နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တော ဆင်တက်မော်မှ ရိုဟင်ဂျာ တစ်ဦး အသတ်ခံရ





RB News
2.11.2013

ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဆင်တက်မော် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ရိုဟင် ဂျာ တစ်ဦး အသတ်ခံ ရပြီး၊ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ နံနက်ပိုင်းတွင်ပေါက်တောမြို့နယ်ဆင်တက်မော်ဒုက္ခသည်စခန်းမှရိုဟင်ဂျာ အချို့ သည် တောင်ပေါ် တွင် ထင်းခုတ်ရန် သွားရာ ရခိုင် အစွန်းရောက် အချို့မှ တိုက်ခိုက်ခြင်းကို ခံရပြီး ထင်း ခုတ်သွား သူ များ ထဲမှာ ဒုံးရွာသား ရိုဟင်ဂျာ တစ်ဦးကို ရခိုင် များက ဓါးဖြင့် ခုတ်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း သိရှိ ရပါသည်။ 

ထို့နောက်အသက်ရှင်ပြီးထွက်ပြေးလာနိုင်ခဲ့သည့်ထင်းခုတ်သမားများ ဒုက္ခသည် စခန်းသို့ပြန် လည် ရောက် ရှိ လာပြီး၊ ဒုက္ခသည် စခန်းမှ ဒုက္ခသည် များနှင့် အလောင်းယူ ရန် ပြန်အ သွား တွင် ဆင် တက်မော် ရခိုင် ရွာတွင် လုံခြုံရေး တာဝန် ယူထားသူသည့် လုံခြုံရေး များက ရိုဟင်ဂျာ ဒုက္ခသည် လူ အုပ် ကို ပစ်ခတ် ရာ တွင် ၅ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိကြောင်း သိရှိ ရပါသည်။ 

ထိုကဲ့သို့ ဒုက္ခသည်များ အသတ် ခံရခြင်းနှင့် ပတ်သက်၍ မကျေနပ်မှု များကြောင့် ပေါက်တော မြို့ရှိ ဒုက္ခသည် စခန်း အခြေအနေမှာ တင်းမာလျက် ရှိပြီး၊ စစ်တွေ မြို့တွင်လည်း လုံခြုံရေးများ သာမာန် အချိန် ထက် ထူထပ်စွာ ချထားလျက် ရှိကြောင်း သိရှိ ရသည်။

ရခိုင် အကြမ်းဖက် သမား များ၏ ရက်စက် လူမဆန်စွာ ဓါးဖြင့် ခုတ်သတ် ခံရသူမှာ ဦးနူရ် ဟူဆောင် (ဘ) ဦးဆာလေအဟမတ် (အသက် ၅၅ နှစ်) ဖြစ်ပြီး၊ ၎င်းသည် ကလေး ငါးဦး၏ ဖခင် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

(ဓါတ်ပုံ - စစ်တွေ IDP)

Comment ရေးရန်

Rohingya Exodus