နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်းမှ ရဲတပ်သား ဇော်ဇော်အောင်က အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်

RB News
6.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို - ကြိမ်ချောင်း ကားလမ်းရှိ တာရိန်း တံ တား အနီးတွင် အောက်တို ဘာလ (၅) ရက်နေ့ ညနေပိုင်းတွင် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့် ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦး ထံမှ သတင်း ရရှိ ပါသည်။ 

အောက်တို ဘာလ (၅) ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် မောင်တော မြို့နယ်၊ ကြိမ်ချောင်း ရဲစခန်းမှ ရဲတပ် သား ဇော်ဇော်အောင်နှင့် တပ်ဖွဲ့ဝင် ၄ ဦး တို့သည် တောင်ပြို - ကြိမ်ချောင်း ကားလမ်းရှိ တာရိန်း တံတား အနီးသို့ သွားရောက်၍ တက္ကစီ ကားများဖြင့် ခရီးသွား နေသည့် ကားများကို တား၍ ယာယီ ကဒ်ပြားနှင့် ရွာ ထွက် လက်မှတ် များကို စစ်ဆေးသည့် အပြင် ကိုယ်ခန္ဓာ များကို စစ်ဆေး၍ မဟုတ် မမှန် စွပ်စွဲ၍ ခရီးသွား များထံမှ ငွေညှစ်ခြင်း၊ လက်ထိပ် ခတ်၍ ဖမ်းဆီးခြင်း တို့အပြင် အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့် ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ ပြောပါသည်။ 

တာရိန်း တံတားသည် တောင်ကုန်း နှစ်ခု ကြားရှိ လမ်းမပေါ်တွင် တည်ရှိပြီး၊ ထိုနေရာ မျိုးသို့ သွားရောက်၍ ရဲများက လုယက်မှု၊ မုဒိန်းမှု များကျူးလွန် တတ်ကြောင်း ဒေသခံ များက ဆိုသည်။ 

“ကျွန်တော့်ကို ရွာထွက် လက်မှတ် စစ်တယ်။ ကျွန်တော့်မှာ ယာယီ ကဒ်ပြား ဘဲပါတယ်။ ရွာထွက် လက်မှတ် မ ပါ လို့ဇော်ဇော်အောင်က ကျွန်တော့်ကို လက်ထိပ် ခတ်ထား ပြီးတောင်ကုန်းပေါ်မှာ ထိုင်ခိုင်း ထား တယ်။အခြား ခရီးသည်တွေဆီ ကငွေညှစ်ပြီး ကားကို လွှတ်လိုက်တယ်။ ကျွန်တော့်ဆီ ကငွေ ၅သောင်းတောင်း တယ်။ ကျွန်တော့်မှာ ငွေ ၅ သောင်း မပါတော့ လက်ထိပ် ခတ်ပြီး ဖမ်းထား လိုက် တာပါ” ဟု လက်ထိပ်ခတ် ဖမ်းဆီး ခံရသူမှ RB News သို့ ပြောပါသည်။

အဆိုပါ ရွာထွက် လက်မှတ် မပါသူအား ဖမ်းဆီး ထားသည့် အချိန်တွင် အမျိုးသမီး တစ်ဦးနှင့် ဆယ်နှစ် အရွယ် ကလေး တစ်ဦးတို့ လမ်းလျှောက်၍ ရောက်ရှိလာပြီး၊ ဇော်ဇော်အောင်က ယာယီ ကဒ်ပြား ပါ လား မေးမြန်းပြီး နောက် ခန္ဓာကိုယ် ကိုပါ စစ်ဆေး ခဲ့သည်ဟု မျက်မြင် သက်သေမှ ပြောပါသည်။ 

“အမျိုးသမီးနဲ့ ကလေးက လမ်းလျှောက်ပြီး လာကြတာ။ အမျိုး သမီးကို ယာယီ ကဒ်မေးပြီး တာနဲ့ ဘာပါလား ညာပါလား ဆိုပြီး ခန္ဓာကိုယ်ကို ကိုင်ပြီး ရှာတယ်။ ပြီးတော့ ကျွန်တော့် ဆီမှာ ပါတဲ့ ငွေ ၁ သောင်းကို ယူပြီး ကျွန်တော့်ကို ပြန်လွှတ် လိုက်တယ်။ ပြီးတာနဲ့ အမျိုး သမီးကို တောင်ကုန်း ပေါ်ကို အတင်း ခေါ်သွားတယ်။ ကျွန်တော်လည်း နည်းနည်း လမ်းလျှောက် လာတာနဲ့ အမျိုး သမီးရဲ့ ကယ်ပါဦး ဆို တဲ့ အသံကို အကြိမ်ကြိမ် ကြားလိုက် ရတယ်။ ကျွန်တော် ၀င်ပြီး ကယ်ချင် ခဲ့ပေ မယ့်လည်း သူတို့က ရဲ ၅ ယောက် ဆိုတော့ ကျွန်တော် ၀င်ပြီး ကယ်ရင်လည်း ကျွန်တော်ဘဲ အသတ် ခံရမှာလေ။ ပြီးတော့ အာ ဏာပိုင် တွေကို သွားတိုင် ရင်လည်း ကျွန်တော့် ကိုဘဲ ပြန်ဖမ်း လိမ့်မယ်။ အဲဒီတော့ ဒေါသကို ထိန်း ချုပ် ပြီး ပြန် လာ ခဲ့ရတယ်။ မုဒိန်းကျင့် ခံရတဲ့ အမျိုးသမီး ကတော့ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ က ဖြစ်ဖို့ များ ပါတယ်” ဟု မျက်မြင် သက်သေမှ RB News သို့ ပြောပါသည်။ 

ကြိမ်ချောင်း ရဲစခန်းမှ ဇော်ဇော်အောင်သည် လွန်ခဲ့သည့်လက ဦးရှဉ့်ကျ ကျေးရွာမှ ရိုဟင်ဂျာ ညီအစ်ကို ၅ ဦးကို ဓါးပြမှုနှင့် ဆက်နွယ်သည် ဟုဆို၍ ဖမ်းဆီး ခဲ့ပြီး ညှဉ်းပန်း နှိပ်စက် ရာတွင် တစ်ဦး သေဆုံး ခဲ့သော်လည်း အာဏာပိုင် များမှ ယခု အချိန်ထိ အရေးယူခြင်း မရှိသည်ကို လေ့လာ သိရှိ ရပါသည်။ ကြိမ်ချောင်းရှိ ရွာများမှ ဒေသခံ ရိုဟင်ဂျာ များကိုလည်း နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း စသည့် နာမည်ဆိုးဖြင့် ကျော်ကြား နေသည့် ရဲတစ်ဦး ဖြစ်ပါသည်။


Comment ရေးရန်

Rohingya Exodus