နောက်ဆုံးသတင်း/ဆောင်းပါးများ

Genocide ဟုခေါ်ရာတွင်

MyanmarMuslim InfoCentre
26.10.2013

မြန်မာ နိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှု မရှိ၊ ရှိခဲ့လျှင် မွတ်စ်လင်မ် များကို တွေ့ရ တော့မည် မဟုတ်ဟု အများက ပြောကြသည်။ Genocide မရှိကြောင်း ငြင်းသော်လည်း Genocide ဆိုသည်မှာ ဘာလဲ သိသူ ရှားပေသည်။ Genocide တွင် အဆင့် ၈ ဆင့် ရှိသည်။ ၎င်း အဆင့် ၈ ဆင့်မှ မြန်မာ နိုင်ငံတွင် မည်သည့် လက္ခဏာ များကို တွေ့နိုင်သည် ဆိုတာ အောက်တွင် သုံးသပ်ပြ ထားသည်။

1. Classification 

"မင်းတို့" "ငါတို့" စသဖြင့် ခွဲခြားခြင်း ဖြစ်သည်။ များသော အားဖြင့် လူမျိုး၊ ဘာသာ နှင့်လိုက်၍ ခွဲခြား တတ် သည်။ ဥပမာ "German" နှင့် "Jew"၊ "Hutu" နှင့် "Tutsi" ခွဲခြားခြင်း ဖြစ်သည်။

လက္ခဏာ - မင်းတို့ ကုလားတွေ၊ ငါတို့ ဗမာတွေ ဟူသော အသုံး အနှုန်းကို နေရာ အများ အပြား တွင် တွေ့ ရှိ ရသည်။

2. Symbolization 

အပေါ်ယံ အသွင် အပြင် အမှတ် အသား အပေါ် မူတည်၍ ခွဲခြား ဆက်ဆံခြင်း ဖြစ်သည်။ ဥပမာ နာ ဇီ ခေတ် တွင် ဂျူးလူမျိုး များကို ၎င်းတို့၏ ၀တ်စား ဆင်ယင်ပုံကို ကြည့်၍ ခွဲခြား ခဲ့သည်။ ထို့အပြင် အ ၀ါရောင်ကြယ် တံဆိပ် ဖြင့်လဲ ခွဲခြား သတ်မှတ် ခဲ့ကြသည်။

လက္ခဏာ - မွတ်စ်လင်မ် များကို မျက်နှာပေါက်၊ မုတ်ဆိတ်၊ ၀တ်ရုံဖြူ စသည်ဖြင့် ခွဲခြား သတ်မှတ် ကြ သည်။ ၇၈၆ ဟူသော တံဆိပ် ဖြင့်လဲ ခွဲခြား ကြသည်။

3. Dehumanization 

အုပ်စု တစ်ခုသည် အခြား တစ်ခု၏ လူအဖြစ် ရပ်တည်မှု (humanity) ကို ငြင်းဆန်ခြင်း ဖြစ်သည်။ အဆိုပါ အုပ်စုအား တိရစ္ဆာန် များနှင့် နှိုင်းတတ် ကြသည်။ သတင်းစာ၊ ရေဒီယိုနှင့် မီဒီယာ များမှလဲ ၀ါဒဖြန့် ခြင်း များဖြင့် ခံရသူ အုပ်စုကို ခွဲခြား သတ်မှတ်သည်။

လက္ခဏာ - ဘုန်းကြီးများ ပင်လျှင် တရား ဟောရာ၌ မွတ်စ်လင်မ် များအား တိရစ္ဆာန် များနှင့် ခိုင်းနှိုင်း ကြ သည်။ နိုင်ငံပိုင် သတင်း များမှလဲ ကုလား ဟူသော အသုံးအနှုန်းကို သုံးစွဲခဲ့သည်။

4. Organization 

Genocide လုပ်ရန် အတွက် အထူး အဖွဲ့ အစည်း တစ်ရပ်ကို ဖွဲ့စည်း ကြသည်။ များသော အားဖြင့် လက် နက် ကိုင်တပ် (သို့) အကြမ်းဖက် သမားများ ဖြစ်လေ့ ရှိသည်။ လုပ်ငန်း စဉ်များ အတွက် ကြိုတင် အ ကွက်ချ ကြံစည် မှုများ ပြုလုပ် ကြသည်။

လက္ခဏာ - စနစ်တကျ လေ့ကျင့် ထားပုံ ရသည့် ဘယ်ကမှန်း မသိ ရောက် လာသော ဒေါ သထွက် နေ သည့် လူအုပ်ကြီး၊

5. Polarization 

Genocide ကျူးလွန်မည့် အုပ်စုသည် မီဒီယာ အားကိုးဖြင့် ၀ါဒ ဖြန့်ကြသည်။ အကြမ်းဖက် အုပ်စုသည် ကြားနေလူများ၊ ၎င်းတို့ကို ဆန့်ကျင်သည့် အစွန်း မရောက် သူများ၊ လူ့အခွင့် အရေး ဆိုင်ရာ အဖွဲ့ အစည်း များ ကိုလဲ တိုက်ခိုက် ကြသည်။

လက္ခဏာ - မွတ်စ်လင်မ် မကောင်းကြောင်း များကို မီဒီယာ များမှ တစ်ဆင့် လုပ်ကြံ ချဲ့ထွင် ၍ ဖြန့်ကြ သည်။ ၎င်းတို့ကို ဝေဖန်သည့် ကြားနေသူ များကိုလဲ ကုလား လော်ဘီဟု ဆိုကာ တိုက်ခိုက် ကြသည်။ UNHCR ကိုပင် ဦးတည် တိုက်ခိုက် မှုများ ရှိသည်။

6. Preparation 

အကြမ်းဖက်သူ များသည် ၎င်းတို့၏ သားကောင်အား အမှတ် အသား များဖြင့် ခွဲထုတ် ကြသည်။ များသော အားဖြင့် လူမျိုး ဘာသာ အမှတ် အသားများ ဖြစ်လေ့ ရှိသည်။ ၎င်းအမှတ် အသား များကို ပစ်မှတ်ထား တိုက်ခိုက် ကြသည်။ အသေ အပျောက် စာရင်း များလဲ တွေ့ရသည်။ ၎င်းတို့၏ ပစ္စည်း ဥစ္စာ များကို ဖျက်ဆီး လုယူ တတ်ကြသည်။ ထို့အပြင် အကြမ်းဖက် ခံရသူ များအား သပ်သပ် ခွဲ၍ ရွာအပြင်၊ ရပ်ကွက် အပြင်၊ camp များအတွင်း အစာငတ် စေရန် ထားတတ်သည်။ ယခု အဆင့်သည် Genocide Emergency အရေးပေါ် အခြေ အနေ အဖြစ် ကြေငြာ ရမည့် အဆင့် ဖြစ်သည်။

လက္ခဏာ - စတစ်ကာ အမှတ် အသား များဖြင့် မွတ်စ်လင်မ် အိမ်များကို ခွဲခြား ကြသည်။ သံတွဲ ဖြစ် စဉ် တွင် ဘာသာရေး အလံပါ အသုံးပြုမှု ရှိလာသည့် အတွက် အစိုးရ ပိုင်းကပါ လှုပ်လှုပ် ရှားရှား ဖြစ် ခဲ့သည်။ ဘာသာရေး အဆောက် အဦး များကို အဓိကထား တိုက်ခိုက် ကြသည်။ အသေ အပျောက် များ လဲ ရှိခဲ့သည်။ အိမ်များ၊ ဆိုင်များ အတွင်းမှ ပစ္စည်းများ လုယက်ခံ ရသည့် မှတ်တမ်း များလဲ ရှိသည်။ အိမ်ခြေ ဆုံးရှုံး သွားသည့် မွတ်စ်လင်မ် များအား ဒုက္ခသည် စခန်း အတွင်း ထားရှိသည်။ အနေ အစား ဆင်းရဲမှု များလဲ ရှိသည်။ ပြန်လည် နေရာချ ထားပေးမှု ကြန့်ကြာ နေသည်။

