နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗလီ ဗုံးခွဲမည့် မသင်္ကာသူ ၃ ဦးကို ရဲက ဖမ်းထား

အောက်တိုဘာ ဗုံးပေါက် ကွဲမှု ဖြစ်စဉ် များတွင် အသုံးပြု ခဲ့သည့် ပစ္စည်း များကို ရဲတပ်ဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ ပြသ ထားစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ထက်နိုင်ဇော်
20.11.2013

အစ္စလာမ် “ဘာသာရေး အဆောက် အဦများ” အား ဗုံးဖောက်ခွဲရန် ရည်ရွယ်ချက် ရှိသည်ဟု စွပ်စွဲ ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရန်ကုန်တိုင်း လှိုင်သာယာတွင်တစ်ဦး၊ ပဲခူးတိုင်းသာယာဝတီတွင် တစ်ဦး၊ ရ ခိုင် ပြည်နယ်စစ်တွေတွင် တစ်ဦးစုစုပေါင်း ၃ ဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ဖမ်းဆီး ခဲ့ပြီး အမှု ကို ဆက်လက် စုံစမ်း စစ်ဆေး နေသည်။

ဖမ်းဆီးမှု ဖြစ်စဉ်များနှင့် ဖမ်းဆီး ခံရ သူများ အကြောင်း ယနေ့ထုတ် ပြန်ကြားရေး ဝန်ကြီး ဌာနပိုင် မီဒီယာ များ တွင်ဖော်ပြ ထားပြီး အမည် မဖော်လိုသော ရဲတပ်ဖွဲ့ဝင်ကို ကိုးကား၍ AFP ကရေးသားပေးပို့သော သတင်း တပုဒ်တွင် ဖမ်းဆီးခံရ သူများသည် ဗုဒ္ဓဘာသာ ဝင်များဖြစ်ပြီး ဗလီများကို ပစ်မှတ် ထားကြောင်း ဖော်ပြ ထား သည်။

အဆိုပါ ကိစ္စကို ဧရာဝတီက စုံစမ်းမေးမြန်း ရာနေပြည်တော် မှုခင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး မင်းအောင် က နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က လှိုင်သာယာ မြို့နယ် အတွင်း ပဒံ ကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက် ရှာဖွေရာမြောက်ဦးမြို့နယ်မှအသက် ၃၁ နှစ် အရွယ် ကိုခိုင်နေမင်း ကို ဖောက် ခွဲရေး ပစ္စည်း များ ဖြစ်သည့် ယမ်းနှင့် ဆက်စပ် ပစ္စည်းများ တပ်ဆင် နေစဉ် ဖမ်းမိ ခဲ့ကြောင်း၊ ထိုမှတဆင့် ကိုခိုင်နေမင်း အားမေးမြန်း၍ ကွင်းဆက် တရားခံ သာယာဝတီ မြို့နယ်မှ ၃၄ နှစ်အရွယ် ကိုသိန်းညွှန့် ကို နေ့လည် ၁၂ နာရီတွင် ဖမ်းမိ ခဲ့ကြောင်း၊ ယင်းတို့ နှစ်ဦးကို စစ်ဆေး မေးမြန်းချက် အရ ရခိုင် ပြည်နယ် စစ်တွေမြို့ တရားသီးစု ရပ်ကွက် ကျောင်းလမ်းတွင် အခြား ဆက်စပ်သူ ကိုဘိုဘိုထွန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းမိ ခဲ့ကြောင်း ဧရာဝတီသို့ ပြောကြားသည်။

”ရန်ကုန်မှာ မိတဲ့ နှစ်ယောက်ကို စစ်လိုက်တော့ ကိုဘိုဘို ဆီက ယမ်းတောင့် တွေရလို့ လုပ်တာ ဆိုပြီး ထွက်တယ်။ ဘိုဘိုကို စစ်တွေမှာ ဖမ်းမိတဲ့ အတွက် အခု ရန်ကုန်ကို ခေါ်ထားပြီး စစ်နေတယ်။ အသေးစိတ် ကတော့ ရဲလုပ်ငန်း တွေကို ထိခိုက်မှာ စိုးလို့ မပြောနိုင် သေးဘူး”ဟု ဒုရဲမှူးကြီး မင်းအောင်က ဆိုသည်။

ဖောက်ခွဲရန် ကြံစည်သူ များ၏ ထွက်ဆိုချက် များအရ ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေး သင်တန်း တက်ရောက် ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဘိုဘိုထွန်း ထံမှ အသင့် ဆင်ပြီး လက်လုပ်မိုင်း နှစ်လုံး၊ ယမ်းကပ် တစ်ထုပ်၊ ခဲရောင်ယမ်း သုံးခု တို့ကို ရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူ များသည် “ဘာသာရေး အဆောက် အဦများ” အား တိုက်ခိုက်ရန် ရည် ရွယ် ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ် ပါဝင် သူများ ရှိသကဲ့သို့ မြေပေါ် အဖွဲ့ အစည်း အချို့နှင့် ဆက် စပ်မှု များပါရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန် သော်လည်း အသေးစိတ် မထုတ်ပြန် နိုင်သေးကြောင်း ဒုရဲ မှူးကြီး မင်းအောင်က ပြောဆိုသည်။

ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ် ဗုံးပေါက်ကွဲမှု အပါ အ၀င် နေရာ ဒေသ အချို့တွင် အောက်တိုဘာ လပိုင်း အတွင်းက ဖြစ်ပေါ် ခဲ့သော ဗုံးဖောက်ခွဲ မှုများတွင် တရားခံဟု စွပ်စွဲ ခံထားရ သူများသည် ဘာသာရေး အဆောက် အဦ များအားပစ်မှတ်ထား တိုက်ခိုက်ရန် ၄င်းတို့နှင့် ဖမ်းဆီး ထိန်းသိမ်း ထားရာတွင် သွားရောက် တွေ့ဆုံ ခဲ့သော ကရင် အမျိုးသား အစည်း အရုံး (KNU) မှ မန်းငြိမ်းမောင်က မီဒီယာ များ သို့ ပြောကြား ခဲ့ဖူးသည်။

ယခု ဖမ်းဆီးမှု များသည် ယခင် အမှု ဖြစ်စဉ် များနှင့် ဆက်စပ်မှု ရှိမရှိကို ဧရာဝတီက မေးမြန်းရာ ”ကျနော် တို့က ဒီသတင်းကို အရေးကြီးလို့ တန်း မထုတ်ပြန်ဘဲ သိမ်းထားတာ။ အဲဒီ ကိစ္စကို ပြောခွင့် မရှိ သေးဘူး။ ဆက်စုံစမ်း ဖော်ထုတ်တဲ့ အခါ မလိုလားအပ် တာတွေ ဖြစ်မှာ စိုးလို့ပါ”ဟု ဒု-ရဲမှူးကြီး မင်းအောင်က ဆိုသည်။

Comment ရေးရန်

Rohingya Exodus