April 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ငွေမပေးပါက အမှုဆင်၍ ထောင်ချမည်ဟု ရဲများက ခြိမ်းခြောက်၍ ငွေညှစ်

ဌေးဇော်
RB News
30.11.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ကျောက်သာဒိုင် ရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င် များက ဒေသခံ ရိုဟင်ဂျာ လယ်သမား များကို အမှုဆင်၍ ထောင်ချမည်ဟု ခြိမ်းခြောက်ပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ဘူးသီးတောင် မြို့နယ်၊ မြောက်ပိုင်း သပိတ်တောင် ကျေးရွာနေ ဦးရှမ်ရှု (ဘ) ဦးဆုလ်တာန်နှင့် ဦးဘဒီအာ လမ် (ဘ) ဦးအဆီအုလ္လာ တို့သည် ဆင်းရဲသည့် လယ်သမားများ ဖြစ်ပါသည်။ ဂူတာပြင် ကျေးရွာ အုပ် စု၊ ကျောက်သာဒိုင် ရဲစခန်းမှ ရဲစခန်းမှူး ဒုရဲအုပ် စိုးဝင်း၊ တပ်ကြပ် ထွန်းတင် တို့အပါ အ၀င် ရဲတပ်ဖွဲ့ဝင် ၄ ဦးတို့သည် သပိတ်တောင် ကျေးရွာသို့ နိုဝင်ဘာလ (၂၈) ရက်နေ့က လာရောက်ပြီး အထက် ဖော်ပြပါ ဆင်းရဲသည့် လယ်သမား တို့ကို ဖမ်းဆီး၍ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

ဖမ်းဆီး ရိုက်နှက် ခံရသည့် လယ်သမား နှစ်ဦးကို ရဲတပ်ဖွဲ့ဝင် များက ငွေကျပ် ၁၀ သိန်း မပေးပါက မိုဘိုင်း ဖုန်း ထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်၍ ကိုင်ခိုင်းပြီး ဓါတ်ပုံ ရိုက်ကာ အမှုဆင်၍ တရား စွဲ ထောင် ချ မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ရိုးသားသည့် လယ်သမား နှစ်ဦးမှာ ထိုသို့ ခြိမ်းခြောက် ခံရပြီး ကြောက်ရွံ့ ထိတ်လန့်ကာ ၎င်းတို့ စုဆောင်း ထားသည့် ချွေးနဲစာ ငွေကျပ် ၄ သိန်းကို ဒုရဲအုပ် စိုးဝင်းနှင့် အဖွဲ့ကို ပေး ၍ ထောင်ကျမည့် အရေးမှ လွတ်မြောက် လာခဲ့ရကြောင်း သိရှိ ရပါသည်။ 

ဒုရဲအုပ် စိုးဝင်းနှင့် အဖွဲ့သည် ကျောက်သာဒိုင် ရဲစခန်း အပိုင် အတွင်းရှိ ကျေးရွာ များသို့ ၀င်ရောက် ပြီး ဒေ သခံ များကို မကြာခဏ ဆိုသလို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ် လျက်ရှိပြီး၊ ဆင်းရဲသည့် လယ်သမား များမှ ရဲများကို ပေးရန် ပင်ပန်းခံ၍ လယ်စိုက်ပြီး ငွေကြေး ရှာဖွေ နေသကဲ့ သို့ ဖြစ်နေသည်ဟု ဒေသခံ များ မှ ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus