March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ခိုးဝင်ဘင်္ဂါလီများဟု သုံးစွဲနေခြင်းများ ရပ်တန့်ပေးပါရန်

သို့ 

၁။ ဦးသိန်းစိန်၊ သမ္မတ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်။ 
၂။ ဦးရွှေမန်း၊ ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်။ 
၃။ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပြည်ထဲရေး ဝန်ကြီး ဌာန။ 
၎။ ဦးခင်ရီ၊ ဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန။ 

ရက်စွဲ။ ။ ၂၀၁၃-ခုနှစ် နိုဝင်ဘာလ (၂၄) ရက်။ 

အကြောင်းအရာ ။ ။ ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် များကို ခိုးဝင် ဘင်္ဂါလီဟု ခေါ်ဝေါ် သုံးစွဲ၍ လူ့ဂုဏ် သိက္ခာ ကျဆင်းအောင် ပြောဆို သုံးနှုန်း နေခြင်းအား ရပ်တန့် ပေးပါရန်။ 

၁။ အထက်ပါ အကြောင်း အရာနှင့် ပတ်သက်၍ ရခိုင် ပြည်နယ်တွင် မှီတင်း နေထိုင် ကြသော မွတ်စလင် ရိုဟင်ဂျာ များအား ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ ခိုးဝင် လာသူ များအဖြစ် ခေါ်ဝေါ် သုံးစွဲ နေကြောင်း တွေ့ရှိ ရပါ သည်။ 

၂။ ရခိုင်ပြည်နယ်တွင် အဓိက လူမျိုးစု နှစ်စုမှာ ရခိုင်နှင့် ရိုဟင်ဂျာ လူမျိုးများဖြစ်ကြပြီး၊ ရခိုင်များနှင့် ရိုဟင် ဂျာ များသည် မြန်မာနိုင်ငံ၏ အနောက်ပိုင်း နယ်စပ် တစ်လျှောက်တွင် ရောပြွမ်း နေထိုင် ကြသည်။ ရခိုင် လူမျိုးများတွင် သမိုင်း အထောက် အထား အများ အပြား ရှိသကဲ့သို့၊ ရိုဟင်ဂျာ လူမျိုးများတွင်လည်း ခိုင် မာသည့် သမိုင်း အထောက် အထား များစွာ ရှိပါသည်။ 

၃။ ရခိုင် ပြည်နယ်တွင် မိမိတို့၏ ပင်ရင်း နိုင်ငံ အဖြစ်၊ ရခိုင် ပြည်နယ် (အာရ်ကာန်) ၏ မူလ ဘူတ လူမျိုး အဖြစ် နှစ်ပေါင်း ရာချီ၍ နေထိုင် လာသည့် ရိုဟင်ဂျာ မွတ်စလင် များကို အင်္ဂလိပ် အစိုးရ လက်ထက် တွင် ခေါ်ယူ ခဲ့သည့် ဈေးပေါသည့် အလုပ် သမား များဟု လုပ်ကြံ စွပ်စွဲ ပြောဆို နေသည်မှာ နှစ်ပေါင်း ၅၀ ခန့် ရှိနေပြီ ဖြစ်သည်။ ထိုကဲ့သို့ ၀ါဒ ဖြန့်ချီရာတွင် ရခိုင် ပြည်နယ် ထဲသို့ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ များ သာ ခိုးဝင် ကြပြီး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သော ရခိုင် ဘင်္ဂါလီ ခိုးဝင်ခြင်း အလျဉ်း မရှိဟူသော အချက်ကို အံ့သြ ဘွယ်ရာ ကောင်းစွာ တွေ့ရှိ ရသည်။ 

၎။ အချုပ်အခြာ အာဏာ လွတ်လပ်သည့် မြန်မာ နိုင်ငံ၏ အာဏာစက် အောက်တွင် ကြောသား ရင်သား ခွဲခြားရန် အကြောင်း မရှိပါ။ သမိုင်းကြောင်း အရ လူဝင်၊ လူထွက် စနစ် နယ်စပ်တွင် ရှိမည် ဖြစ်သော်လည်း လက်တို့ စနစ်ဖြင့် ခိုးဝင်နေထိုင်ကြသူများ (တရားဝင် ခိုးဝင်နေထိုင် သူများ) ကြောက်ခမန်းလိလိ ၀င်ရောက် နေ ထိုင် လာကြသည်ကို နေ့စဉ်နှင့် အမျှ တွေ့မြင် နေကြ ရပါသည်။ ယနေ့ ရခိုင် ပြည်နယ်တွင် တရားဝင် ခိုးဝင် နေထိုင်သူ များကို (ရခိုင် ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင် များကို ရည်ညွန်း ပါသည်) ဘင်္ဂ လား ဒေ့ရှ် ဒက္ကားနှင့် မြန်မာနိုင်ငံ ရန်ကုန်သို့ ဥဒဟို သွားလာခွင့် ပြုထားပြီး၊ နှစ်နိုင်ငံ နိုင်ငံကူး လက် မှတ်၊ နိုင်ငံသားများ (Dual Citizen) ကိုင်ဆောင်ခွင့် ပေးထားသည်။ ဗုဒ္ဓဘာသာဝင် ဆိုလျှင် စစ်ဆေး မေးမြန်းခြင်း မရှိဘဲ တံခါး မရှိ ဓါးမရှိ ၀င်ရောက် နေထိုင် သွားလာ လှုပ်ရှား နိုင်သည်ကို တွေ့ရှိ ရသည်။ ခိုးဝင် လာသူ မှန်သမျှကို ဖမ်းဆီးမည် ဆိုလျှင် မည်သည့် လူမျိုး၊ မည်သည့် ဘာသာဝင် မဆို ဖမ်းဆီး အရေးယူ ရမည် ဖြစ်သည်။ သို့သော်လည်း မူလဘူတ လူမျိုး၊ ဘိုးစဉ် ဘောင်ဆက် နေထိုင်သူ များကို ခိုးဝင်လာသူများဟု စွပ်စွဲ၍၊ အမှန်တကယ် ခိုးဝင် လာသည့် ဘင်္ဂါလီ ဗုဒ္ဓဘာ သာဝင်များကို ပထမ တန်း စား နိုင် ငံ သား များ သဖွယ် စောင့် ရှောက်နေ သည် ကိုတွေ့ ရှိ နေရသည်။ 

၅။ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသည် ရခိုင် ပြည်နယ်နှင့် ထိစပ် လျက်ရှိသည့် အတွက်ကြောင့် မြန်မာ နိုင်ငံသား ရိုဟင်ဂျာ တိုင်းရင်းသား များသည် ဘင်္ဂါလီဟု အတင်း အဓမ္မ သမုတ် နေခြင်းမှာ မှန်ကန်သည့် မူဝါဒ မဟုတ်သည်ကို ပွင့်ပွင့် လင်းလင်း ထောက်ပြ လိုပါသည်။ ရခိုင် ပြည်နယ်တွင် ၁၉၆၅ ခုနှစ်မှ စ၍ အစ္စလာမ် ဘာသာ ကိုးကွယ်သည့် ရိုဟင်ဂျာ လူမျိုး များအား နည်းဥပဒေများ၊ ညွန်ကြားချက်များ၊ စီမံချက် အမျိုးမျိုးဖြင့် ကန့်သတ် ချုပ်ချယ် လာခဲ့ရာ၊ ၂၀၁၂ ခုနှစ်တွင် အပြီးသတ် အောင်မြင် ခဲ့သည်ဟု သုံး သပ် နိုင်ပါသည်။ နှစ်ပေါင်း များစွာ ကတည်းက စိတ်ကူး၍ အကောင် အထည် ဖော်ရန် ကြိုးစား လာခဲ့ သည့် စီမံကိန်း များသည် သီတာထွေး ဇတ်လမ်းကို အကြောင်းပြုပြီး မွတ်စလင် ဆိုလျှင်သတ် ဆို၍ နေရာ အနှံ့အပြားတွင် မြေလှန် သုတ်သင် လာကြ တော့သည်။ နိုင်ငံတော်၏ တရား ဥပဒေ စိုးမိုးမှုသည် လူသား တစ်ရပ်လုံး မျိုးပြုန်း စေကာမူ "ဘယ်သူ သေသေ ငတေမာရင် ပြီးရော" ဆိုသည့် စကားအတိုင်း ကမ္ဘာစစ် ဖြစ်သကဲ့သို့ လူသား တစ်ရပ်လုံး ဒုက္ခသည် ဘ၀သို့ တွန်းပို့ ပေးခဲ့သည်မှာ အထင် အရှား ဖြစ် ပါသည်။ 

၆။ ရခိုင် ပြည်နယ်၏ လက်ရှိ လူဦးရေ စာရင်း အရ (၂၀၁၂ - ၂၀၁၃) ဗုဒ္ဓဘာသာဝင် ဦးရေ (၂,၃၀၃,၃၄၈)၊ အစ္စလာမ် ဘာသာဝင် ဦးရေ (၉၄၄,၈၃၇) နှင့် ဟိန္ဒူ ဘာသာဝင် ဦးရေ (၅,၂၄၅) ရှိပြီး၊ ရာခိုင်နှုန်း အားဖြင့် ဗုဒ္ဓဘာသာ ၇၀%၊ အစ္စလာမ် ဘာသာ ၂၈% နှင့် ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာ ၁၂% ခန့်ရှိပါသည်။ ရခိုင် ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ကဏ္ဍ များတွင် တင်းကျပ်သော မူဝါဒ များကို ၁၉၆၅ ခုနှစ် နောက်ပိုင်းမှ စ၍ စဉ်ဆက် မပြတ် အားသွန် ခွန်စိုက် အကောင် အထည် ဖော်လာ ခဲ့သည်။ ခွဲခြား ဆက်ဆံခြင်း၏ နောက်ဆက်တွဲ များအဖြစ် နဂါးမင်း စစ်ဆင်ရေး၊ ဟင်္သာ စီမံချက်များ၊ ၂၀၁၂ ခုနှစ် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း များသည် ကမ္ဘာ အနှံ့ အပြားတွင် ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ ရသည်။ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ များတွင်လည်း အ ဖိနှိပ်ခံ လူတန်းစား ဖြစ်သော အစ္စလာမ် ဘာသာဝင် များအား ထောင်ချောက် ကဲ့သို့ ပိတ်လှောင် ထား ခဲ့သည်မှာ ဆယ်စုနှစ် လေးစု ဖြစ်နေပြီ ဖြစ်သည်။ လူမျိုးစု တစ်စု၏ လွတ်လပ်မှုကို ဟန့်တား ပိတ် ပင်ခြင်း၊ အသွင် အပြင် လက္ခဏာ ယဉ်ကျေးမှု များကို တန်ဖိုး မထားခြင်းများ ရှိနေသမျှ ကာလပတ်လုံး တင်းမာ မှု များ ပြေပျောက် နိုင်မည် မဟုတ်ပေ။ နိုင်ငံတော် အစိုးရ၏ လူနည်းစု အပေါ် ထားရှိသည့် မူဝါဒ များ ပွင့် လင်း မြင်သာမှု မရှိသမျှ ကာလ ပတ်လုံး ပြန်လည် သင့်မြတ်ရေး အစီ အစဉ် များကို လက်တွေ့ အကောင် အထည် ဖော်မှုများ အချည်း အနှီး ဖြစ်မည်သာ ဖြစ်သည်။ 

၇။ ဘင်္ဂါလီ၏ အဓိပ္ပာယ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဟု လူတိုင်း သဘောပေါက် ကြပါသည်။ ရခိုင်ပြည် နယ်တွင်နေထိုင် နေကြသော အစ္စလာမ် ဘာသာဝင် အားလုံးကို ဘင်္ဂါလီဟု ခေါ်ဆို နေခြင်းမှာ ခိုး ၀င် နေ ထိုင်ခြင်းဟု ကင်းပွန် တပ်လိုသောကြောင့် ဖြစ်သည်။ မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိပြီး ချိန်မှ စ တင်၍ ထိရောက်သည့် လူဝင် လူထွက် စနစ် မရှိဟု အကြောင်းပြ ပြောဆို နေခြင်းမှာ အစိုးရ၏ အား နည်း ချက် တစ်ခု အဖြစ် ထွက်ပေါက် အနေနှင့်သာ ပြောဆို နေခြင်း ဖြစ်သည်။ ခိုင်မာသည့် သမိုင်း အထောက် အ ထား များဖြင့် နေထိုင် လာသော လူမျိုးစု ဖြစ်သည့် ရိုဟင်ဂျာ လူမျိုး များကို လူ့ဂုဏ်သိက္ခာ ညိုးနွမ်း ကျ ဆင်းအောင် ပြောဆို သုံးနှုန်း နေခြင်းကို နိုင်ငံတော် အစိုးရမှ ရပ်တန့် ပေးပါရန် လေးစားစွာ တင်ပြ အပ် ပါသည်။

ရခိုင် ပြည်နယ်ရှိ အဖိနှိပ်ခံ ရိုဟင်ဂျာများ




Comment ရေးရန်

Pages 22123456 »
Rohingya Exodus