ရခိုင် လူမျိုး များထံမှ ALP ၏လက်နက်များ ဖမ်းဆီး ရမိ
RB News
11.12.13
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် ရခိုင် အမျိုးသား တစ်ဦးနှင့် ရဲတပ်ကြပ်ကြီး တစ် ဦး တို့၏ သားဖြစ်သူ ထံမှ လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်း ရမိ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
မောင်တော မြို့နယ်၊ တောင်ပြို မြို့နယ်ခွဲ၊ သဲချောင်း ကျေးရွာ အုပ်စု၊ ကျွန်းတောင် ရွာနေ ရခိုင် အမျိုးသား ဦးသန်းထိုက်၏ နေအိမ်ကို ဒီဇင်ဘာလ (၉) ရက်နေ့ ည ၁၂ နာရီ ခန့်တွင် ဌာန ဆိုင်ရာ ပေါင်းစုံမှ သတင်း အရ ၀င်ရောက် ရှာဖွေ ခဲ့ရာ သေနတ် နှစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်ဆံ ၂၀၀ ကျော်နှင့် လက်ပစ်ဗုံး ၃ လုံး ဖမ်းဆီး ရမိ ခဲ့ကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။ ဦးသန်းထိုက်ကို ဖမ်းဆီး ၍ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ အချုပ်ခန်းတွင် ချုပ်နှောင် ထားပြီး စစ်ဆေး လျက်ရှိသည်။ ဦးသန်းထိုက် သည် ကွမ်းသီးပင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ နှင့် ဆက်နွယ် ပတ်သက် လျက်ရှိပြီး၊ ဖမ်း ဆီး ရမိသည့် လက်နက် ခဲယမ်း များမှ ALP ရခိုင်ပြည် လွတ်မြောက်ရေး အဖွဲ့ပိုင် လက်နက် များ ဖြစ်ကြောင်း သိရှိ ရပါသည်။
ALP ၏လက်နက်ခဲယမ်းများကို မောင်တောမြို့နယ်တွင် ALP နှင့်ဆက်နွယ်နေသူများ၏အိမ်တိုင်း လို လို တွင် သိုလှောင် ထားသော်လည်း ၊ဒေသဆိုင်ရာ အာဏာပိုင် အများစုမှာ ရခိုင် လူ မျိုး ဖြစ်သော်ကြောင့် ဖမ်း ဆီး ထိန်းသိမ်းမှု နည်းပါးသည်ဟု ဒေသခံ များက ဆိုသည်။
အလားတူပင် မောင်တော မြို့နယ် အမှတ် (၁) ရဲကင်း စခန်းမှ ရဲတပ်ကြပ်ကြီး ထွန်းအေး၏ သားဖြစ် သူကို ရွှေဇား တံတား အနီးရှိ လုံခြုံရေး တပ်ဖွဲ့ဝင် များက ဒီဇင်ဘာလ (၈) ရက် ညနေ ၅ နာရီ အချိန်တွင် ပစ္စတို တစ်လက်၊ လက်နက်ငယ် ၃ လက် တို့ဖြင့် ဖမ်းဆီး ရမိခဲ့ပြီး၊ မောင်တော မြို့နယ် အမှတ် (၁) ရဲကင်း စခန်းတွင် ချုပ်နှောင် ထားပြီး စစ်ဆေး လျက်ရှိကြောင်း သိရှိ ရပါသည်။