နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မဲ့ ကမန် တိုင်းရင်းသား မွတ်စလင် များကို ဖမ်းဆီးနေ

RB News
6.10.2013

သံတွဲ ။ ။ အောက်တို ဘာလ (၅) ရက်နေ့ နေ့လည်ပိုင်း မှစ၍ ရခိုင် ပြည်နယ်၊ သံတွဲ မြို့ရှိ အပြစ်မဲ့ ကမန် တိုင်းရင်းသား မွတ်စလင် များကို ဖမ်းဆီးလျက် ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ပေါက်တော ကျေးရွာတွင် မီးရှို့ အကြမ်းဖက် ခံရသည့် အကြမ်းဖက်ခံ များသည် လင်းသီရွာသို့ လာရောက် ခိုလှုံ ကြသဖြင့် လင်းသီရွာသို့ ရဲတပ်ဖွဲ့ ၀င်များ လာရောက်ပြီး ဒုက္ခသည် များ စစ်ဆေးရန် ရှိသည်ဟု ဆို ကာ တွေ့သမျှ လူငယ် များကို ဖမ်းဆီး လျက်ရှိကြောင်း သိရှိ ရပါသည်။ ဖမ်းဆီးမှု များကို ဦးဆောင် နေ သူ မှာ ရွှေလှေ ရဲစခန်းမှူး ရဲအုပ် တင်မောင်လွင် ဖြစ်ပြီး၊ ဒေသခံ များက ရဲအုပ် တင်မောင်လွင်နှင့် နယ်ထိန်း အဖွဲ့များ၏ လုပ်ရပ်များ ပေါ်မည် စိုး၍ ယခုကဲ့သို့ လိုက်လံ ဖမ်းဆီး နေခြင်း ဖြစ်သည် ဟုဆိုသည်။ 

ဒေသခံ တစ်ဦးက “ရဲအုပ် တင်မောင်လွင်ကို ရခိုင် ကွန်ယက်နဲ့ တိုးတက်ရေး ပါတီ [RNDP] တို့ပေါင်းပြီး အခု ပြဿနာကို ပါဝင် ကူညီ ပေးဖို့ အတွက် ငွေကျပ် သိန်း ၁၀၀ လာဘ်ထိုး ထားတယ်လို့ ကျွန်တော်တို့ သတင်း အတိ အကျ ရထားတယ်။ စူပါ ပဲဆီသန့် ပိုင်ရှင် ဦးခင်မောင်စိုးနဲ့ မ၀င်းဝင်းရွှေ တို့ကလည်း မီးရှို့ ရမှာ သုံးဖို့ ဒီဇယ်နဲ့ ဓါတ်ဆီ တွေကို လိုအပ်သလို ထုတ်ပေး ခဲ့တယ်။” ဟု RB News သို့ ပြောပါသည်။

“မီးရှို့ အကြမ်းဖက် ခံရတာက ကမန် တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် တွေပါ။ အခု ဖမ်းနေတာ က လည်း အကြမ်းဖက်ခံ ကမန် တိုင်းရင်းသား မွတ်စလင် တွေကိုပါ။ အခု ဖမ်းဆီး နေတာက တရား ရဲ့လား? မီးရှို့ အကြမ်းဖက်တဲ့ သူတွေကို မဖမ်းဘဲ အကြမ်းဖက်ခံ ရတဲ့ သူတွေကို ဖမ်းဆီး နေတာ တရား ရဲ့လား?” ဟု ၎င်းမှ ဆက်လက် ပြောပါသည်။ 

ယနေ့ နံနက်ထိ လင်းသီရွာမှ ဖမ်းဆီး ခံရသူ (၁၁) ဦး ရှိပြီး - ၎င်းတို့မှာ 

(၁) ဦးကိုကို
(၂) ဦးတင်ရွှေ
(၃) ဦးမောင်တင်နု
(၄) ဦးထွန်းထွန်းနိုင်
(၅) ဦးအောင်သိန်း
(၆) ဦးမျိုးမင်းထွေး
(၇) ဦးရခိုင်
(၈) ဦးမိုးကြိုး
(၉) ဦးကြွက်ဖြူ
(၁၀) ဦးဆရာလေး
(၁၁) ဦးတင်လှိုင်စိုး -- တို့ ဖြစ်ပါသည်။


Comment ရေးရန်

Rohingya Exodus