နောက်ဆုံးသတင်း/ဆောင်းပါးများ

ပညာရေး ရန်ပုံငွေကို ကျောင်းအုပ် ဆရာမကြီးမှ အလွှဲသုံးစား ပြုလုပ်နေ

RB News
30.11.2013

မောင်တော ။ ။ ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ်၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲ ၊တောင်ပြိုလက် ယာ ကျေးရွာ အုပ်စု၌ တည်ရှိသော အခြေခံ ပညာမူလတန်း လွန်ကျောင်း၏ ကျောင်းအုပ် ဆရာမ ကြီး ဒေါ်မြင့်မြင့်ကြည် သည် အစိုးရနှင့် အခြား အဖွဲ့ အစည်းများ၊ ကျောင်းသား / သူများ၏ မိဘများက ပေး ထားသည့် ပ ညာရေး ရန်ပုံငွေ များကို ကိုယ်ကျိုး အတွက် အသုံးပြု နေသဖြင့် ကျောင်းသား/သူများ၏ ပညာရေးတွင် ဆုံးရှုံး နစ် နာလျက် ရှိကြောင်း သတင်း ရရှိ ပါသည်။

ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်ကြည် သည် ၂၀၀၈ ခုနှစ်တွင် ကျောင်းဆောင် သစ် ဆောက် လုပ် နိုင် ရန်အတွက် နိုင်ငံတော် အစိုးရ ချပေးသည့် ဘတ်ဂျက် အဖြစ်ငွေကျပ် သိန်း ၄၀ ကျပ်ရရှိခဲ့ သည်။ ကျောင်းဆောင် သစ် ဆောက်လုပ်ရေး အတွက် လိုအပ်သည့် သဲ၊ အုတ်၊ သွပ်ပြား ၆၀ ချပ်နှင့် အလုပ် သမား များ ကို ဒေ သခံ ရွာသူရွာသားများ ကထောက်ပံ့ပေး ခဲ့သော်လည်း ကျောင်းအုပ်ကြီးက အလှူရရှိသည် များ ကို အစိုးရသို့ လိမ်လည်၍ အသုံးစရိတ် အဖြစ်ဖော်ပြ ခဲ့ပြီး ငွေများကို အလွှဲ သုံး စား ပြုလုပ် ခဲ့သောကြောင့် ကျောင်းဆောင် သစ်မှာ ၁၅% သာပြီးစီး ခဲ့ပြီး ကျောင်းသား/သူ များ မှာ နေ ရာ မလုံလောက်မှု ပြဿနာနှင့် ကြုံတွေ့ နေရ သည်။ 

ယခုနှစ်တွင်လည်း ပေ ၆၀ × ပေ ၃၀ ကျောင်းဆောင်သစ် ဆောက် လုပ်ရန် နိုင်ငံတော်မှ ဘတ်ဂျက် ချပေး ခဲ့သည်။ ၎င်းကျောင်း ဆောင်သစ် ဆောက် လုပ်ရေး အတွက် ကန်ထရိုက် ကို ကြိမ်ချောင်း ကျေးရွာ မှ ဦးဇော်နိုင်၊ စံပယ်ကုန်း ကျေးရွာမှ ဦးအဏ္ဏ၀ါ အစ္စလာမ် တို့ကို ပေးလိုက်ပြီး ဆောက် လုပ် ပေးရာ တွင် နိုင် ငံတော် အ စိုး ရမှ ချပေး သည့် အစီအစဉ်အ တိုင်းကျောင်းဆောင် သစ်ကို မဆောက်ဘဲ၊ကျောင်း အုပ်ကြီး ဒေါ်မြင့်မြင့်ကြည်၊မြို့နယ် ပညာရေးမှူးနှင့် ကန်ထရိုက်တာများ ပူးပေါင်း၍ ၁၅% ခန့် ပြီးစီး ထားသော ကျောင်းဆောင် ကို ဆက်လက် ဆောက်လုပ်ပြီး ကျန်သည့် ငွေကို ၎င်းတို့ ပူးပေါင်း၍ အလွှဲ သုံး စား ပြုလုပ်ရန် စီမံကိန်း ရေး ဆွဲ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ကျောင်းဆောင်သစ်အတွက်ချပေးထားသည့်ငွေဖြင့်ကျောင်းဆောင်သစ်ကိုဆောက်လုပ်ခြင်းမရှိဘဲ နိုဝင်ဘာ လ (၂၉) ရက်နေ့မှ စ၍ ကျောင်းဆောင် ဟောင်းကို စတင်မွမ်းမံ လျက်ရှိကြောင်း သိရှိ ရပါ သည်။ 

မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ များကို ယခုနှစ် စာသင်နှစ် အတွက် UNICEF မှ ကျောင်းသုံး ဗလာ စာအုပ်များ၊ စာရေး ကိရိယာများ၊ ဖတ်စာအုပ် များနှင့် ထောက်ပံ့ကြေး ကျပ် ၁၀၀၀ စီ ပေးအပ် ခဲ့သော်လည်း၊ ကျောင်းအုပ်ကြီးဒေါ်မြင့်မြင့်ကြည်က စာအုပ်နှင့် စာရေး ကိရိယာ အချို့ကို ကျောင်း သား/ သူ များ သို့ ပေးအပ် ခဲ့ပြီး၊ ထောက်ပံ့ကြေး များကို အကြောင်း အမျိုးမျိုး ပြ၍ ပေးအပ် ခဲ့ခြင်း မရှိ ဘဲ ဒေါ် မြင့်မြင့်ကြည်မှအလွှဲသုံးစားပြုလုပ်ခဲ့သည်။ စာအုပ်အချို့ပေးသည့် အချိန်တွင် ကျောင်း သား/သူ မိ ဘ များကို ခေါ်၍ လက်ခံ ရရှိကြောင်း လက်မှတ် ယူရာတွင် ငွေကျပ် ၁၀၀၀ စီပါ ပေးခဲ့ကြောင်း လိမ်ညာ၍ လက်မှတ် ယူခဲ့ကြောင်း ဒေသခံ ကျောင်းသား မိဘ များမှ ပြောပါသည်။ 

ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်ကြည် နှင့်ပတ်သက်၍ ဒေသခံ ကျောင်းသား/သူ မိဘ များက ၂၀၀၈ - ၂၀၀၉ ခုနှစ်တွင် နစကနှင့် ဌာန ဆိုင်ရာ များကို တိုင်တန်း ခဲ့ပြီး၊ ယခုနှစ် တွင်လည်း ထပ်မံ တိုင်တန်း ခဲ့သော် လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့် အပြင် အာဏာပိုင် များက ဒေါ်မြင့်မြင့်ကြည် ကို အထည် ဆိုင် တစ်ဆိုင်နှင့် စခန်း (၇) တွင် နေထိုင်ရန် အဆောင် တစ်ခု ပေးခဲ့ကြောင်း သိရှိ ရပါသည်။ 

ယခုအခါ ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်ကြည်သည် အမှတ် (၃) နယ်မြေစခန်းအမှတ် (၇) အဆောင် တွင် နေထိုင်ပြီး၊ နေ့စဉ် တောင်ပြို လက်ယာ ကျေးရွာ ပတ်ဝန်း ကျင်ရှိ ရွာများသို့ ခင်ပွန်း ဖြစ်သူနှင့် လှည့် လည်၍ အထည်များ ရောင်းချ လျက်ရှိသည်။ ၎င်းသည် အထည် ၀ယ်ရန် မောင်တော မြို့ပေါ်သို့ သွားခြင်း၊ အထည်များ ယူလာပြီး ရွာများလှည့်လည်၍  ရောင်းချခြင်းဖြင့်သာ အလုပ်ရှုပ်နေ ပြီး၊ ကျောင်းသား/သူ များ၏ ပညာရေး ကိစ္စ များကို လျစ်လျူရှု ထားကြောင်း ဒေသခံ များက ဆိုသည်။ 

နိုင်ငံတော်မှ ပညာရေး တိုးတက်ရန် ရည်ရွယ်ချက်ဖြင့် ချပေးသော ဘတ် ဂျက် များကို အလွှဲသုံးစား ပြုနေ သည့် ကျောင်း အုပ်ကြီး ဒေါ်မြင့်မြင့်ကြည်နှင့် အပေါင်း အပါများကို အရေးယူဆောင်ရွက်ပေးရန် လို လားကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus