နောက်ဆုံးသတင်း/ဆောင်းပါးများ

လျှို့ဝှက် ထောက်လှမ်းတဲ့ ကိစ္စ ကန်နဲ့ သြစတြေးလျကို အင်ဒို ရှင်းလင်း ချက်တောင်း

အင်ဒို နိုင်ငံခြားရေး ဝန်ကြီး ဌာနကို ဆင့်ခေါ် ခံရတဲ့ သြစတေးလျ သံအမတ် Greg Moriartyကို သတင်းထောက် တွေက မေးမြန်း နေစဉ်။ ( နိုဝင်ဘာလ ၁၊ ၂၀၁၃)။
1.11.2013

အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နဲ့အရှေ့ တိမော နိုင်ငံတွေမှာ ရှိတဲ့ သြစတြေးလျ သံရုံးတွေကို အမေရိ ကန် ရဲ့လျို့ဝှက် ထောက် လှမ်းရေး လုပ်ငန်းတွေ လုပ်ခွင့်ပေးခဲ့ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ ပြီးနောက် သြစတြေးလျ သံအ မတ်ကို အင် ဒို နီး ရှားက ဆင့်ခေါ် ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံ အနေနဲ့ သတင်း တွေနဲ့ ပတ်သက်လို့ အလွန် အမင်း စိုးရိမ် မကင်း ဖြစ်ရ သလို၊ လက်မ ခံ နိုင်တဲ့လုပ်ရပ်ဖြစ်တဲ့ အတွက်လည်း ရှင်းလင်းချက် ပေးဖို့ သြစတြေးလျနဲ့ အမေရိကန် အာဏာ ပိုင် တွေ ကို တောင်းဆို ထားတဲ့ အကြောင်း တွေ့ဆုံမှု အပြီးမှာပဲ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa က ပြောဆို ခဲ့တာပါ။

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ ရဲ့ကန်ထရိုက် ဝန်ထမ်းဟောင်း Edward Snowden ထံ ကနေ ပေါက်ကြား ခဲ့တဲ့ အချက် အလက် တွေကို အခြေခံ ဖော်ပြ ခဲ့တဲ့ သတင်းတွေ မှာတော့ ဂျကာတာ မြို့တော် အမေရိကန် သံရုံးဟာသမ္မတ Susilo Bambang Yudhoyono အပါအဝင်အင်ဒိုနီး ရှားခေါင်း ဆာင် တွေ ကို စောင့်ကြည့် ထောက်လှမ်း ခဲ့ကြောင်း ဖော်ပြထား ပါတယ်။ အင်ဒိုနီး ရှား ခေါင်းဆောင် တွေ ကို စောင့်ကြည့်ဖို့ ကြားဖြတ် နားထောင်တဲ့ ကရိယာတွေ တပ်ဆင် ထားပြီး ထောက် လှမ်းရေး ရုံးကိုလည်း အမေရိကန် သံရုံးဝင်း ထဲမှာ စနစ် တကျ လျို့ဝှက် တည်ဆောက် ထားတယ် လို့လည်း ဆိုပါတယ်။

စွပ်စွဲ ချက်တွေ ထွက်ပေါ် နေတာနဲ့ ပတ်သက်လို့ အင်ဒို နီးရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက အမေရိကန် အဆင့်မြင့် သံတမန် ကိုလည်း ရှင်းလင်း ချက်ပေးဖို့ ဆင့်ခေါ် ခဲ့တာပါ။ အင်ဒိုနီးရှား သံတမန်တွေ ကတော့ အမေရိ ကန်ရဲ့ ထောက် လှမ်းရေး လုပ်ငန်း တွေဟာ လုံခြုံရေးကို ချိုးဖောက်ရာ ရောက်ရုံ သာမက သံ တ မန် ကျင့် ဝတ် တွေကို ဖောက် ဖျက်ရာ ရောက်တယ်လို့ ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus