နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင် များက လူကုန်ကူးမှု လုပ်ငန်းကို ဆက်လက် ပြုလုပ်လျက်ရှိ

RB News
20.11.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်းမှ ရိုဟင်ဂျာ လူမျိုး ၆၅၀ ကျော်ကို အာ ဏာပိုင် များက စိန့်မာတင် ကျွန်းအနီးရှိ ထိုင်းနိုင်ငံမှ သင်္ဘော ပေါ်သို့ ပို့ဆောင်၍ ရောင်းချ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် ၊တောင်ပိုင်းကျောင်းတောင်ကျေးရွာ (ဂေါ်ရာခါလီ) အုပ်ချုပ်ရေးမှူး၊ သပြေတော ကျေး ရွာ (ဘာစ်ဆာရာ) အုပ်ချုပ်ရေးမှူး၊ မြင်းလွတ် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အလယ် သံကျော် အခြေစိုက် သ တင်း တပ်ဖွဲ့မှ ဦးအောင်ကျော်ဇင်၊ အလယ်သံကျော် အခြေစိုက် စရဖ၊ ကျောက်ပန္ဒူး ကျေးရွာ အခြေစိုက် စစ်တပ် မှ တပ်ရင်းမှူး၊ မောင်တော မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုတပ်ကြပ် တင်ထွန်း၊ မြို့နယ် အုပ် ချုပ်ရေးမှူး ဦးကြည်စန်း၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုး၊ ဥက္ကဌဟောင်း ဦးအေနတု လ္လာ၊ ဟာဖီဇ် အဲနာယာတို့ ပူးပေါင်း၍ နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် မြင်းလွတ်နှင့် သပြေတော ကမ်းခြေ တို့မှ ရိုဟင်ဂျာ လူမျိုး ၆၅၀ ကျော်ကို စက်လှေငယ် များဖြင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ စိန့်မာတင် ကျွန်းအနီးရှိ ထိုင်းနိုင်ငံမှ လာသော သင်္ဘောသို့ ပို့ဆောင် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

စက်လှေငယ် များတွင်လိုက်ပါ သွားသူများထံမှတစ်ဦးလျှင်ငွေကျပ်တစ်သိန်းစီယူ၍ကျေးရွာအုပ် ချုပ်ရေးမှူး များနှင့် ဒေသ ဆိုင်ရာ အာဏာပိုင်များ ခွဲယူ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ထို့အပြင် အဆိုပါ လိုက်ပါသူ ၆၅၀ ကျော်ကို ထိုင်းနိုင်ငံ သင်္ဘောသို့ ငွေကျပ် နှစ်သိန်းဖြင့် ထပ်ဆင့် ရောင်း ချကြောင်း သိရှိ ရသည်။ ထိုင်းနိုင်ငံမှ သင်္ဘောများ စိန့်မာတင် ကျွန်းအနီးသို့ အဆက် မပြတ် ရောက်ရှိ လျက်ရှိပြီး ဒေသ ဆိုင်ရာ အာဏာပိုင် များက ဒေသခံ ရိုဟင်ဂျာ များကို စည်းရုံး၍ ငွေကျပ် တစ်သိန်းစီ ယူ ၍ တရားဝင် အေဂျင်စီ များသဖွယ် နေ့စဉ် ပို့ဆောင်၍ ထိုင်းနိုင်ငံမှ သင်္ဘောသို့ ငွေ ကျပ် နှစ် သိန်း စီဖြင့် ရောင်းချ လျက်ရှိသည်။ 

ဒေသ ဆိုင်ရာ အာဏာပိုင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ ၎င်းတို့၏ လုပ်ငန်းကို ပူးပေါင်း ဆောင် ရွက်ရန် ဒေသခံ အချို့ကို ခန့်အပ် ထားရာ - ၎င်းတို့မှာ (၁) မော်လ၀ီ ကရီးမ် (ဘ) ဦးမိုဟာမတ် အာမီးန် (အလယ်သံကျော်၊ ကံပု ကျေးရွာ)၊ (၂) ဦးရှာကဲရ် (ဘ) ဦးအုလ္လာမျာ (အလယ်သံကျော်၊ ကံပု ကျေးရွာ)၊ (၃) ဦးအီဗရာဟင် (အလယ်သံကျော်၊ ကညင်တန်း) နှင့် (၄) ဥက္ကဌ ဟောင်း ဦးရဖိခ် (သရေ ကုန်းတန်း) တို့ ဖြစ်ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus