နည်းလမ်းအမျိုးမျိုးဖြင့် ကျောင်းသား များထံမှ ငွေညှစ်နေသည့် ကျောင်းအုပ်ကြီး ဦးကျော်ဝင်း
RB News
4.11.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကြိမ်ချောင်း ကျေးရွာရှိ အထက်တန်းကျောင်း မှ ကျောင်းအုပ်ကြီး ဦးကျော်ဝင်းသည် ကျောင်းသား/သူ များထံမှ နည်းလမ်း အမျိုးမျိုးဖြင့် အမြဲတစေ ငွေ ညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
အထက်ဖော်ပြပါ ကျောင်းအုပ်ကြီး ဦးကျော်ဝင်းသည် ကျောင်းသားငယ် တစ်ဦးကို လူမဆန်စွာ ရိုက်နှက် သည့် သတင်းကို RB Newsတွင်အောက်တိုဘာလ(၇) ရက်နေ့ကဖော်ပြ ခဲ့ပြီးဖြစ်သည်။ အဆိုပါ သ တင်းနှင့်ပတ်သက်၍ ကျောင်းအုပ်ကြီး ဦးကျော်ဝင်းက မမှန်ကန်သည့် သတင်း သာ ဖြစ်ကြောင်း ကျောင်း ရှိ ဆရာ/မ များအပြင် ကျေးရွာမှ ဦးအီဒီရီစ် ဆိုသူတို့ကို စည်းရုံး၍ လက်မှတ် ထိုး ခိုင်းပြီး အထက် အာ ဏာ ပိုင် များသို့ လိမ်ညာ၍ တင်ပြ ခဲ့ကြောင်း သိရှိ ရပါသည်။
လွန်ခဲ့သည့် စက်တင်ဘာလက န၀မတန်းနှင့် တက္ကသိုလ် ၀င်တန်း ကျောင်းသား/သူ များကို ကျောင်းသား ကဒ်များ ထုတ်ပေးမည်ဟု ဆိုကာ ဓါတ်ပုံ ရိုက်စေပြီး ကျောင်းသား ကဒ်အတွက် ငွေကျပ် ၂၀၀၀ စီကောက် ခံခဲ့သည်။ ကျောင်းသားကဒ် အကြောင်းပြ၍ ကျောင်းသား/သူ ၃၀၀ ကျော်ထံမှ ငွေကျပ် ၆ သိန်းကျော် ရယူ ခဲ့သည်။ ထို့အပြင် အောက်တိုဘာလ (၈) ရက်နေ့ ကလည်း တက္ကသိုလ် ၀င်တန်း ဖြေဆို မည့် ကျောင်း သား/သူ ၁၆၀ ဦးထံမှ တက္ကသိုလ် ၀င်တန်းစာမေးပွဲလျှောက်လွှာ တင်သွင်းရန်ဟု ဆိုကာ တစ်ဦးထံ မှ ငွေကျပ် ၇၀၀၀ နှင့် ၁၀၀၀၀ စီတောင်းယူ ခဲ့သည်။ ကျောင်းတွင်း ဖြေဆိုမည့် ကျောင်းသား များထံမှ ငွေကျပ် ၇၀၀၀ ယူခဲ့ပြီး၊ ပြင်ပ ဖြေဆိုသူ များထံမှ ၁၀၀၀၀ စီယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ကြိမ်ချောင်း အထက်တန်း ကျောင်းတွင် ကျောင်းဆရာ/မ ၆၅ ဦး ရှိပြီး၊ လစဉ် လတိုင်း ကျောင်းသား များထံမှ စာမေးပွဲ ကြေးဟူ၍ မူလတန်း ကျောင်းသား များထံမှ ငွေကျပ် ၃၀၀ စီ ကောက်ခံပြီး၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား များထံမှ ၅၀၀ စီ ကောက်ယူ လျက်ရှိသည်။ မူလတန်း အ ဆင့် ကျောင်းသား များအတွက် UNICEF ကလေးများ အတွက် ရန်ပုံငွေမှ စာရေး ကိရိယာ၊ ဗလာ စာ အုပ်နှင့် ဖတ်စာအုပ် အပြင် ငွေကျပ် ၁၀၀၀ စီကို ကျောင်းအုပ်ကြီး များမှ တဆင့် ထောက်ပံ့ ပေးလျက် ရှိသည်။ ကျောင်းအုပ်ကြီး ဦးကျော်ဝင်းက ကျောင်းသား ၂၀၀ ခန့်ကိုသာ ပေးပြီး ကျန်သည့် ကျောင်း သားများ အတွက် ပေးသည် များကို ခေါင်းပုံဖြတ် စားလျက် ရှိသည်။ စာရေး ကိရိယာနှင့် ဗလာ စာအုပ် များကိုလည်း UNICEF မှ ပေးသည့် ခွဲတမ်း အတိုင်း မပေးဘဲ အနည်းငယ်သာ ပေးကြောင်း သိရှိ ရပါသည်။
ထိုကဲ့သို့ UNICEF မှပေးသည် များကို ခေါင်းပုံဖြတ် စားနေသည်မှာ ကြိမ်ချောင်း အထက်တန်း ကျောင်း တစ်ကျောင်း ထဲတွင် မဟုတ်ဘဲ မောင်တော မြို့နယ် မြောက်ပိုင်း၊ တောင်ပိုင်းရှိ ကျောင်းများ အားလုံးတွင် ဖြစ်သည်ဟု ဒေသခံ များမှ ပြောပါသည်။ UNICEF မှ မူလတန်း ကျောင်းသား များအ တွက် ထောက် ပံ့သည့် များမှ ကျောင်းသား များလက်ထဲသို့ အနည်းငယ်သာ ရောက်ပြီး၊ အများစု မှာ ကျောင်းအုပ်ကြီး များမှ ကိုယ်ကျိုး အတွက် အသုံးပြု လျက်ရှိသည်။
ဒေသခံ များက ကျောင်းများတွင် ဆရာ/မ များလည်း ပုံမှန် လာရောက်၍ စာသင်ခြင်း မရှိသည့် အပြင် အမြဲတစေ နည်းလမ်း အမျိုးမျိုးဖြင့် ကျောင်းသား/သူ များထံမှ ငွေညှစ်လျက် ရှိသဖြင့် နိုင်ငံတော် အစိုးရမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား မိဘ အများစုမှာ မပြေလည်သူ များသာ ဖြစ်သော်လည်း ပညာရေး တိုးတက် မြင့်မားရန် အတွက် အထူး ကြိုးစား၍ သားသမီး များကို ပညာ သင်ကြား နိုင်ရန် အားသွန် ခွန်စိုက် ကြိုးပမ်း လျက်ရှိ သော်လည်း၊ အကျင့်ပျက် ၀န်ထမ်း များကြောင့် ပညာရေး မြင့်မားရန် အလားအလာ မတွေ့ကြောင်း ပြောပါသည်။