ရဲများက တရားဝင် လိုင်စင်ရ ဓါးပြသဖွယ် ငွေလုယက်
ဌေးဇော်
RB News
30.11.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ မောင်တော မြို့သို့ ခရီးသွား၍ ပြန်လာသော ခရီးသွား နှစ်ဦးထံမှ ရဲတပ်ဖွဲ့ ၀င်များက လိုင်စင်ရ ဓါးပြများ သဖွယ် ငွေလုယက် ခဲ့ကြောင်း သတင်း ရရှိ ပါ သည်။
နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် စိမ်းညှင်းပြား ကျေးရွာအုပ်စုမှ ဦးမာမတ်နူရ် (ဘ) ဦးဆယာဒ် အာမတ်နှင့် ဒေါ်ဟာဆီနာ ဘေဂမ် (ဘ) ဦးမာမတ် ဟူဆောင် တို့သည် မောင်တော မြို့မှ အ ပြန်တွင် ဘူးသီးတောင် မြို့နယ် (၈) မိုင်ရှိ လှိုဏ်ဂူတွင် ကင်းစောင့် နေသော ဒုရဲအုပ် ကျော်လှနှင့် ရဲ တပ် ဖွဲ့ဝင် (၄) ဦးတို့၏ ဓါးပြများ ကဲ့သို့ ငွေလုယက်ခြင်း ခံခဲ့ရကြောင်း သိရှိရပါသည်။
၎င်းတို့ နှစ်ဦးသည် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် တရားဝင် ခရီးသွားခွင့် လက်မှတ် ပုံစံဖြင့် ဘူးသီးတောင် မြို့မှ မောင်တော မြို့သို့ သွားရောက် ခဲ့ခြင်း ဖြစ်သည်။ အပြန်လမ်းတွင် ဘူးသီးတောင် မြို့ (၈) မိုင် လှိုဏ်ဂူ တွင် ကင်းစောင့် နေသည့် ရဲများက စီးနင်း လာသည့် ကားကို ရပ်ခိုင်း၍ ဦးမာမတ်နူရ်ကို လက်ထိပ် ခတ် ပြီး ခြောက်ပေါက် ထိပ်တုံးခတ် ထားခဲ့သည်။
ဒေါ်ဟာဆီနာကို ကင်းစခန်း အခန်းထဲသို့ သွင်းပြီး၊ လူမဆန်စွာ ပြောဆို ရိုက်နှက်၍ ၀တ်ဆင် လာသော အ၀တ်အစား များ ကို ချွတ်ခိုင်း၍ ငွေ ၁၀ သိန်း မပေးပါက မုဒိန်း ကျင့် မည်၊ ပြန်လည် လွှတ်ပေးမည် မဟုတ် ဟုခြိမ်းခြောက်ခဲ့သည်။ အ၀တ် အစားမဲ့ ဖြစ်နေသော ဒေါ်ဟာဆီနာ ဘေဂမ်သည် မိမိတွင် ပါ လာသော ငွေ ကျပ် ၃ သိန်းကို ဒုရဲအုပ် ကျော်လှနှင့် ရဲတပ်ဖွဲ့ဝင် များကို ပေး၍ လွတ်မြောက် လာ ခဲ့ကြောင်း ဒေသခံ တစ် ဦးက RB News သို့ ပြောပါသည်။
ဒေသခံများက အဆိုပါ ဒုရဲအုပ်ကျော်လှနှင့် ဒုရဲအုပ်မြတ်ထွေးတို့သည် ဘူးသီးတောင်မြို့နယ်တွင် ရဲများ ဖြစ်ပြီး ၊ဒေသခံ ရိုဟင်ဂျာများကို အမြဲတစေ တိရိစ္ဆာန်များ သဖွယ်ဆက်ဆံပြီး ၊ငွေညှစ်ခြင်း များပြု လုပ် လေ့ ရှိကြောင်း ပြောပါသည်။