ရိုဟင်ဂျာ များကို လက်ထပ်ခွင့် မပေးရန် ဘူးသီးတောင် အုပ်ချုပ်ရေးမှူး ညွန်ကြား
ဇေယျာသူ
RB News
3.11.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ များကို လက်ထပ် ခွင့် မပေးရန် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ယနေ့ ညွန်ကြား လိုက်ကြောင်း သ တင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် ယနေ့ ကျင်းပသော အစည်း အဝေးတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များအားလုံး တက်ရောက် ခဲ့ကြပြီး၊ အစည်း အဝေး၌ မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးသန်းရွှေ က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ဒေသခံ ရိုဟင်ဂျာ များကို လက်ထပ်ခွင့် မပေးရန် ညွန်ကြား လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက အကယ်၍ လက်ထပ်ခွင့် များကို ထုတ်ပေးမည် ဆိုပါက ရပ် ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များဒုက္ခ ရောက်မည်ဟု ခြိမ်းခြောက် ခဲ့ပြီး၊ ရိုဟင်ဂျာ များကို လူဦးရေဖြင့် ထိန်း ချုပ် ထားရမည် ဖြစ်သည့် အတွက် လက်ထပ်ခွင့်ကို လုံးဝ ပိတ်ထား ရမည် ဖြစ်ကြောင်း၊ သွား လာ နေ ထိုင်မှု များကိုလည်း ကန့်သတ် ထားရမည် ဖြစ်ကြောင်း အစည်း အဝေးတွင် ပြောကြား ခဲ့သည်။
ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် အဆိုးရွားဆုံး နစက အဖွဲ့ကို နိုင်ငံတော် အစိုးရမှ ဖျက်သိမ်း ခဲ့သော်ငြား လည်း၊ ရိုဟင်ဂျာ လူမျိုးများကို ယခင် ကထက် ပိုမို ကန့်သတ် လာသည့် အတွက် တနေ့ တခြား တိုင်းပြည် စွန့်၍ စက်လှေ များဖြင့် နိုင်ငံ ရပ်ခြားသို့ ထွက်ပြေး လျက်ရှိသည်။
ဘူးသီးတောင် မြို့နယ် ဒေသခံ တစ်ဦးက ဒေသခံ ရိုဟင်ဂျာ များကို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဘာသာရေး ကိစ္စ အရပ်ရပ်ကို အမြဲတစေ ပိတ်ပင် နေသူမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦး သန်းရွှေ ဖြစ် သည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ရခိုင် ပြည်နယ် အတွင်း အကြမ်းဖက်မှု များဖြစ် ပွား ခဲ့သော်လည်း ဘူးသီးတောင် မြို့နယ်တွင် တည်ငြိမ် အေးချမ်း နေခဲ့သည်။ သို့သော်လည်း မြို့နယ် အာ ဏာပိုင် များမှ မတရား ဖမ်းဆီး ငွေညှစ်ခြင်း၊ ထောင်ချခြင်းများ မကြာ ခဏ ဆိုသလို ဖြစ်ပွား လျက်ရှိ သည်။ ဘူးသီးတောင် မြို့နယ် အတွင်းရှိ ဗလီ ၀တ်ကျောင်းတော် များနှင့် ဘာ သာရေး ကျောင်း များကို လည်း ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ပိတ်ထား ခဲ့ရာ ယခု အချိန်ထိ ပြန်လည် ဖွင့်လှစ် ပေးခြင်း မရှိသဖြင့် ဘာ သာရေး လွတ်လပ်ခွင့် ဆုံးရှုံးလျက် ရှိသည်။