နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်း ရဲစခန်းမှ နယ်ထိန်းများ ဖမ်းဆီး ငွေညှစ်မှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိ

RB News
28.11.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ကြိမ်ချောင်း ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲ အုပ်၊ တပ်သား ဇော်ဇော်အောင်၊ တပ်သား တင်လှိုင်နှင့် တပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာ များကို ညှင်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ကိုယ်ထိ လက်ရောက် စော်ကားခြင်းနှင့် အခြားသော နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း တို့ကြောင့် ဒေသခံ များ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေး ကိစ္စများ ဆောင်ရွက် ရာတွင် အခက် အခဲများနှင့် ကြုံတွေ့လျက် ရှိကြောင်း သ တင်း ရရှိ ပါသည်။

နိုဝင်ဘာလ (၂၅) ရက်နေ့ ည ၇ နာရီ အချိန်တွင် ကြိမ်ချောင်း တောင်ရွာနေ ဦးဖူတီတာ (ဘ) ဦးမာမတ်နှင့် ဦးရှော်ဖိတ် (ဘ) ဦးဘော်ဒီ အာလမ် တို့ကို နေအိမ် များမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်၊ ရဲတပ် သား ဇော်ဇော်အောင်၊ တပ်သား တင်လှိုင်နှင့် ရဲတပ်ဖွဲ့ ၀င်များက သွားရောက်၍ လက်ထိပ် ခတ်ပြီး ဖမ်းဆီး ခဲ့သည်။ ထို့နောက် ဦးဖူတီယာ ထံမှ ငွေကျပ် ၃ သိန်း၊ ဦးရှော်ဖိတ် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ယူ၍ ပြန်လည် လွှတ်ပေး ခဲ့သည်။ ၎င်းတို့ နှစ်ဦးကို ညအချိန် မတော် တွေ့သည်ဟု စွပ်စွဲ၍ ချက် ချင်း ငွေ မပေးလျှင် ရဲစခန်းသို့ ခေါ်ဆောင်၍ ညမထွက်ရ အမိန့်ကို ကျူးလွန်မှုနှင့် အခြား အမှုများ တပ်၍ ထောင် ချမည်ဟု ခြိမ်းခြောက်ပြီး ငွေညှစ် ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

အလားတူ နိုဝင်ဘာလ (၂၂) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် အောင်စစ်ပြင် ကျေးရွာ အုပ်စု ရီး ဒါ ကျေးရွာနေ ဦးအူလာမျာ က တောင်ပြို လက်ဝဲ မြို့နယ်မှ ဆိုင်ကယ် တက္ကစီဖြင့် မိမိ နေအိမ် သို့ ပြန်နေစဉ် တာရိန်း တံတား အရောက်တွင် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်၊ တပ်သား ဇော်ဇော်အောင်၊ တပ်သား တင်လှိုင်နှင့် ရဲတပ်ဖွဲ့ ၀င်များက ဆိုင်ကယ် များမှ ခရီးသည် များကို ဆင်းခိုင်း၍ မှတ်ပုံတင်၊ ခရီး သွား လက်မှတ်များ စစ်ဆေးပြီး၊ ဦးအူလာမျာကို တဖက်နိုင်ငံမှ လာသည်ဟု စွပ်စွဲ၍ ငွေကျပ် ၂ သိန်း ၂ သောင်း ညှစ်ယူ ခဲ့သည်။ ထို့အပြင် အခြား ခရီးသည် များကို အမျိုးမျိုး စွပ်စွဲ၍ ငွေကျပ် ၅ သောင်းမှ ၃ သိန်း အထိ ညှစ်ယူ ခဲ့ကြောင်း သိရှိ ရပါသည်။ ခရီးသည် အမျိုးသမီး များကိုလည်း မဖွယ် မရာ ပြုလုပ် ခဲ့ သည်။ 

အဆိုပါ နယ်ထိန်း အဖွဲ့၏ ငွေညှစ်မှု များနှင့် ပတ်သက်၍ ဒေသခံ များက ရဲစခန်းမှူးသို့ တိုင်ကြား ခဲ့သော် လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မပြုလုပ်သည့် အပြင် တိုင်ကြားသူ များကို ခြိမ်းခြောက်မှု များပြုလုပ် ခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။ ဒေသခံ များက အဆိုပါ နယ်ထိန်း အဖွဲ့သည် စခန်းမှူး ၏ မတ ရား ငွေရှာဖွေ ပေးရေးနှင့် ညှဉ်းပန်း နှိပ်စက်ရေး အဖွဲ့ ဖြစ်သောကြောင့် အရေး ယူ ဆောင် ရွက် ပေး ခြင်း မပြုလုပ်ဘဲ လွှတ်ပေး ထားခြင်း ဖြစ်သည်ဟု ဆိုသည်။


Comment ရေးရန်

Rohingya Exodus