာ ထည့်သွင်းခံ ရလို့လား။ ဒါတွေ အားလုံးကို ချေဖျက်ဘို့ ကိုယ်တွေ စုစည်းဘို့ လိုတယ်။ ညီညွတ်ဘို့ လို တယ်။ ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ့်အားကို တည်ဆောက်နိုင် ဘို့လိုတယ်။ ကိုယ်တွေမှာ တစ်စုံ တစ် ရာသော လူထု ရှိပါလျှက် ခေါင်းဆောင် မရှိ ညီညွတ်တဲ့ အင်အား မရှိ ဖြစ်နေ သ၍ ကြက်လို ငှက်လို သတ် စား ခံနေရမှာပဲ။ ကုလား ဖြစ်ချင် ဖြစ်ပါစေ-၊ ညီညွတ် လာတဲ့ အခါ ကိုယ်လို ချင်ရာကို တရားသဖြင့် ကမ္ဘာ့ ဥပေဒ စံချိန် စံညွှန်းနဲ့ အညီ ရယူနိုင်တဲ့ နည်းတွေ ရှိနေတယ်။
ဗုဒ္ဓ ဘာသာတွေကို ကြည့်ပါ။- နိုင်ငံရေး အမျိုးသားရေးမှာ ရွှေကျင် သုဒ္ဓမာ၊ စတုဘုံမိက ဘာညာ အငြင်း ပွားရန် ဖြစ်နေတာ မရှိဘူး။ ဘယ်ဂိုဏ်းဝင်က ခေါင်းဆောင် တက်တက် လက်ခံပေးတယ်၊ လိုက် နာ ပေး တယ်။ ဟန်ချက် ညီညီ ဆောင်ရွက် ပေးတယ်။ ကိုယ်တွေမှာ ကိုယ်တွေ အသုံး မကျလို့ အခုလို ခံနေ ခဲ့ရတာ- နှစ်ပေါင်း ၆၀ ကျော် ခဲ့ပြီ-၊ မျိုးမပြုတ် တစ်ပြုတ် ဖြစ်နေပြီ။
မြန်မာ မွတ်ဆလင်တွေ အလုပ် ခွဲခြား လုပ်ကိုင် တတ်ဘို့ လိုတယ်။ ဘာသာရေး အသင်း အဖွဲ့မှာ ပါဝင် လို သူ များနဲ့ နိုင်ငံရေးမှာ ပါဝင် လိုသူများ သီးသန့် ခွဲထုတ်ဘို့ လိုတယ်။ ဘာသာရေး အသင်း အဖွဲ့က လူတွေ က သူ့ဘာသာနဲ့ သူ့အယူ ရှင်သန်အောင် ရပ်တည် နေခြင်းကို နိုင်ငံရေး လုပ်မယ့် အုပ်စု တွေက ၀င်မရှုပ် ပါဘို့ လိုတယ်။ နိုင်ငံရေး လုပ်မယ့် အုပ်စုတွေ ကလည်း ဘာသာရေး ဂိုဏ်းတွေရဲ့ အယူအဆ တိုက် ပွဲ တွေ မှာ ၀င်မရှုပ် ပါနဲ့-၊ နိုင်ငံရေး လုပ်မယ်လည်း ခံယူသေးတယ်- အလ်ဟာ့ဂ်ျ တို့ မုဖ်သီ တို့ မောင် လာ နာ၊ မော်လ၀ီ ဆိုတဲ့ ဆိုင်းဘုတ် တွေကို မဖြုတ် ချင်လို့ မရဘူး ဆိုတာလည်း သဘော ပေါက်ဘို့ လိုပါ တယ်။
ဖြစ်တည် လာမယ့် နိုင်ငံရေး အဖွဲ့ဟာ ဘယ်အဖွဲ့ အစည်းရဲ့ အေးဂျင့် မဖြစ်ဘို့လည်း လိုတယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ် ရပ်တည် တာမှာ NLD ရဲ့ အေးဂျင့် လုပ်မယ် ဆိုရင်- သို့မဟုတ် အခြား အဖွဲ့ တစ်ခုခုရဲ့ အေးဂျင့် လုပ်မယ် ဆိုရင် ဒါဟာ မိမိ အမျိုးသားထု Hijack လုပ်ခြင်း ဖြစ်တယ်။ မိမိ အမျိုးသား ထုကို အသုံးချပြီး မိမိအတ္တကို ထူထောင်ခြင်း ဖြစ်တယ်။ ဖြစ်တည် လာမယ့် အဖွဲ့ အစည်းဟာ မိမိ လူမျိုးထု ကောင်းစားမယ် ဆိုရင် ဘယ် အဖွဲ့နဲ့ မဆို မဟာမိတ် လုပ်နိုင်တဲ့ သတ္တိ ရှိရမယ်။ မိမိက စစ်တပ်ကို မုန်းလို့ NLD ကို ဘက်လိုက် တာမျိုး မဖြစ်သင့် သလို မိမိက စစ်တပ်ကို ချစ်လို့ ကြံ့ခိုင်ရေးကို ဘက်လိုက်တာ မျိုးလည်း မဖြစ်စေ ရဘူး။ မိမိ အမျိုးသားထု အတွက် ဘယ်သူက လုပ်ပေးနိုင် သလဲကိုပဲ ကြည့်ရမယ်။ ဘယ်သူ ကမှ လုပ်မပေး နိုင်ရင် ကိုယ့်အားနဲ့ကို စုစည်း ရပ်တည် ပါ။ ကပ်ဖား ယပ်ဖား ဘယ်သူ့ ကိုမှ လုပ်စရာ မလိုဘူး။ အမှန်တရား အတွက် တော်လှန် နေတဲ့ အဖွဲ့ အဖြစ် ရပ်တည် ပါ။ အမှန် တရားကို ချစ်တဲ့ လူတွေက ကိုယ်တွေကို အားပေး လာလိမ့်မယ်။ တစ်ဘက်က ကျွန်တော် တို့မှာ နိုင်ငံတစ်ကာ အသိုင်း အ၀ိုင်း ရှိတယ်။ (နိုင်ငံတစ်ကာ အသိုင်း အ၀ိုင်းကို အားမကိုးရင် မြန်မာ နိုင်ငံမှာ ဒေါ်အောင် ဆန်းစုကြည် တောင် အချုပ်ခံ ဘ၀က လွတ်လာဘို့ လမ်းမရှိဘူး-၊ ကျေးဇူး မကန်း သူတိုင်း သိနားလည်တယ်။)
ကျွန်တော် တို့က နိုင်ငံတော် အာဏာကို လုနေသူတွေ မဟုတ်ဘူး၊ သမ္မတ ရာထူးကို လုနေ သူတွေ မဟုတ်ဘူး၊ နိုင်ငံတော် အတွင်းအေးတူပူမျှ တန်းတူညီမျှ အခွင့်အရေး အတွက်တော်လှန် နေ သူတွေ ဖြစ် တယ်။ ဒီအတွက် မတရားသူ တွေရဲ့ ဘယ်မျက်နှာ ကိုမှ ထောက်ထား စရာ မလိုဘူး- ဒီလောက်တော့ သတ္တိရှိ ရမယ်။ ဒီလောက် တောင် သတ္တိ မရှိသူတွေ ဘေးမှာ ထွက်ထိုင်နေဘို့ ဆုံးဖြတ်ပါ။ သတ္တိလည်း မရှိဘူး ခေါင်းဆောင်လည်း လုပ်ချင် ရင်လည်း မဖြစ်ဘူး အွမ္မတ် နစ်နာတယ်။
ဘယ်နည်းနဲ့ ရရ ကျွန်တော်တို့ အခွင့် အရေးကို ရအောင် ယူပေးမယ် ဆိုတဲ့ စိတ်ဓါတ် ပိုင်ရှင် တွေ ကို ခေါင်းဆောင် လုပ်ခွင့် ပေးဘို့ လိုတယ်။ ဒီအတွက် FB လူမှု ကွန်ယက် တွေမှာ စတင် လှုံ့ဆော်ပါ။ အွမ္မတ်ကို စည်းရုံးပါ။ မိမိကိုယ် မိမိ အမျိုးသားရေးကို လုပ်မယ်လို့ ဆုံးဖြတ် သူတိုင်း ဘာသာရေး အ ယူ ငြင်း ပွဲ တွေက ရှောင်ပါ။ (ဘာသာရေးမှာ ၀ါသနာပါ သူများ ကလည်း လွတ်လပ်စွာ လုပ်ဆောင် ပါစေ၊ ငြင်းခုံပါစေ မိမိက အဲ့ဒီကြားထဲမှာ မပါဝင် မိအောင် ခြင်ဆင်ပါ။) မိမိ အမျိုးသားရေး ကိုပဲ တစ်စိုက် မတ်မတ် လုပ်ပါ။ နိုင်ငံရေး သမား တော်လှန်ရေး သမား များဟာ နိုင်ငံရေး သမား တော်လှန်ရေး သမား ပီသ အောင်သာ ကြိုးစားပါ-လို့ အကြံပေး လိုပါတယ်။- မိမိ အခွင့် အရေးကို မိမိ ယူနိုင် ပါတယ်-၊ ဆိုတဲ့ အချက်ကို ပြတ်ပြတ် သားသား ယုံကြည် လက်ခံထားဘို့ လိုတယ်။
ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement