နောက်ဆုံးသတင်း/ဆောင်းပါးများ

NLD လူမှုကွန်ယက်မှ သမ္မတ ထံသို့ အိတ်ဖွင့်ပေးစာ

သို့

ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
နေပြည်တော်
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်

ရက်စွဲ။ ။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်

အကြောင်း အရာ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကမန် တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် များ အား ဘာသာရေး အစွန်းရောက်သူ အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ် အမှန်များအား တင်ပြခြင်း။

သံတွဲ မြို့ပေါ်တွင်နေထိုင်ကြသော အစ္စလာမ်ဘာသာဝင် များမှာ နိုင်ငံတော်မှ အသိ အမှတ် ပြု ထား သည့် ကမန် တိုင်းရင်းသားများ ဖြစ်ကြ ပါသည်။

ဘာသာ ပေါင်းစုံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်သော အစဉ် အလာ ရှိခဲ့သည့် သံတွဲမြို့ ပေါ်၌ ၂၀၁၃ ဇွန်လ ၂၉ ရက်နေ့တွင် အဆိုပါ တိုင်းရင်းသား အစ္စလာမ် များအား ဘာသာရေးကို ခုတုံး လုပ်ပြီး အ စွန်း ရောက် ထွန်းသန်းကျော် (ရဲအောင်လံ ကျော်ကျော်) တို့ ဦးဆောင်သော ၉၆၉ အမည်ခံ အဖွဲ့နှင့် ဦးမောင်ပု (RNDP ရခိုင် တိုးတက်ရေး ပါတီ) တို့မှ စတင် အကြမ်းဖက် ခဲ့ကြ ပါသည်။

ဖြစ်စဉ်မှာ သံတွဲမြို့ အမှတ် (၁) ကျောင်းရှေ့ နေထိုင်သူ သစ်စက် တင်ထွန်းသည် ထွန်းသန်းကျော် (ရဲအောင်လံ ကျော်ကျော်) ၏ စေခိုင်းမှု အရ တောင်ကုတ် မြို့နယ်မှ မကောင်းမှု အလုပ် တနည်း မိန်းမရွင် လုပ်ငန်းဖြင့် အသက်မွေးသူ မစုစုမွန် ဆိုသူ အမျိုးသမီး ငယ်လေးအား ၂၀၁၃ မေလ ၃၀ ရက်နေ့တွင် သံ တွဲ မြို့သို့  ခေါ်ဆောင်လာ ခဲ့ပါသည်။ သစ်စက် ဦးတင်ထွန်းသည် ၎င်း မစုစုမွန်အား သူ၏ အိမ် ၌ နေ ထိုင်စေ ခဲ့ပါသည်။သစ်စက်ဦးတင်ထွန်းသည် ဦးထွန်းသန်းကျော် (ရဲအောင်လံကျော်ကျော်) ဦးဆောင်သော ၉၆၉ အမည်ခံ အဖွဲ့နှင့် ဦးမောင်ပု ဦးဆောင်သော (RNDP) တို့ဖြင့် ပူးပေါင်းကာ သံ တွဲ မြို့ ပေါ်၌ အကြမ်းဖက်ရန် အစီ အစဉ်များ စတင် ဆွေးနွေး ကြပါ တော့သည်။