7. Extermination 

အမြစ်ပါ မကျန် ဖျက်ဆီး သတ်ဖြတ်သည့် အဆင့် ဖြစ်သည်။ ကလေး သူငယ် သက်ကြီး ရွယ်အို များကိုပင် ချမ်းသာ မပေး။ အကြမ်းဖက်သူ များသည် ၎င်းတို့ သတ်ဖြတ်သည့် လူများကို လူဟု မသတ်မှတ် တတ်ကြပေ။ တစ်ခါ တစ်ရံတွင် Genocide သည် ခုခံရာမှ တစ်ဖက်နှင့် တစ်ဖက် အပြန် အလှန် လက် စားချေ တိုက်ခိုက်မှု အသွင်သို့  ကူးပြောင်း သွားတတ်သည်။ ဥပမာ Burundi ဖြစ်စဉ်

လက္ခဏာ - အသက် ၉နှစ်မှ ၉၀ကျော် အထိ ကလေး သူငယ် သက်ကြီး ရွယ်အို များပင် သေဆုံးသူ စာရင်း တွင် ပါဝင် ခဲ့ကြသည်။ သေသည့် သူများကိုလဲ ကုလားတွေ သေတာ နည်းသေးဟု လူမဆန်သည့် အပြော အ ဆို များကို တွေ့ ရသည်။

8. Denial 

Genocide ဖြစ်စဉ် များတွင် တွေ့ရ တတ်သော နောက်ဆုံး အဆင့် ဖြစ်သည်။ ကျူးလွန်သူ များသည် အလောင်း များကို မြေကျင်း တူး၍ မြုပ်နှံ ကြသည်။ မီးရှို့၍ အလောင်း ဖျောက်ဖျက် ကြသည်။ သက်သေခံ ပစ္စည်း များကို ဖုံးကွယ်ရန် ကြိုးစား ကြသည်။ မျက်မြင် သက်သေ များကို ခြောက်လှန့် တိုက်ခိုက် ကြ သည်။ အပြစ် ကျူးလွန် ကြောင်းကို ငြင်းဆန်၍ ဖြစ်သမျှကို ကျူးလွန် ခံရသူများ အပေါ် အပြစ်ပုံ ချတတ် ကြသည်။ မှုခင်း အတွက် စုံစမ်းမှု များကို ဖျက်လို ဖျက်ဆီး လုပ်တတ် ကြသည်။

လက္ခဏာ - ရခိုင် ပြည်နယ်တွင် မြေမြုပ် ထားသော အလောင်းများ တွေ့ရသည်ဟု အစီရင်ခံစာ များအရ သိရသည်။ မိတ္ထီလာတွင် မီးရှို့ ခံရသည့် အလောင်းများ အများ အပြား တွေ့ရသည်။ သတင်းထောက် များထံမှ ကင်မရာ များကို လုယက် ဖျက်ဆီး ကြသည်။ မျက်မြင် သက်သေ များကို ကြောက် လန့် စေ ရန် ပြုလုပ် ကြသည်။ မိတ္ထီလာ NLD မှ ဦးဝင်းတင်ကို ကန့်ကွက် ဆန္ဒပြ ကြသည်။ ဖြစ် သမျှကို ငြင်းဆန်၍ မွတ်စ်လင်မ် များဘက်မှ စသည် ဟုသာ လက်ညိုးထိုး ပြောဆို ကြသည်။ စုံစမ်းရန် လာသူ များကို ၀ိုင်းဝန်း နှောက်ယှက် ကြသည်။ ဥပမာ ကင်တားနား။

Genocide ဟူသည် ပစ်မှတ်ထား တိုက်ခိုက် ခံရသည့် လူမျိုး တစ်စုလုံး ကွယ်ပျောက် သွားမှ Genocide မြောက် သည် မဟုတ်။ အထက်ပါ အချက် ၈ ချက်နှင့် ကိုက်ညီ လျှင်ပင် Genocide မြောက်ပေ သည်။ မြန်မာ နိုင်ငံတွင် Ethnic Cleansing မရှိဟု ၀ိနည်းလွတ် ဖြေ၍ ရပေမည်။ သို့သော် Genocide မရှိဟု ဆိုရန်မှာမူ . . . . .

Reference: The 8 Stages of Genocide by Gregory H. Stanton (President, Genocide Watch)



Comment ရေးရန်

Rohingya Exodus