March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေးနေ့၌ MYARF ၏ ထုတ်ပြန် ကြေညာချက်



ကြေညာချက် အမှတ် ၀၁/၂၀၁၃
ရက်စွဲ ။ ။ ၂၀၁၃ ဒီဇင်ဘာ (၁၀)

အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေးနေ့၌ MYARF ၏ ထုတ်ပြန် ကြေညာချက်

ရိုဟင်ဂျာ လူမျိုး များသည် လွန်ခဲ့သော ဆယ်စုနှစ် ငါးခုကျော် ကတည်းက စပြီး ခေတ်အဆက်ဆက်၊ အာဏာရှင် အစိုးရ၏ အမျိုးမျိုးသော ဖိနှိပ်မှုများ၊ ခွဲခြားမှုများ၊ ကွပ်မျက်မှုများ စသည်တို့ကို စီမံကိန်း ကျကျ ခံနေကြ ရသူများ ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ်မှ စ၍ မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ် အတွင်း နေထိုင် ကြသော ရိုဟင်ဂျာ လူမျိုး များနှင့် မြန်မာ နိုင်ငံ အနှံ့ နေထိုင် ကြသော အစ္စလာမ် ဘာသာဝင် တို့သည် နည်းမျိုး စုံနှင့် ပေါ်ပေါ် တင်တင် သတ်ဖြတ် သုတ်သင် ခံနေကြ ရသည်။ အထူး သဖြင့် ရခိုင် ပြည်နယ် အ တွင်း နေ ထိုင် ကြသော ရိုဟင်ဂျာ လူမျိုးများကို အမြစ်ပြတ် ရှင်းလင်းရန် မြန်မာ အစိုးရ ထိပ်တန်း တာဝန်ရှိသူ အချို့နှင့် ဗုဒ္ဓဘာသာ ၀င် အကြမ်းဖက် သများများ ပူးပေါင်း၍ အစုလိုက် အပြုံလိုက် မျိုးတုန်း သတ်ဖြတ် ခဲ့ သည်ကို ကျွန်ုပ်တို့ MYARF အဖွဲ့မှ လက်လှမ်း မှီသမျှ သတင်း အချက် အလက်များ ကောက်ခံ စုဆောင်း၍ ကမ္ဘာ့ အသိုင်း အ၀ိုင်းကို အချိန်နှင့် တပြေးညီ တင်ပြ သိစေခဲ့ ပါသည်။

ဤကဲ့သို့ လူနည်းစု အပေါ် အစုလိုက် အပြုံလိုက် မျိုးတုန်း သတ်ဖြတ် နေခြင်းကို ကမ္ဘာ့ အသိုင်း အ၀ိုင်း မှ မြန်မာ အစိုးရကို သတိပေးမှုများ၊ လူနည်းစုအခွင့်အရေးများအား ကာကွယ် စောင့်ရှောက် ပေး ရန် တောင်း ဆိုမှု များကို အကြိမ်ကြိမ် ပြုလုပ် ခဲ့သော်လည်း မြန်မာ အစိုးရ တာဝန် ရှိသူ များမှ လျစ် လျူ ရှူ နေသည် ကို တွေ့ရှိ ရသည့် အပြင် ၎င်းတို့သည် လူနည်းစု ရိုဟင်ဂျာ များနှင့် အခြားသော အစ္စ လာမ် ဘာသာဝင် များအား ဆက်လက်၍ အစုလိုက် အပြုံလိုက် သတ်ဖြတ် သုတ်သင်ရန် “၉၆၉” အကြမ်း ဖက် သံဃာ အဖွဲ့ များနှင့် အခြားသော ဗုဒ္ဓ ဘာသာဝင် မြေအောက် အကြမ်းဖက် အဖွဲ့ အစည်းများ စသည် တို့ကို ဖွဲ့စည်း ပြီး ပြုလုပ်စေ လျက်ရှိပါသည်။ 

သို့ဖြစ်ပါ၍ မြန်မာ အစိုးရဘက်က ကာကွယ် ပေးရန် ပျက်ကွက် နေသော လူနည်းစု ရိုဟင်ဂျာ များ၏ အခြေခံ အခွင့် အရေး များနှင့် အခြားသော အစ္စလာမ် သာသနာ ၀င်များ၏ အခြေခံ အခွင့် အရေး များကို ကမ္ဘာ့အသိုင်း အ၀ိုင်းမှအချိန်မီကာကွယ်လုပ်ဆောင်ပေးကြ ပါရန် အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး နေ့ တွင် ကျွနုပ်တို့ MYARF မှ တောင်းဆို လိုက်ပါသည်။