ဆိုက်ကယ် တက်စီ မောင်းနှင်သော သံတွဲ မြို့နေ ဦးပြုံးမောင်မောင်၏ သားမောင်နိုင်သူ၏ ယာဉ်အား မစုစုမွန်မှ ငှားရမ်းပြီး မစုစုမွန်သည် မိန်းမရွင် အလုပ် လုပ်ကိုင် စားသောက်သူ အမျိုးသမီး တစ်ဦး ဖြစ် သည့် အားလျှော်စွာ အရှက် တရား ကင်းမဲ့စွာဖြင့် သူမ၏ ရင်သားကို နိုင်သူမှ ကိုင်ပါသည်ဟု အနီး ပတ် ဝန်းကျင်၌ အော်ဟစ် အကူ အညီ တောင်းပြီး ထွန်းသန်းကျော်နှင့် ဦးမောင်ပု တို့နှစ်ဖွဲ့မှ တိုင်ပင် ထားသည့် ဇတ်လမ်း အတိုင်း သရုပ်ဆောင် ပါတော့သည်။ မစုစုမွန်မှ အကူ အညီ မတောင်းမီ အချိန် ကတည်း က ရောက်နှင်းပြီး ဖြစ်နေသည့် ၉၆၉ အမည်ခံ အဖွဲ့နှင့် RNDP အဖွဲ့သား များမှ မောင်နိုင်သူအား ရိုက်နှက် ထိုးကြိတ် ကြပါ လေတော့သည်။ ယင်းအား သံတွဲ ရဲစခန်းမှ ရဲများ ရောက်ရှိ လာပြီး မောင်နိုင်သူအား ဖမ်း ဆီး ခေါ်ဆောင် သွားခဲ့ ကြပါသည်။ အကြမ်းဖက်ရန် စီစဉ် ထားသည့် အစွန်းရောက် များသည် စီစဉ် ထား သည့် အတိုင်း ရဲစခန်း ရှေ့တွင် လူအင်အား ပြကာ အဆိုပါ မောင်နိုင်သူ အားထုတ်ပေး ပါရန် တောင်းဆို ခဲ့ကြ ပါသည်။ နိုင်ငံတော်၌ ဥပဒေ ရှိလျက် လူရမ်းကား အကြမ်းဖက် အုပ်စု များ၏ လက်တွင်း သို့ မောင်နိုင်သူအား ထည့်မပေးခြင်းကို အကြောင်း ပြပြီး သံတွဲမြို့ အံတော် ကွက်သစ်နေ မွတ်ဆလင် အိမ် များကို မီးရှို့ ဖျက်ဆီးခြင်းများ စတင် ပြုလုပ် လေတော့သည်။ ၎င်းအကြမ်းဖက် ခံရသော ဒွါရာဝတီ ကွက်သစ်နေ မွတ်ဆလင် များနှင့် မောင်နိုင်သူ တို့သည် တစ်စုံ တရာ ဆွေမျိုး တော်စပ်ခြင်းများ မရှိသည့် အပြင် အဆိုပါ ပဋိပက္ခ၌လည်း ပါဝင် ပတ်သက်ခြင်း မရှိခဲ့ပါ။ နိုင်ငံတော် သမ္မတ အမိန့်ဖြင့် သံတွဲမြို့ပေါ်၌ ၁၄၄ အမိန့် ထုတ်ပြန် ထားသော်လည်း အကြမ်းဖက် အုပ်စု ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးထွန်း သန်းကျော်၊ မောင်ပု (RNDP)၊ မြင့်မိုး (ရခိုင် လူမှု ကွန်ရက်) နှင့် အပေါင်း အပါ များသည် နိုင်ငံတော် အမိန့် ၁၄၄ အားဗြောင်ကျကျ ဖီဆန် လျှစ်လျှူ ရှုကာ အကြမ်းဖက်ရန် လူအင်အားစု များအား ညအချိန် မတော် တွင် လိုက်လံ စည်းရုံး နေခဲ့ ကြပါသည်။

သံတွဲမြို့တွင် ကမန် တိုင်းရင်းသား များအား အကြမ်းဖက် ခဲ့သည့် ၎င်း ၉၆၉ အမည်ခံ အဖွဲ့နှင့် RNDP ရခိုင် တိုးတက်ရေး ပါတီဝင် များမှာ စာရိတ္တပိုင်း ဆိုင်ရာများ ယခင် ကတည်းက ချွတ်ယွင်း နေခဲ့ကြသူ များ သာ ဖြစ် ပါကြောင်း သံတွဲမြို့ပေါ်ရှိ သံဃာတော်များ၊ မြို့မိမြို့ဖများ၊ သံတွဲမြို့ပေါ်မှ ငြိမ်းချမ်းရေး လိုလားသူ ဗုဒ္ဓဘာသာဝင်များ အားလုံး သိရှိပြီး ဖြစ်ပါသည်။

နိုင်ငံတော်မှ ချမှတ် ထားသည့် ၁၄၄ အမိန့် ရှိနေလျက် သံတွဲမြို့နေ ကမန် တိုင်းရင်းသား အစ္စလာမ် ဘာ သာဝင် များသည် ဥပဒေအား လေးစားနာ ခံသမှုဖြင့် အိမ်ထဲမှ အိမ်ပြင် မထွက်ဝံ့ ခဲ့ကြပေ။

သို့သော် အကြမ်းဖက် အုပ်စု များသည် နိုင်ငံတော် အစိုးရမှ ချမှတ် ထားသည့် ၁၄၄ အမိန့် အား ဗြောင် ကျကျ လျစ်လျှူ ရှုကာ ညအချိန် မတော်တွင် လူစုပြီး ဥပဒေမဲ့ မင်းမဲ့ စရိုက် ဆန်စွာ တိုင်းရင်း သား ဘာ သာခြား အစ္စလာမ် များ၏ နေအိမ် အဆောက် အဦ များနှင့် ဈေးဆိုင်များ မီးရှို့ ဖျက်ဆီး ခဲ့ကြ ပါ သည်။ သံတွဲ ရဲတပ်ဖွဲ့မှ ၎င်းအား အချိန်မီ တစ်စုံတရာ ဟန့်တားခြင်းများအလျင်း မရှိခဲ့ပါ။၎င်းတို့ ပင် လျှင် နိုင် ငံတော်နှင့် နိုင်ငံတော် သမ္မတမှ ချမှတ်ထားသည့် အမိန့်အား အလိုတူအလိုပါသဘော ဖြင့်နှုတ် ဆိတ် နေခဲ့ ကြပါသည်။ အကြောင်းမှာ ညအချိန် မတော် ၁၄၄ အမိန့်အား ဖီဆန်ပြီး လူစုနေခြင်း များအား ရဲတပ်ဖွဲ့မှ အချိန်မီ အရေးယူ ခဲ့လျင် ဤကဲ့သို့ အနိဌာရုံ မြင်ကွင်းများ သံတွဲမြို့ပေါ်၌ ဖြစ်ပေါ် လာနိုင်စရာ အကြောင်း မရှိပေ။ ဥပဒေ ဘက်တော် သားများ ဖြစ်ကြသည့် သံတွဲရဲ ရခိုင် အများစုမှ သူခိုး ဓါးရိုးကမ်း အပြု အမူ များကြောင့်သာ အကြမ်းဖက် အဖွဲ့ များမှ အကြမ်းဖက်ခွင့် ရရှိ ခဲ့သည်မှာ ထင်ရှား လှပေသည်။

၂၀၁၃ စက်တင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြီး သံတွဲမြို့၌ ဒုတိယ အကြိမ် ထပ်မံ အကြမ်းဖက် ခဲ့ကြ ပါသည်။ ဖြစ်စဉ်မှာ သံတွဲမြို့ အမှတ် ၃ ရပ်ကွက်နေ ဦးကျော်ဇံလှ (ကုန်သည်) ၏ နေ အိမ် ရှေ့ ၌ နိုင် ငံတော် မှ အသိ အမှတ် ပြုထားခြင်း မရှိသည့် ၉၆၉ အလံ စိုက်ထူ ထားသော ဆိုက္ကား တစ်စီးသည် အိမ်ရှေ့တွင် လမ်းပိတ် ရပ်ကာ ဂိတ်ထိုး ထားပါသည်။ ၎င်းအား အိမ်ရှင် ဖြစ်သူ ဦးကျော်ဇံလှမှ မိမိတို့ ကုန် တင် ကုန်ချရန် ရှိနေ၍ ဆိုက္ကား သမားအား အကျိုးသင့် အကြောင်းသင့် ပြောဆိုကာ ဖယ်ရှား ခိုင်းခဲ့ ပါ သည်။ ယင်းအား အဆိုပါ ဆိုက္ကား သမားမှ ၉၆၉ အလံလွင့်ထူ ထားခြင်းအား မလေး မစား ပြုသည်ဟု လီ ဆယ်ကာ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖန်တီး နိုင်ရန် ဦးကျော်ဇံလှအား ထိုးကြိတ် ခဲ့ကြ ပါသည်။ ယင်းအချိန် အကြမ်းဖက် အုပ်စုများ အနီးတွင် ရောက်နှင့်ပြီး ဖြစ်ပါသည်။

၎င်းနောက် ယင်းအမှု အခင်း များနှင့် တစ်စုံတရာ ဆက်စပ် ပတ်သက်မှု မရှိသည့် အပြင် တစ်စုံ တရာ ဆွေ မျိုးတော် စပ်ခြင်း လည်း မရှိသည့် သံတွဲမြို့ပေါ်၌ ဂုဏ်သရေရှိ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ တရား လွှတ်တော် ရှေ့နေ ဦးခင်မောင် ပိုင်ဆိုင်သည့် ရှေးဟောင်း အိမ်မည်း ကြီးအား ဥပဒေမဲ့ မင်းမဲ့ စရိုက် ဆန် စွာ အ ကြမ်း ဖက် သမား များမှ စိတ်ကြိုက် မီးတင်ရှို့ ခဲ့ကြ ပါသည်။ အဆိုပါ တရား လွှတ်တော် ရှေ့နေ ဦး ခင်မောင် ပိုင်ဆိုင် သည့်အိမ်နှင့် သံတွဲမြို့ လုံခြုံရေး ကင်းစခန်း ချထားရာ မြို့နယ် ခန်းမ နေရာသည် ကိုက် ၁၀၀ /၁၅၀ ခန့်သာ ကွာဝေး ပါသည်။ ၎င်းအား မြို့လုံခြုံရေး တာဝန်ယူ ထားသူ များမှ အချိန်မီ လာရောက် ဟန့်တား  နိုင်သော် လည်း ၎င်းတို့မှ မသိ ကျိုးကျွန် ပြုခဲ့ ကြပါသည်။

အဆိုပါ တရား လွှတ်တော် ရှေ့နေ ဦးခင်မောင်သည် ပရဟိတ လုပ်ငန်း များကိုသာ လုပ်ကိုင်ပြီးသံ တွဲ မြို့ပေါ် ဘာသာေ ပါင်းစုံမှ အဖွဲ့ အစည်းများ၊ သံဃာတော်များ၊ သံတွဲနေ ဗုဒ္ဓဘာသာဝင် များနှင့် လိုက်လျော့ ညီထွေ နေထိုင်သော ဂုဏ်သရေရှိ ပုဂ္ဂိုလ် တစ်ဦးသာ ဖြစ်ပါသည်။

ဆက်လက်၍ ၂၀၁၃ အောက်တိုဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် အုပ်စု များမှ သဗြုချိုင်ရွာ အား ထပ်မံ အကြမ်းဖက် လာကြ ပြန်ပါသည်။ သဗြုချိုင် ရွာအား ဦးဆောင် အကြမ်းဖက် သူများမှာ စိုးနောင်ဦး (ရွှေလှေ တံတားဦး အရက်ဆိုင်)၊ ကျော်စိုးလင်း (ကျိန္တလီ)၊ စိုးနောင်ဦး၏ တွဲဖက် ခေါင်းဆောင်ဖြူလုံး၊ စိန်ချစ် (ရခိုင် လူမှု ကွန်ရက်)၊ ညီညီနိုင်၊ တင့်လွင်၊ သိန်းဝင်း၊ ကယားကြီး၊ နိုင်လင်းအောင်နှင့် အပုကြီး ဆိုသူတို့ ဖြစ်ကြ ပါသည်။ သပြုချိုင် တောင်ပေါ်၌ တိုင်းရင်းသား ကမန် လူမျိုး များအား အကြမ်းဖက်ရန် တောင်ကုတ် မြို့မှ ပို့ဆောင် ထားသော လက်နက် ခဲယမ်းများ၊ ယမ်းဘီလူး များအားလည်း ထွန်းသန်းကျော်၊ ဝင်း ကိုလေး ၊ မြင့်မိုး၊ ဌေးအောင်နှင့် စိုးနောင်ဦး တို့မှ နိုင်ငံတော် ဥပဒေ၌ လက်နက် ကိုင်ဆောင် သိုမှီးခွင့် မရှိခြင်း ဥပဒေအား မျက်ကွယ် ပြုကာ လျှို့ဝှက် ထိန်းသိမ်း ထားခဲ့ ကြပါသည်။

ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် တရား မဝင် လက်နက် စုဆောင်း သိုမှီး ထားခြင်း များသည် တည်ဆဲ ဥပဒေ အရ ငြိစွန်း နေသော် ငြားလည်း ၎င်းအား သက်ဆိုင်ရာ အာဏာပိုင် ရဲ တပ်ဖွဲ့ များမှ တစုံတရာ ဖော်ထုတ် အရေး ယူခြင်း များလည်း အလျင်း မရှိခဲ့ပါ။ တောင်ကုတ်မြို့ ပေါ်တွင် အကြမ်းဖက် နည်းသင်တန်း ပေးသော ကျောင်းတော် ကြီး၌ ပင်လျှင် သင်တန်း တက်ပြီး ဥပဒေမဲ့ မင်းမဲ့ စရိုက် ဆန်စွာ ကျူးလွန် အကြမ်းဖက် ခဲ့ကြ ပါသည်။ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းစွာ အတူ ယှဉ် တွဲ နေ ထိုင်သော အစဉ် အလာ ရှိခဲ့သည့် သံတွဲမြို့မှာ အရုပ်ဆိုး အကျည်းတန် ခဲ့ရ ပါသည်။ သံတွဲမြို့နေ ဗုဒ္ဓ ဘာသာဝင် များမှလည်း စိတ်မကောင်း ခြင်းကြီးစွာ ဖြစ်ရ ပါတော့သည်။

သမ္မတကြီး ခင်ဗျား သဗြုချိုင်ရွာမှ အသက် ၉၄ နှစ်အရွယ် အမယ်အိုအား မသေမချင်း ဓါးနှင့် ထိုးခုတ် သတ်ဖြတ်သည် အထိ လူမဆန်စွာ ဗုဒ္ဓဘာသာဝင်များ ပီပီ ပြုမူ ကျင့်ကြံ ခဲ့ကြ ပေသည်။ အကြမ်းဖက် အုပ်စု ခေါင်းဆောင် စိုးနောင်ဦး နှင့်အဖွဲ့ သဗြုချိုင် ရွာထဲသို့ အကြမ်းဖက် သတ်ဖြတ်ရန် ဝင်ရောက် သွားချိန်တွင် ခါးအောက်ပိုင်း လေဖြတ် ခံထား ရသည့် အသက် ၉၄ နှစ်အရွယ် အမယ် အို ဒေါ်အေးကြည် သည် မပြေးလွှား နိုင်ပဲ ရှိနေ ခဲ့ပါသည်။ ဒေသခံ ဗုဒ္ဓဘာသာဝင် မျက်မြင် တစ်ချို့၏ အဆို အရ စိုးနောင် ဦး၊ ဖြူလုံးနှင့် စိုးလင်း (ကျိန္တလီ) တို့သုံးဦးမှ အမယ်အို ဒေါ်အေးကြည်အား ဓါးနှင့် အချက်ပေါင်း မနည်း ထိုးသတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ အချင်းချင်း ဖြစ်နေ၍ ၎င်းတို့ မှ သိရှိ ခဲ့ရ ပါသည်။ ရဲများ၏ အဆို အရအမယ် အိုဒေါ်အေးကြည် အားခြောက်ကြိမ်တိတိ ဓါးဖြင့် ထိုးသတ် ခဲ့ကြောင်း သိရှိရပါ သည် ။ဒေါ်အေးကြည် သည် မိမိအား မသတ်ရန် အသနားခံ တောင်းပန် နေခဲ့သော်လည်း အလျဉ်း ဂရုမ စိုက်ပဲ လူမဆန်စွာ သတ်ဖြတ် ခဲ့ကြ ပါသည်။

သမ္မတကြီး ခင်ဗျား

လေဖြတ် ထား၍ အောက်ပိုင်း သေနေသော အသက် ၉၄ နှစ်အရွယ် အမယ်အို တစ်ဦးအား အဆိုပါ လူရမ်းကား အကြမ်းဖက် သမားများ ဖြစ်ကြသည့် စိုးနောင်ဦးနှင့် အပေါင်း အပါ နှစ်ဦးမှ ယခု ကဲ့သို့ ရက် စက် သတ်ဖြတ် လိုက်ခြင်းသည် ဗုဒ္ဓဘာသာ အများစု တိုင်းပြည်ထဲ ရှိနေသည့် အစွန်းရောက် မွတ်ဆ လင် ဆန့်ကျင်ရေးများ ကမ်းကုန်အောင် ဆိုးသွန်း နေမှုများ ထဲမှ လက္ခဏာ တစ်ခု အဖြစ်သော် လည်းကောင်း ၊ အပြစ်မဲ့စွာ အကြမ်းဖက် ခံနေရသူ သံတွဲမြို့နယ်ရှိ ကမန်တိုင်းရင်းသားများ အပေါ်သနား ညှာတာခြင်း ကင်း မဲ့ နေခြင်း ဟုသော်လည်းကောင်း၊ ထိုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်မှု များအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင် များမှ အချိန်မီ မတားမြစ် သည့်မြင် ကွင်များ ဟူ၍လည်းကောင်း၊ ရဲနှင့် စစ်တပ်မှ ဗုဒ္ဓဘာသာဝင် များသာ ဖြစ်နေ ၍ အလျဉ်း မတားမြစ် ခြင်းသာ ဖြစ်သည်ဟု လည်းကောင်း ရာဇဝင် ရိုင်းသည့် အဖြစ် သို့ ရောက်ခဲ့ ရ ပါ တော့ သည်။

နိုင်ငံတော် သမ္မတ ၏ သံတွဲ ခရီးစဉ် နေ့၌ပင်လျှင် ၎င်း လူရမ်းကား အကြမ်ဖက် သမား များမှ အကြမ်းဖက် ရဲသည့် အဆင့် သို့ပင် ရောက်ရှိ ခဲ့ရပါသည်။ ဤ အ ချင်း အရာသည် နိုင်ငံတော်နှင့် နိုင်ငံတော် သမ္မတ၏ ဂုဏ်သိက္ခာအား ထိပါးလာသည့် အပြုအမူ ဖြစ်သည့် အပြင် ကမ္ဘာ့ အလယ်၌ သမ္မတ ရှိနေ ပါလျက် လူရမ်း ကားများအား အကြမ်းဖက် ခွင့်ပြု နေသည်ဟု ပြောဆိုလှောင်ပြောင်စရာတစ်ခု အဖြစ် သို့ ကြုံခဲ့ ရသည် မှာ သမ္မတကြီး ကိုယ်တွေ့ပင် ကြုံခဲ့ ရချေပြီ။

သံတွဲမြို့ အကြမ်းဖက်မှု ဖြစ်စဉ် အမှန် များအား ကျွန်တော် များမှ သမ္မတကြီး သိစေရန် ရိုးသားစွာ တင်ပြ အစီရင် ခံအပ် ပါသည်။

NLD လူမှု ကွန်ရက် 
သံတွဲမြို့၊ ရခိုင်ပြည်နယ်

မိတ္တူကို ---------

(၁) ပြည်ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်
(၂) ပြည်သူ့ လွှတ်တော်ရုံး၊ နေပြည်တော်
(၃) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နေပြည်တော်
(၄) ဥက္ကဌ၊ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၊ ပြည်သူ့ လွှတ်တော်
(၅) ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန
(၆) ပြည်ထောင်စု ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန
(၇) ပြည်ထောင်စု ဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန
(၈) ဝန်ကြီးချုပ်၊ ရခိုင် ပြည်နယ် အစိုးရ
(၉) ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်
(၁၀) NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး
(၁၁) ၈၈ မျိုးဆက်သစ် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
(၁၂) ခရိုင် အုပ်ချုပ် ရေးမှူး၊ သံတွဲ ခရိုင်၊ ရခိုင်ပြည်နယ်
(၁၃) နိုင်ငံတကာ သံရုံးများ


Comment ရေးရန်

Rohingya Exodus