ဦးစားပေး တောင်းဆို ချက်များ

(၁) ရာနှင့် ချီသော အကာ အကွယ်မဲ့ ရိုဟင်ဂျာ မိန်းမသား များအား စစ်တပ်၊ လုံထိန်း၊ နစကနှင့် ဗုဒ္ဓ ဘာ သာဝင် အကြမ်းဖက် သမားများ ပူးပေါင်း၍ အစုလိုက် အပြုံလိုက် အတင်း အဓမ္မ မုဒိန်း ကျင့်ခဲ့ခြင်း များ ကို ထိရောက်စွာ အရေးယူပေး ရန်နှင့်နောက်နောင် ဤကဲ့သို့မဖြစ်ပွားရေးအတွက်ကာကွယ် စောင့်ရှောက် ပေး ရန် မြန်မာ အစိုးရကို ကမ္ဘာ့ အသိုင်း အ၀ိုင်းမှ ဖိအားပေး တောင်း ဆို ပေးကြ ရန်။

(၂) ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက် သမားများ (မြန်မာ အစိုးရ တစ်ချို့ အပါ အ၀င်) ၏ အကြမ်းဖက် တိုက် ခိုက် ခံရမှုဖြင့် ထောင်နှင့် ချီသော ရိုဟင်ဂျာ များနှင့် အခြားသော အစ္စလာမ် ဘာသာဝင် များ အသက် ဆုံး ရှုံး ခဲ့ရပါသည်။ သို့သော်လည်း မြန်မာ အစိုးရမှ အရေးယူရန် ပျက်ကွက် နေသော ၎င်းလူသတ် တရားခံ များကို နိုင်ငံ တကာ ဥပဒေ အရ အရေးယူ ပေးပါရန်။ 

(၃) ဗုဒ္ဓဘာသာဝင် အကြမ်းဖက် သမားများ (မြန်မာအစိုးရ တစ်ချို့အပါအ၀င်) ၏ အကြမ်းဖက် တိုက် ခိုက် ခံရမှုကြောင့် အိုးအိမ် စွန့်ခွာသွားကြရသူ ရိုဟင်ဂျာနှင့် အခြားသော အစ္စလာမ်ဘာသာဝင် ၂ သိန်း နည်း ပါး ခန့်အား မိမိ တို့၏ မူလ နေရာ၌ နေထိုင် နိုင်ရေး အမြန်ဆုံး စီစဉ် ပေးကြ ပါရန်။ 

(၄) လွန်ခဲ့သော ၂၀၁၂ ဇွန်လ ပဋိပက္ခ၌ ပါဝင် ပတ်သက်သည် ဆိုပြီး မဟုတ် မမှန် စွပ်စွဲ ဖမ်းဆီးပြီး မတ ရား ပုဒ်မများတပ်၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသော အပြစ်မဲ့ ရိုဟင်ဂျာနှင့် အခြားသော အစ္စ လာမ်ဘာသာဝင် တစ်ထောင်ကျော်အား အမြန်ဆုံး လွှတ်ပေးရေးအတွက် မြန်မာအစိုးရကို ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ ဖိအားပေး တောင်းဆို ပေးကြရန်။ 

(၅) နှစ်ပေါင်း ထောင်နှင့်ချီပြီး မြန်မာ နိုင်ငံ အတွင်း နေထိုင် လာကြသူများ ဖြစ်ပြီး၊ ရခိုင် ပြည်နယ်၏ မူလ လူမျိုးစုဖြစ်သော လူမျိုးစု တစ်စုအား နိုင်ငံသား၊ တိုင်းရင်းသား ဖြစ်ခွင့်မှ ပယ်ထုတ်ရန် တမင် ဖန်တီး ထားသော ၁၉၈၂ နိုင်ငံသား ဥပဒေအား နိုင်ငံတကာ စံချိန် စံညွန်းနှင့် အညီ ပြင်ဆင်ပြီး ရိုဟင်ဂျာ လူ မျိုး များ မြန်မာ နိုင်ငံ၏ နိုင်ငံသား၊ တိုင်းရင်းသား အဖြစ် ပြန်လည် ဖြစ်ခွင့် ရရေး အတွက် မြန်မာ အစိုးရကို ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ ဖိအားပေး တောင်းဆို ပေးကြရန်။ 

MYARF
Maungdaw Youth Activists for Rohingyas’ Freedom

Comment ရေးရန်

Pages 22123456 »
Rohingya Exodus